Tuesday, October 23, 2012

လွမ်းနေတယ်ဆိုတာ......



Friends18.com Orkut Scraps
Friends18.com Sweet Dreams Scraps
လွမ်းနေတယ်ဆိုတာ မသိဘူးလား=== ငါမေးခဲ့ဘူးတယ်နော်...ဒါပေမယ့်=== မင်းနှုတ်ခမ်းတွေဟာဆွံ့အနေခဲ့=== အလင်းမဲ့နေတာငါ မကြောက်ပေမယ့်=== မင်း ငါ့ အလွမ်းကိုမသိမှာကိုတော့ကြောက်တယ်=== ငါလွမ်းနေတယ်ဆိုတာ မသိဘူးလား=== ငါ့မေးခွန်းနဲ့ငါ ပြန်ပြီး အဖြေမဲ့ရင်း=== အလွမ်းကိုတိုင်းတာပြစရာရှာရင်း=== အလင်းရဲ့မျက်ကွယ်မှာငိုနေမိတော့မှာပဲကွယ်=== လွမ်းနေတယ်ဆိုတာ တကယ်မသိဘူးလား ====

လိပ်ပြာတောင်ပံခပ်သံ



Friends18.com Orkut Scraps
Friends18.com Sweet Dreams Scraps
=====လိပ်ပြာတောင်ပံခတ်သံကြားတိုင်း ငါ့နားထဲမှာကဗျာရဲ့အသံကိုကြားရ===== =====လိပ်ပြာတောင်ပံကြွေတိုင်း ငါ့ရင်မှာ ကာရန်တွေကြွေခဲ့===== =====လိပ်ပြာရဲ့ကောင်းမွေ ဆိုးမွေကို ခံစားဖို့.ကဗျာနဲ့ ငါ ရန်ဖြစ်ခဲ့ရ===== =====လိပ်ပြာရဲ့အမိန့်တော်အတိုင်း ကဗျာကငါဖြစ်လိုက်/ငါက ကဗျာဖြစ်လိုက်===== =====လိပ်ပြာပေးခဲ့တဲ့နူးညံ့ခြင်းမှာ ကဗျာကစီးမျောသွားခဲ့တာလား====== =====လိပ်ပြာနဲ့အတူ ကဗျာဟာတစ်သားထည်းရှိနေမှန်း ငါ မသိခဲ့====== =====လိပ်ပြာကလိမ်ညာခဲ့တာမဟုတ်ဘူး..ငါက ကဗျာတောမှာလည်နေတာ===== ======လိပ်ပြာရေ...====== ======တောင်ပံခပ်သံတစ်ချက်လွင့်တိုင်း======= ======ငါ့ရင်မှာ ကဗျာတွေစီးဆင်းပါရစေကွယ်...။======= ရတုသစ် (24/ 10 /2012 )



မြန်မာကဗျာချစ်သူများအတွက်-ရတု နဲ့ပတ်သတ်တဲ့မှတ်စုလေးပါ

ရတု
အခု ဖော်ပြမှာကတော့ လေးလုံးစပ်ကဗျာလင်္ကာထဲမှာပါတဲ့ ရတု စပ်နည်းပဲ ဖြစ်ပါတယ်။ ရ တုဟာ လင်္ကာရဲ့ အကိုင်းအခက်တခုပဲ ဖြစ်ပါတယ်။ လင်္ကာကနေ မြစ်ဖျားခံလာတယ်လို့ မှတ်ယူနိုင်ပါတယ်။ ရတုကို ခေတ်အဆက်ဆက်မှာ စာဆိုအကျော်အများအပြားက အမျိုးမျိုးအဖုံဖုံ ဖွဲ့နွဲ့ခြဲ့ကပါတယ်။
ရတုစာဆိုရှင်တွေကို ကြည့်မယ်ဆိုရင်တော့ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောဒီပ၊ ဆီးပန်းနီဆရာတော် -တို့လို ရဟန်းပညာရှိတွေ၊ မင်းနဝဒေး၊ မင်းလက်ဝဲသုန္ဒြ၊ မင်းဥက္ကာပျံ၊ မင်းလက်ဝဲသုန္ဒရ - စတဲ့ အမတ်ပညာရှိတွေ၊လှော်ကားသုံးထောင်မှူး၊ ထောင်သင်းမှူး၊ ဇေယျရန္တမိတ်၊ ရှင်သံကိုယ် - စတဲ့ အရာရှိအရာခံတေ၊ွ ရာဇဓာတုကလျာမင်းသမီး၊ဆင်ဖြူရှင်မင်းတရားသ္မီးတော် နဲ့ ကြံညှပ်မင်းသ္မီး စတဲ့ မဟာဆီမဟာသွေး မင်းသမီး သမီးတော်တွေအပြင် အင်းဝဘုရင်
ပထမမင်းခေါင်၊ ဇင်းမယ်ဘုရင်မင်းမြတ်၊ တောင်ငူဘုရင်မင်းမြတ် (နတ်သျှင်နောင်)၊ ဟံသာဝတီရောက် မင်းတရားကြီး တို့လိုဘုရင်မင်းမြတ်စာဆိုတော်တွေပါ ရှိပါတယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ်စာဆိုကတော့ နည်းပါးလှပါတယ်။ရတုစပ်နည်းဟာ အတော်လေး ကျယ်ပြန့်ပါတယ်။ “မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ စီးဆင်းသောရေသည် မဟာသမုဒ္ဒရာ၌သာ ပေါင်းဆုံမြဲဖြစ်ကြသကဲ့သို့ စင်စစ်အားဖြင့် ခပ်သိမ်းသော စာစီစာကုံး ရေးထုံးရေးနည်းဟူသမျှတို့သည်၊ မူလအခြေခံကြီးဖြစ်သော ထိုရတုရေးနည်းကို နားလည်လျှင်မည်သည့်အစပ်အဟပ်မျိုးမှာမှခဲယဉ်းဘွယ်မရှိပြီ ...” လို့ ဆရာကြီး သခင်
ကိုယ်တော်မှိုင်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ မိန့်ဆိုထားပါတယ်။ ဒါကြောင့် ရတုကဗျာရဲ့ သဘောလက္ခဏာကိုအကုန်အစင် သိပြီးပြီဆိုရင် ပျို့၊ မော်ကွန်း၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ အန်ချင်း တို့ကိုလည်း အကုန်လွယ်ကူနားလည်နိုင်ပါလိမ့်မယ်။ ရတု ရေးနည်း ဥပဒေသတွေကိုလည်း အရင် ကဗျာပုံစံတွေလိုပဲ ဝိဘာဂ အစိတ်အပိုင်း ၈-မျိုးနဲ့ပိုင်းခြားပြပါမယ်။ ဒီလို ပိုင်းခြားမပြခင်မှာ ရတုအကြောင်း၊ ရတုကဗျာတွေရဲ့ နောက်ခံသမိုင်းကို အလျဉ်းသင့်လို့ ဒီနေရာမှာ
ဗဟုသုတအနေနဲ့ မကျဉ်းမကျယ် ရေးသားဖော်ပြပါမယ်။
                                    ရတုဟူသည် ...
မြန်မာစာပေမှာပုဂံခေတ်ကတည်းကရတုကဗျာတွေ ပေါ်ပေါက်နေတယ်လို့လည်းထင်မြင်ယူဆဘွယ်ရှိ
ပါတယ်။ ပုဂံခေတ်မှာပေါ်ပေါက်တဲ့ ရတုတွေကို မျက်ဝါးထင်ထင် မတေ့ရွှိကြရပေမဲ့လည်း ရတုသဘော သက်ဝင်တဲ့လင်္ကာတိုကလေးတွေကိုတွေ့ရှိရတာကြောင့်လည်းကောင်း၊ပုဂံခေတ်ပေါ်ကျောက်စာများတွေ
မှာ ကာရန်အစပ်အဟပ်ညီတဲ့ အဖွဲ့ကလေးများကို တွေ့ရှိတာကြောင့် လည်းကောင်း၊ ဒီထင်မြင်ယူဆချက်တွေဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ ဥပမာ ပြရရင် သက္ကရာဇ် ၅၃၆-ခုနှစ်နရပတိစည်သူမင်းကြီးလက်ထက်မှာ မင်းယဉ်နရသိင်္ခ၏အထိန်းတော် အနန္တသူရိယအမတ်ဟာ မင်းပြစ်မင်းဒဏ် ရာဇသံကြောင့်သေရအံ့ဆဲဆဲမှာ ရေးခဲ့တဲ့  ..."သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ပျက်လင့်ကာသာ၊ဓမ္မတာတည်း"အစချီတဲ့လင်္ကာတိုကလေးရယ်၊အဲဒီခေတ်ကာ
လလောက်ကပဲ ဖဲ့ဆွိုတယ်လို့ ယူဆနိုင်တဲ့ ..."သိုးကလေး။ ။ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား၊ စုံတောဖျား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား၊ပန်းစကား"
အစရှိတဲ့ ပုပ္ပါးနတ်တောင်ဘွဲ့ လင်္ကာရယ်၊ ဒါ့အပြင် ကျစွာမင်းလက်ထက် ဖွဲ့ဆိုတယ်လို့ ယူဆအပ်တဲ့ ...
"မြကန်သာ။ ။တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ငှက်မျိုးစုံသည်၊ ဘုံဝတိံက၊ နန္ဒာလော၊ တူစွဟုတ္တာ။"
အစရှိတဲ့ ‘မြကန်ဘွဲ့’ လင်္ကာတိုကလေးရယ်မှာ ပဒလေးလုံး၊ ပဒသုံးလုံးနဲ့ အစချီလို့ လေးလုံးစပ် ကာရန်နဲ့ ဖွဲ့ဆိုထားပြီးအချပိုဒ်မှာလည်း ရှစ်လုံး၊ ခုနစ်လုံး စသည်ဖြင့် ချဆိုဖဲ့နွဲ့တာကြောင့် လင်္ကာလို့ပဲ ခေါ်ပေမဲ့ တကယ်တော့ ရတုသဘောသက်ဝင်တယ်လို့ ဆိုရပါမယ်။ရတုစစ်စစ်အရေးအသားကို ပုဂံခေတ်နှောင်း၊ ပင်းယခေတ်ဦးလောက်မှာစတင်တွေ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ပင်းယခေတ်သက္ကရာဇ် ၇၀၀-ကျော်လောက်မှာ သက္ကတကျမ်းတတ် လောကနီတိဆရာ ပင်းယစတုရင်္ဂဗလအမတ်ကြီးက ရေးတဲ့ ...
ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရံွ့ လျက်ပင်၊ စက်ရွှေစင်ကို၊ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ ...အစချီတဲ့ ရတုကဗျာအဖဲ့မွှန်လို့ ဆိုအပ်တဲ့ ပိုဒ်စုံရတုကို မြန်မာစာပေနယ်ပယ်မှာ အစောဆုံးတေ့ရွ ပါတယ်။ ပုဂံဆရာတော် (သို့)
ဆူးတွင်းပစ်ဆရာတော် ရှင်နာဂိတ ကို မြတ်စွာဘုရား တရားတော် ပရမတ္ထအရာ အဘိဓမ္မာနည်းများအကြောင်းနှင့် စပ်လျဉ်းပြီးမေးမြန်းရေးသားထားတဲ့ အမေးပုစ္ဆာရတု ဖြစ်ပါတယ်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခ့ပဲါတယ်။တွေ့ရှိရသမျှ ရတုတွေထဲမှာ စတုရင်္ဂဗလအမတ် ရေးတဲ့ ဒီရတုဟာ အစဉ်အလာ အမှတ်အသားအရ လေးလုံးစပ်ကာရန်စနစ်ကို
အသုံးပြုတဲ့ ပထမဆုံးသော ကဗျာလင်္ကာ ဖြစ်ကြောင်း အသိအမှတ် ပြုထားကြပါတယ်။ ရတုပီပီသသ အဟောင်းဆုံးရတုကြီးတစ်ပိုဒ်ပဲ ဖြစ်ပါတယ်။ လောက်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ တခြားရတုအများစုလို မယ်ဘဲ့၊ွ မောင်ဘွဲ့ မဟုတ်ဘဲမြတ်စွာဘုရားရဲ့တရားတော်အကြောင်းနဲ့ စပ်လျဉ်းရေးသားထားတဲ့ ဓမ္မသဘောသက်ဝင်တဲ့ ရတု ဖြစ်ပါတယ်။အင်းဝခေတ်ကနေ အစပြုပြီး ရတုနယ်ပယ်ဟာ ကျယ်ဝန်းလာပါတယ်။ အရေးအသားတွေလည်း တိုးတက်လာပါတယ်။ မယ်ဘဲ့၊ွ
မောင်ဘ့၊ွဲ ကျေးစေရတုတွေ ပေါ်ပေါက်လာ ပါတယ်။ ရတုစာဆို အများအပြား ပေါ်ထွန်းခ့ပဲါတယ်။ အင်းဝဘုရင် ပထမမင်းခေါင်၊စာဆိုတော်ရှင်သူရဲ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရခိုင်သူ မိညို ။အင်းဝသူ မိဖြူ၊ ရှင်ထွေးနာသိန် စတဲ့ စာဆိုတွေဟာအင်းဝခေတ် ရတုစာဆိုကျော်များ ဖြစ်ကြပါတယ်။
အင်းဝခေတ်မှာ အရှိန်ရလာတဲ့ ရတုအရေးအသားဟာ တောင်ငူခေတ်မှာ တံခွန်စိုက်တယ်လို့ ဆိုရပါမယ်။ လူပုဂ္ဂိုလ်အများအပြားဖွဲ့ဆိုလာတာမို့ တောင်ငူခေတ်ကို ရတုခေတ်ကြီး လို့လည်း ခေါ်တွင်ပါတယ်။ သက္ကရာဇ် ၉၀၀-ကျော် လောက်မှာရတုနဝဒေးကြီးလို့ ကျော်စောထင်ရှားတဲ့ စစ်ကိုင်း ထောင်သင်းမှူး (ခေါ်) စလင်းလက်ျာ (ခေါ်) ပြည်နဝဒေးကြီးဟာရတုပုဒ်ရေပေါင်း ၃၀၀-နီးပါးကို စပ်ဆိုဖဲ့နွဲ့ခွ့ ပဲါတယ်။ ရတုအများဆုံး ဖွဲ့နွဲ့ခ့တဲ့ဲ စာဆိုရှင်ပါ။ နဝဒေး နောက် နှစ်ပေါင်း ၃ဝ-ခန့်
အကြာမှာ ရတုဘုရင် နတ်သျှင်နောင် ပေါ်ခြဲ့ပန်ပါတယ်။ တောင်ငူဘုရင်မင်းမြတ် ဖြစ်တဲ့ နတ်သျှင်နောင်ဟာမြန်မာကဗျာသမိုင်းမှာစံတင်ရလောက်တဲ့ရတုပုဒ်ရေ၆၀-ကျော် ရေးသားဖွဲ့နွဲ့ခဲ့ပါတယ်။ စကားကျစ်လျစ် သိပ်သည်းပြီးလှပပြောင်မြောက်တဲ့ အဖွဲ့တွေနဲ့ မွမ်းမံထားတဲ့ ရတုတွေကြောင့် နတ်သျှင်နောင်ကို ‘‘ရတုဆိုခြင်း၌ သိမ်မွေ့ ၏။ ဂမ္ဘီရဉာဏ်နှင့်ပြည့်စုံ၏’’ဟု ဆိုကြပါတယ်။ နတ်သျှင်နောင်ရဲ့ ရတုတွေဟာ စာဆိုတွေရေးဖွဲ့သမျှ ရတုတွေထဲမှာ အကောင်းဆုံးလို့
အသိအမှတ်ပြုထားကြပါတယ်။ ဒါကြောင့် အဟောင်းဆုံး ရတုဆရာ ဟာ စတုရင်္ဂဗလအမတ်၊ အကောင်းဆုံး ရတုဆရာဟာနတ်သျှင်နောင်၊ အများဆုံး ရတု ဆရာဟာ နဝဒေး လို့ ဆိုပါတယ။် တောင်ငူခေတ်ရဲ့ ထင်ရှားတဲ့ တခြားရတုစာဆိုတွေကတော့
လှော်ကားသုံးထောင်မှူး၊ ရခိုင်စာဆို ဥက္ကာပျံ၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ပါတယ်။
ညောင်ရမ်း ခေတ်မှာတော့ တောင်ငူခေတ်လောက် ရတုတံခွန်မစိုက်ပေမဲ့ ရှင်ကဝိက၊ မြင်းခွာစား မင်းရာဇာ စသောရတုစာဆိုတွေ ရှိသေးတ့အဲ တွက် ရတုအရေးအသား မပြတ်လပ်ခ့ပဲါဘူး။ ညောင်ရမ်း ၁၀-ဆက်မြောက် ဟံသာဝတီရောက်မင်းတရားကြီး ဟာ အင်းဝပျက်ပြီး ဟံသာဝတီမှာနေရတုန်း နတ်ရွာစံခါနီးမှာ ‘ပုဂ္ဂိုလ်ခြောက်မည်’ အစချီ သုံးချက်ညီ သံဝေဂပိုဒ်ရတုကို ရေးသားတော်မူခ့ပဲါတယ်။
ညောင်ရမ်းခေတ်အပြီး ကုန်းဘောင်ခေတ်မှာလည်း ရတုတွေ ဆက်လက်ရေးဖွဲ့ခြဲ့ကပြန်ပါတယ်။ “မဲဇာတောင်ခြေ” အစချီတဲ့လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ ပိုဒ်စုံရတုဟာ အခုထိ ထင်ရှားဆဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ရတုစာဆိုတွေ ကတော့ လက်ဝဲသုန္ဒရဦးမြတ်စံ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူ၊ စိန္တကျော်သူ ဦးဩ၊ ဦးတိုး၊ စဥ့်ကူးမင်းမိဖုရား ရှင်မင်း၊ ဘိုးသူတော်ဦးမင်း၊ ဦးယာ၊
ဝက်မစွတ် နဝဒေး၊ ဦးပုည၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ဆီးပန်းနီ ဆရာတော် စတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။
            **အခုဆက်လက်ပြီး ရတု ရေးနည်း ဥပဒေသတွေအကြောင်း ဝိဘာဂအစိတ်အပိုင်း ၈-မျိုးနဲ့ ပိုင်းခြားဖော်ပြပါမယ်။
                                     (ရတု ရေးနည်း ဥပဒေသများ)
                                      (၁) အမည်အားဖြင့်
ရတုဆိုတဲ့ စာလုံး ကို အမည်အားဖြင့် ကြည့်မယ်ဆိုရင် …
(က) သဘင်၊ အခမ်းအနား၊ အခြေအနေ ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ မြန်မာပေါရာဏ (ရှေးစကား) စကားလုံး
(ခ) အခါရာသီ၊ ရာသီဥတု ဆိုတ့အဲ နက်ကိုဖော်ပြတဲ့ သက္ကဋဘာသာစကားလုံးဖြစ်တဲ့ ‘ရိတု’ ဆိုတ့စဲ ကားက ရွေ့လျောလာတဲ့စကားလုံး၊ (ပါဠိဘာသာအနေနဲ့ ‘ဥတု’ လို့ခေါ်ပါတယ်)
(ဂ) ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ လို့ အနက်အဓိပ္ပာယ်ရတဲ့ စကားလုံး (ဥပမာ - မဲဇာတောင်ခြေ-ရတု)စသဖြင့် ၃-မျိုးရှိပါတယ်။
တချို့ကလည်း ‘ရတိံ၊ ဇနေတီတိ၊ ရတု’၊ လူတို့သည် မွေ့လျော်ကြကုန်သောကြောင့် ရတုဟုခေါ်၏ လို့
ဝိဂြိုဟ်ပြုခဲ့ကြပါသေးတယ်။ဒီလို ရတု ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ၃-မျိုးကို ဥပမာ အနေနဲ့ ကောက်နုတ်ဖော်ပြထားတာတွေကို အနည်းအကျဉ်းတင်ပြပါ့မယ် ...
***(က) ‘သဘင်၊ အခမ်းအနား၊ အခြေအနေ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....
• ကျူးချီပဉ္စင်၊ သဘင်ပျော်မှု၊ မင်း‘ရတု’ဖြင့်၊ ရွယ်နုထွားမွတ် ... ။ (ဇယဒိသပျို့)
• ရွှင်ပြုံးပျော်ပါး၊ နဂါးတို့မှု၊ ‘ရတု’သဘင်၊ ပဉ္စင်တူရိယာ ... ။ (စမ္ပေယျပျို့)
• မြစ်ခွင်အလုံး၊ မဆုံးလေမှု၊ ရေ ‘ရတု’ ဝယ်၊ ပြည်သူ့ဦးခေါင်း ... ။ (မဟာဝီရချီ - ကျေးသားခန်း)
• သည်းကြားလွန်ကြင်၊ မိချစ်ရှင်အား၊ သဘင် ‘ရတု’၊ မင်းမှုပိုက်ဖြား ... ။ (သခင်ကြီး ဧးချင်း)
• စမြောင်ရွှေသိုင်း၊ ရီရိုင်းရောရု၊ မင်း ‘ရတု’ ဖြင့်၊ မင်းမှုမင်းလျှောက် ... ။ (ဇနကပျို့)
                          ဒီနေရာမှာ ဗဟုသုတအနေနဲ့ ပြောရရင် ....
• အများနဲ့ စပ်ဆိုင်တဲ့ အဖွဲ့မျိုးဟာ ‘သဘင်’၊
• အများနဲ့မစပ်ဆိုင်ဘဲ တဦး တယောက် အတွက်ပဲ စပ်ဆိုထားတာဆိုရင် ‘အခမ်းအနား’၊
• ပကတိဖြစ်ထွန်းတဲ့ သဘာဝဓမ္မ ဩကာသ လောက တောတောင် ရေ မြေ အခြေအနေတွေကို ပြရင် ‘အခြေအနေ’ ...
ဆိုတဲ့ သဘောသက်ရောက်ကြောင်း ယူဆကြပါတယ်။ ရွှေရတု၊ ငွေရတု၊ စိန်ရတု စတဲ့ အခမ်းအနားကို ခေါ်ဝေါ်ကြပုမျိုံးပါ။
ရှေးဟောင်း မြန်မာဘာသာစကားသုံး သက်သက်မျှသာ ဖြစ်ပါတယ်။
(ခ) ‘အခါရာသီ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတေကွ တော့ ....
• သန်ဆောင်းခါနွေ၊ သုံးထွေဥတု၊ ‘ရတု’ ခြောက်လီ၊ ရာသီသာစွာ့၊ ဆ့နှဲစ်လတငွ် ... ။ (ဣတိသိင်္ဂပျို့)
• မပူမလောင်၊ မခေါင်မိုးလေ၊ သုံးထွေ ‘ရတု’၊ ညီသမှုဖြင့်၊ တောင်သူ့တောသား ... ။ (ဂုတ္တိလပျို့)
• နန်းတောင်းများလျှင်၊ ငါးရာ့ခုနစ်ဆယ်၊ စွန်းကယ်သုံးခု၊ ‘ရတု’သစ်ဆင်း ... ။ (စစ်ကိုင်းမင်း - မျိုးတော်ရတု)
• နယုံတွယ်တာ၊ နံကာပန်းလု၊ ‘ရတု’သစ်ဆင်း၊ တော်သလင်းလျှင် ... ။ (နဝဒေးဆို - ဟံသာဝတီဖွဲ့ရတု)
• ‘ရတု’ခြောက်မည်၊ အတည်တည်၊ မည်သို့ခွဲချမ်းပေလိမ့်နည်း။ (စွယ်စုံကျော်ထင် - ညသတ်)
• ဂိမန္တဟု၊ သာလှပျော်မှု၊ သည် ‘ရတု’ ၌၊ ညွန့်နုဆဲဆဲ ... ။ (ဂါထာ ၆၀-ပျို့)
• သုံးလီဥတု၊ လက်ဝယ်လုသား၊ ‘ရတု’သာစွာ့၊ လမဏ္ဍလင်၊ သဘင်ဂိမှန် ... ။ (ကပ္ပီလဝတ်ကြွခန်း - တောလားရတု)
တစ်နှစ်မှာ နွေမိုးဆောင်း သုံးရာသီရှိသလို ရတုမှာလည်း များသောအားဖြင့် သုံးပိုဒ် ဖွဲ့ဆိုလေ့ရှိပါတယ်။ အကြောင်းအရာအားဖြင့် ရာသီဘွဲ့တွေကို အထူးဖွဲ့ဆိုခြဲ့ကတာလည်း ရှိပါတယ်။
(ဂ) ‘ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....
• အေးကြိုက်ချည်ချည်၊ ဖျည်ဖျည်ညှင်းညှင်း၊ သီချင်း ‘ရတု’၊ ပျော်မှုတသီး ... ။ (သံဝရပျို့)
• တတ်သော်ကောင်းဟု၊ ညှင်းစောင်းကဗျာ၊ လင်္ကာ ‘ရတု’၊ ရေးသားမှုနှင့် ... ။ (ရှင်မဟာရဋ္ဌသာရဆို -
ကိုယ်ရည်သွေးရတု)
• သိပ္ပခေါင်ထွတ်၊ တတ်ပါစေချည်း၊ ဖွဲ့နည်းကဗျာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ ... ။ (နန်းတွင်းသူ မယ်ဖြူဆို -
ကိုယ်ရည်သွေးရတု)
• ဝှန်တက်ပညာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ၊ ကြားကစိတ်ဝမ်း၊ သူ့နားချမ်းလိမ့် ... ။ (နန်းတွင်းသူ မယ်ညိုဆို -
ကိုယ်ရည်သွေးရတု)
• ပြလတ်ပိမ့်ငှါ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား ... ။ (မာန်လည်ဆရာတော်ရေး ရတုချီနည်းချနည်းလင်္ကာ)
စသဖြင့် ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ညောင်ရမ်းခေတ်မတိုင်မီက ရတုကို ‘ရမန္တိ သတ္တာ ဧတ္ထ တေနာတိဝါရတု’ ရယ်လို့ဝိဂြိုဟ်ပြုသူက ပြုကြပါတယ်။ အနက်ကတော့ ... သတ္တာ၊ သတ္တဝါတို့သည်။ ဧတ္ထ တေနာတိ၊ ဤသီချင်းဖြင့်။ ရမန္တိ၊မွေ့လျော်ကြကုန်၏။ ထိုကြောင့် ဝါရတု၊ ရတုဟု ခေါ်၏ ... လို့ အနက်ပြန်ထားပါတယ်။အဓိက ဆိုလိုချင်တာကတော့ ရတု ဆိုတဲ့ စကားလုံးကို အ ဓိပ္ပာယ်အမျိုးမျိုး ကွဲပြားပြီး သုံးစွဲလေ့ရှိတယ်၊သုံးစွဲနိုင်တယ်ဆိုတာပါပဲ။ ရတု လို့တွေ့ရတိုင်း ကဗျာပဲ လို့ မပြောနိုင်ပါဘူး။ တခြားအဓိပ္ပာယ်တွေနဲ့လည်း သုံးနိုင်ပါတယ်။“ရိုးသားလှသော အမျိုးသမီး” လို့ အဓိပ္ပာယ်ရတဲ့ “ရတူ” ဆိုတဲ့ ပါဠိဘာသာကနေ ရတု-ဖြစ်လာတယ် လို့လည်း မှတ်သားဖူးပါတယ်။ ဒွေးချိုး၊ လေးချိုး၊ တေးထပ် စတဲ့ ကဗျာတွေလို အချိုးအဆစ် အက္ခရာလုံးရေအားဖြင့် အဆန်းတကြယ် ဖွဲ့နွဲ့စီကုံးခြင်း
မဟုတ်ဘဲ အချိုး မဖက် ၄-လုံးစပ် ရိုးသားတဲ့ မိန်းမပျိုလေးလို ရိုးရိုးကလေးစီကုံးတဲ့ အဖွဲ့အနွဲ့ဟာ ရတုမည်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ရတုသွားတွေကို ကြည့်လျှင်လည်း ဒီအတိုင်းပဲ တွေ့ရပါတယ်။
မြန်မာမှုမှာ ဥတု ၃-ပါး၊ ဥတု ၆-ပါးကို ရတု ၃-ပါး၊ ရတု ၆-ပါးလို့ ဆိုလေ့ရှိသလို၊ အနံ့ကို ရနံ့ ဆိုပြီး ပြောဆိုသလိုရတုဆိုတာဟာလည်း အတုနှင့် အတူတူပဲဖြစ်တယ်။ ‘အတု’ ဆိုတဲ့ မြန်မာစကားမှာ ‘အ’ နေရာမှာ ‘ရ’ ကိုသွင်းပြီး ရတုဖြစ်လာတယ်လို့လည်း ဆိုသင့်ကြောင်း ပြောကြပါတယ်။ ဒါ့အပြင် ရတုကို မြန်မာဝေါဟာရအနေနဲ့ စဉ်းစားကြသူတွေကတော့ရတု ဆိုတာ ရ နှင့် တုကို ပေါင်းထားတာဖြစ်လို့ မိမိရရ တုပပြိုင်ဆိုင် စပ်ဆိုတဲ့ ကဗျာတစ်မျိုးဖြစ်ကြောင်း ဆိုကြပါတယ်။
ရကန်-ဆိုတဲ့ကဗျာလင်္ကာစီကုံးရာမှာတပါးသူတို့ရဲ့စာသွားစာလာကိုကန်ကျောက်တွန်းလှန်ပြီး ရေးစပ်ရ
တယ်လို့ဆိုပါတယ်။ ရတု ကတော့ ဒီလိုမဟုတ်ဘဲ ရှေးသူဟောင်းတွေရဲ့ စာသွားစာလာကို အတုယူပြီး စီကုံးဖွဲ့နွဲ့ကြရပါတယ်။ရှေးပုဒ်အချီအချကို နောက်ပုဒ်က အတုလိုက်ပြီး ချီရ-ချရပါတယ်။ ဒါကြောင့် အတုအပ အပြိုင်အဆိုင် စပ်ဆိုတဲ့ ကဗျာတမျိုး၊အတုယူကာ အတုပြုကာ ဖွဲ့ဆိုရတဲ့ အဖွဲ့ကို ရတု-လို့ ဆိုလိုပါတယ်။

                                            (၂) အမျိုးအစားအားဖြင့်
ရတုဟာ ပျို့ မော်ကွန်း စတဲ့ ကဗျာတွေနဲ့ မတူဘဲ စည်းကမ်းကြီးတဲ့ ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ရတုအမျိုးအစားတွေကို
ပြောရမယ်ဆိုရင်တော့ အဖွဲ့အနေအထားအရ၊ အပိုဒ်ရေအရ၊ ချီပုံချပုံအရ အမျိုးမျိုးခွဲခြားလို့ရပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့်
အပိုဒ်ရေအရ ခွဲခြားပြီးပြောပါတယ်။
ဒီလိုခွဲခြားတ့အဲ ခါ ...
(၁) ဧကပိုဒ်ရတု (အပိုဒ်ကြီး ၁-ပိုဒ်သာ ပါသောရတု)
(၂) အဖြည့်ခံရတု (အပိုဒ်ကြီး ၂-ပိုဒ် ပါသောရတု)
(၃) ပိုဒ်စုံရတု (အပိုဒ်ကြီး ၃-ပိုဒ် ပါသောရတု) ... ဆိုပြီး အဓိကအားဖြင့် ၃-မျိုး ခွဲခြားထားပါတယ်။ နောက်ပိုင်းမှာ အသေးစိတ်
ဆက်လက် ဖော်ပြပါမယ်။
အဲဒီ ၃-မျိုးထဲက ပိုဒ်စုံရတုမှာ ...
(က) သုံးချက်ညီ ပိုဒ်စုံ
(ခ) သတ်စေ့နှက်-သုံးချက်ညီ ပိုဒ်စုံ
(ဂ) ကိုယ်တွင်းပြည့် ပိုဒ်စုံ
(ဃ) စကြာ ပိုဒ်စုံ
(င) တောင့်တဲတွန့် ပိုဒ်စုံ
ဆိုပြီး အချီ အချပုံစံ၊ စပ်ပုံစပ်နည်း၊ ပဒအနေအထား၊ ကာရန်အနေအထား ကွဲပြားတာကိုလိုက်ပြီး ငါးမျိုး ထပ်ခွဲပါတယ်။ရေးဖွဲ့တ့အဲ ကြောင်းအရာအပေါ် မူတည်ပြီးလည်း ရတုဖွဲ့ဆိုရာမှာ အမျိုးမျိုးကွဲပါသေးတယ်။ မြတ်စွာဘုရားကနေစပြီးပုဂ္ဂိုလ်တဦးဦးကို တိုင်တည်ဖွဲ့ဆိုထားတဲ့ ဘုရားတိုင်ရတု၊ သိကြားတိုင်ရတု၊ သစ္စာတိုင်ရတုတွေတင်မက နတ်တိုင်၊ ရုက္ခစိုးတိုင်၊
ရှင်ဥပဂုတ်တိုင်၊ မိုးတိုင်ရတု စတ့ရဲ တုတွေ၊ စစ်ချီစစ်တိုက်ရင်း ဖွဲ့ဆိုတဲ့ စစ်ချီရတု၊ တိရစ္ဆာန်တမျိုးမျိုးကို စေလွှတ်ပြီးပေးတဲ့ပုံစံမျိုးဖွဲ့ဆိုတဲ့ ကျေးစေရတု၊ သာလိကာစေရတု တွေသာမက ခွေးစေ၊ တစ္ဆေစေ ဆိုတဲ့ ရတုတေအွ ပြင်
ရာသီဥတုနဲ့ ပတ်သက်ပြီး ဖွဲ့ဆိုတဲ့ ရာသီဘွဲ့ရတု၊ မိုးတောရတု၊ မိုးကြိမ်ရတု၊ မိုးငေါ့ရတု၊ ခရီးလမ်းပန်းအကြောင်း ဖွဲ့ဆိုတဲ့တောလားရတု၊ ရေလားရတု စတာတွေအပြင် မြို့ဘွဲ့ရတု၊ ဘုန်းတော်ဘွဲ့ရတု၊ မောင်ဘွဲ့မယ်ဘွဲ့ရတု၊ မေးဖြေရတု၊ အခံရတု၊
အလိုက်ရတု၊ သျှိုးလိုက်ရတု၊ မင်္ဂလာရတု ... အစရှိသဖြင့် အမျိုးပေါင်း များစွာရှိပါတယ်။ ဒါကြောင့် ယေဘူယျအားဖြင့်အတိအကျသတ်မှတလို့လွယ်တဲ့ အပိုဒ်ရေကို အခြေခံပြီးခွဲခြားခြင်းဟာ သင့်တော်ပါတယ်။အချီအချပေါ် မူတည်ပြီး ရတုအမျိုးအစား ခွဲခြားပုံကိုတော့ အမှတ် (၄) အချီအချအားဖြင့် ဆိုတဲ့ ခေါင်းစဉ်အောက်မှာအသေးစိတ် ဖော်ပြပါမယ်။

                                                   (၃) ပိုဒ်ရေအားဖြင့်
တကယ်တော့ ရတုဟာ လကာင်္ ကနေ ပေါက်ပွားလာတဲ့ ကဗျာအဖွဲ့အနွဲဖြစ်ပေမဲ့ လကာင်္ လို မဟုတ်ဘဲ ဖွဲ့ဆိုရာမှာ စည်းစံနစ်ရှိပါတယ။် လင်္ကာမှာ ပိုဒ်ရေတွေ ကြိုက်သလောက်ဖဲ့နွိုင်သလို အဖျားချမှာလည်း စာလုံးရေ အကန့်အသတ် မရှိပါဘူး၊ ရတုမှာတော့ တပိုဒ်တည်းဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ်ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ်ဖဲ့စွ ပ်လျှင် ပိုဒ်စုံ ရယ်လို့ခေါ်ဆိုပါတယ်။ စာဆိုဉာဏ်ဘယ်လောက်ထက်သန်တဲ့ သူပဲဖြစ်စေ၊ ရတုကို သုံးပိုဒ်ထက် ပိုမဖွဲ့ကြပါဘူး။ သုံးပိုဒ်ထက်ပိုတဲ့ ကဗျာတွေကိုလည်း
များသောအားဖြင့် ရတုလို့ အသိအမှတ် မပြုကြပါဘူး။ (သျှိုးလိုက်ရတုတွေကတော့ ချွင်းချက်အနေနဲ့ အပိုဒ်ရေသုံးပိုဒ်မကအများကြီးဖွဲ့ ကြပါတယ်) အပိုဒ်ကြီးတပိုဒ်မှာ အချီပိုဒ် ခေါ် အစပိုဒ်နဲ့ အချပိုဒ်ခေါ် အဆုံးပိုဒ် အပါအဝင် ပဒ (အပိုဒ်ငယ်)အရေအတွက် အားဖြင့် အနည်းဆုံး ၇-ပိုဒ် ကနေ အများဆုံး ၁၀၈-ပိုဒ် အထိ ထားနိုင်ပါတယ်။ ၁၀၈ - ပဒထက် ပိုပြီး မဖွဲ့ရပါဘူး။
အဖျားချတွေမှာလည်း (၃)လုံး၊ (၅)လုံး၊ (၇)လုံး၊ (၉)လုံး၊ (၁၁)လုံး၊ (၁၅)လုံး၊ (၁၉)လုံး စသည်ဖြင့် အနည်းဆုံး ၃-လုံးကနေအများဆုံး ၃၅-လုံးအထိ အဖျားချစာလုံး အရေအတွက် သီးသန့် သတ်မှတ် ထားပါတယ်။ (၃)လုံးနဲ့ (၅)လုံးက အသုံးအလွန်နည်းပါတယ်။ “အမှတ် (၄) အချီအချအားဖြင့်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဆက်လက် ဖော်ပြပါမယ်။
                                                (၄) အချီအချအားဖြင့်
ရတု ချီနည်း ချနည်းတွေက အမျိုးမျိုး ရှိပါတယ်။ ဒီအချီအချနည်းတွေကို အသေးစိတ် ဆက်ပြီးရေးပြပါ့မယ်။ ပထမဆုံးကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုးကတော့ ...
                                             (၁) ထူးဆန်းထွေလာ
                                             (၂) ညွန့်ရှင်
                                             (၃) ပေါက်ပြ
                                             (၄) ငုံဖူး
                                             (၅) ပုလဲသွယ်
                                             (၆) လည်ကုပ်ချီ
                                             (၇) အဖျားကောက်
                                            (၈) ရွှေလောင်းပျံ
                                            (၉) သော်တာရောင်
                                           (၁၀) ကက္ကူဆူးချီဆူးချ
                                           (၁၁) နေရောင်ခြည်ပြေ
                                           (၁၂) ဖျောက်ဆိပ်လလယ်
                                           (၁၃) ညွန့်ဟုံ
                                           (၁၄) ခိုင်ညွန့်ခက်ဖြာ
                                          (၁၅) မဏိဆံကျင်
                                          (၁၆) အာသာဝတီဝစ္ဆံ
                                          (၁၇) မဏိဦးပြည်း
                                          (၁၈) ဇော်တခိုင်လုံး
                                          (၁၉) မပြတ်ကေသာ
                                          (၂၀) ဇမ္ဗူ့သပြေသီးမှည့်
                                          (၂၁) ချိန်ခွင်လျှာ
                                          (၂၂) ဘီလူးရယ်
                                          (၂၃) စာကျိုး
                                          (၂၄) စာဆန်း
                                          (၂၅) စာတုံး ...
ဆိုပြီး ဖြစ်ပါတယ်။ ကဝိလက္ခဏာဒီပနီကျမ်းမှာလည်း ၂၅-မျိုးလို့ပဲ ဖော်ပြပါတယ်။ ဒီ ၂၅-မျိုးမှာ ချတဲ့ အက္ခရာလုံးရေအရသတ်မှတ်တဲ့ ရတုမျိုးက ၇-လုံး ချရတဲ့ ခိုင်ညွန့်ခက်ဖြာ၊ ၉-လုံး ချရတဲ့ မဏိဆံကျင်၊ ၁၁-လုံး ချတဲ့ အာသာဝတီဝစံ၊္ဆ ၁၅-လုံးချတဲ့ မဏိဦးပြည်း၊ ၁၉-လုံး ချတဲ့ ဇော်တခိုင်လုံး၊ ၂၉-လုံး ချရတဲ့ မပြတ်ကေသာ၊ ၃၅-လုံး ချရတဲ့ ဇမ္ဗူ့သပြေသီးမှည့် ဆိုပြီး ရတု၇-မျိုးတွေ့ရပါတယ်။
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာကတော့ ရတု အချီအချ ၄၁-မျိုး ပြထားပါတယ်။ အဲဒါတွေကတော့ ...
                      (၁) ခိုင်ညွတ်ခက်ဖြာ (ခိုင်ညွန့်ခက်ဖြာ လို့ ပိုပြီး အသုံးများပါတယ်)
                      (၃) အာသာဝတီဝတ်ဆံ
                      (၄) မဏိဥပည်း
                      (၅) ဇော်တခိုင်လုံး
                      (၆) မပြတ်ကေသာ
                      (၇) ဇမ္ဗူ့သပြေသီးမှည့်
                      (၈) ထူးဆန်းထွေလာ
                      (၉) ညွန့်ရှင်
                      (၁၀) ပေါက်ပြ
                      (၁၁) ငုံဖူး
                      (၁၂) ပုလဲသွယ်
                      (၁၃) လည်ကုပ်ချီ
                      (၁၄) အဖျားကောက်
                     (၁၅) ရွှေလောင်းပျံ
                     (၁၆) သော်တာရောင်
                     (၁၇) ကက္ကူဆူးချီ၊ ကက္ကူဆူးချ
                     (၁၈) နေရောင်ခြည်ပြေး
                     (၁၉) ဖျောက်ဆိပ်လလယ်
                     (၂၀) ညွန့်ဟုံ
                     (၂၁) ချိန်ခွင်ညှာ
                      (၂၂) ဘီလူးရယ်
                      (၂၃) စာကျိုး
                       (၂၄) စာတုံး
                       (၂၅) စာဆန်း
                         (၂၆) အစပြတ် -
                      (၂၇) စမ္ပါယ်ချီစမ္ပါယ်ချ
                        (၂၈) မြင်းဆက်ခွ
                       (၂၉) မြင်းဆက်ခွန့်
                        (၃၀) ပွဲ့ကဆီ
                        (၃၁) ဝမ်းပိုဒ်ကြီး
                        (၃၂) လည်တို
                       (၃၃) ညွန့်တက်
                       (၃၄) ညွန့်လန်း
                        (၃၅) ညွန့်တုံး
                        (၃၆ ပိုဒ်စုံစကြာ
                       (၃၇) ကိုယ်တွင်းပြည့်
                       (၃၈) စာဖြတ်
                        (၃၉) စာရိ
                        (၄၀) ထောင့်တဲတွန့်
                         (၄၁) သုံးလွန်းတင် ...
ဆိုပြီး ဖြစ်ပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး အပြင် အမှတ် (၂၆) ကနေ (၄၁) အထိ ၁၆-မျိုး ပိုတာကိုတွေ့ရပါတယ်။ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာကတော့ ...
ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာထူးဆန်းထွေလာ၊ ဟူသည်မှာမူ၊ သုံးဖြာပိုဒ်လုံး၊ စဆုံးရှည်တို၊ အဆိုမညီ၊ ချချီမတူ။ ။ ညွန့်ရှင် - မူကား၊ ထူတမ်းခွန်ဆင့်၊
စာလုံးဖြင့်သာ၊ ချသင့်ပညာတ်။ ။ ပေါက်ပြမှတ်ကား၊ သတ် မသတ်စွာ၊ အက္ခရာချီချ၊ အမျှမျှတည့်။ ။ ထိုမှတထူး၊ ငုံဖူးနှိုက်ကား၊၍့ပယ်ရှား၍့၊ တပါးသတ်ဖြင့်၊ အသင့်မလွဲ၊ ချီချမြဲတည့်။ ။ ပုလဲသွယ်မှာ၊ အသတ်ပါနှင့်၊ အက္ခရာ၍့၊ ပါလေ့မှန်ပြီ။ ။အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊ ဓိပ္ပါယ်ဖြစ်စေ၊ ပုဒ်ဖြစ်စေပင်၊ ယူလေတတန်။ ။ ရွှေလောင်းပြန်မှာ၊ မှန်-က-စ-တ၊ယ-ပ-ရ မှ၊ သတ္တအက္ခရာ၊ ချီချပါလော့။ ။ သော်တာရောင်မူ၊ သတ်တူသံတူ၊ ကာရန်တူနှင့်၊ ချဟူ၍့ပြ။ ။ သို့ညီကြလည်း၊
ဟုချတပြီး၊ စာထင်းမီးနှင့်၊ တသီးညွန့်မဲ့၊ မည်ဘွဲ့မှတ်လေ။ ။ နေခြည်ရောင်ပြေး၊ အမည်ပေးကား၊ တေးအက္ခရ၊ က-တ-ထ စု၊တခုခုဖြင့်၊ ချဟုပိုင်းခြား။ ။ အဖျားကောက်နှိုက်၊ ရှေ့ပိုဒ်ချမှာ၊ အက္ခရဓိပ္ပါယ်၊ တသွယ်သွယ်ကို၊ ရွယ်၍့ချီကောက်။ ။ဖျောက်ဆိတ်လယ်လ၊ ဝဏ္ဏကြားတွင်၊ ပါဝင်လာဘိ၊ သတ်ရှိအက္ခရာ၊ ဖြင့်သာချတုံ။ ။ ညွန့်ဟုန်ကား ‘ဝ’၊ သတ်ရွေ့ချလော့။ ။ထိုမှတချက်၊ ကက္ကုဆူးချီ-ကက္ကုဆူးချ၊ သုံးပဒပင်၊ ဆုံးစချချီ၊ မညီယွင်းချွတ်။ ။ ခိုင်ညွတ်ခက်ဖြာ၊ ချရာအဆုံး၊ ခုနစ်လုံးရှိ။ ။ မဏိ
ဆန်ကျင်၊ ၉-လျှင်ချပြီး။ ။ အာသာဝတီဝတ်ဆံ၊ နိယံမြဲမှတ်၊ ဧက်ဒသ်ချနည်း။ ။ ဥပြည်းမဏိ၊ ချဘိပန္နရ။ ။ ဇော်တခိုင်လုံး၊ အဆုံးနောဒသ်။ ။ မပြတ်ကေသာ၊ မှာ နှစ်ဆ့ငဲါး။ ။ ပိုင်းခြားမှတ်ပြ။ ။ ဇမ္ဗူ့သပြေ၊ သီးမှည့်ရွှေတွင်၊ ထွက်ရေရုံးဘွဲ့၊ သုံးဆဲ့ငါးလုံး၊ရတုထုံး၌၊ အဆုံးပဒ၊ သည်ထက်ကြွ၍့၊ ချခွင့်မကြိမ်။ ။ ချိန်ခွင်လျှာမှာ၊ ပ-တ သာလျှင်၊ တူရာအချ၊ ဒု-ကွဲရ၏။ ။ ထိုမှတသွယ်၊ဘီလူးရယ်မူ၊ တူသောသုတိ၊ ရှိအက္ခရာ၊ သတ်သံပါဖြင့်၊ ကြံခါတမျိုး၊ လှီးလွှဲရိုးတည့်။ ။ စာကြိုးမှာကား၊ သဝေခြားသတ်၊ ဝ-
အသတ်နှင့်၊ သတ်စပ်မြဲထုံး။ ။ စာတုံး င-ည၊ တ-နှင့် ပ-တည့်၊ န-မ တရပ်၊ သတ်စပ်ယှဉ်မှန်း၊ ချီချခန်းတည့်။ ။ စာဆန်းမှာသော်၊လျော်နည်းသင့်နည်း၊ နိသျည်းမရှာ၊ ဆရာမတင်၊ ဆင်ခြင်မရှိ၊ မိမိထင်တိုင်း၊ ပေါက်လွှတ်စိုင်းသို့၊ ဂိုဏ်းမလွတ်စွာ၊သူရူးစာတည့်။ ။ သင်္ချာစဉ်စီ၊ ပဉ္စဝီပင်၊ ချချီရတု၊ သိမှုဖြန့်ချိ၊ ဤသို့ရှိဟု၊ ကဝိပါသဏ္ဌ၊ ကျမ်းမ၌တွင်၊ မော်ကွန်းတင်သည်။ ။
ဉာဏ်မြင်လိုသူ မှတ်ကြောင်းတည်း။
                                       (ကဗျာသင်္ဂဟမေဒနီ ကျမ်းမှ ...)
စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်းလင်္ကာကတော့ ...

စာချီစာဖြတ်၊ အဆုံးသတ်၌၊ အသတ်နှင့်သာ၊ ချသည်မှာမူ၊ ညွန့်ရှင် ဟူ၏၊ သတ်မူမသတ်၊ ရောလတ်သည်ကို၊ ပေါက်ပြ ဆိုရှင့်၊ထိုအချမှာ၊ ၍မပါဘဲ၊ သာယာချိုမြ၊ ဧည်လေချသော်၊ ညွန့်ဖူး ခေါ်လော့၊ ထိုရော်အချ၊ က နှင့်တ ကား၊ ခေါ်ကြ ညွန့်လန်း၊ထူးဆန်းထွေလာ၊ ဟူသည်မှာကား၊ ဆုံးမှာအချ၊ သုံးပါဒပင်၊ မညီချင်တည့်၊ သည့်ပြင် ပုလဲသွယ်၊ သတ်ရောလှယ်လိမ့်၊ မှတ်ဖွယ်
ရွှေလောင်းပျံ၊ ချဟန် စ-တ၊ က-မ-ရ တည့်၊ ဝ သတ် ဆုံးလျှင်၊ ညွန့်တုံး တွင်ရှင့်၊ သည့်ပြင်တမည်၊ နေခြည်ရောင်ပြေး၊စာစပ်ရေးကား၊ လေဝဂါဒိ၊ အပြစ်ရှိလိမ့်၊ သီရိထွန်းညိတ်၊ ဖျောက်ဆိပ်လလယ်၊ ဟူသည်ဝယ်ကား၊ အသတ်များ၏၊
အဖျားကောက် ချီ၊ တလီ လည်ဂုတ်စ၊ ဟူသမျှ၌၊ စသည်ကိုသာ၊ ခေါ် စ ပါရှင့်၊ ကာရန်မမှတ်၊
အသတ်မညီ၊ အချီမမျှ၊ ရှိကအထူး၊ကက္ကူဆူးတည့်၊ နည်းတူ ဤမှာ၊ မဆိုရာ။ ။
ဒီ လင်္ကာမှာက (၁၃)မျိုးပဲ ဖော်ပြထားတာကို တွေ့ရပါမယ်။ ကဗျာ့ပါရဂူ ဖြစ်တော်မူတဲ့ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးကလည်း ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်ကို ဖွဲ့ဆိုသွားတော်မူခ့ပဲါတယ် ...
မန်လည်ဆရာတော်ကြီး ရေးသားတော်မူသော ကဝိကဏ္ဌပါသကျမ်းလာ ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်
(၁) တနည်းမှတ်လော့၊ ပြလတ်ပိမ့်ငှာ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား၊ သုံးပုဒ်လုံးမူ၊ မတူချီချ၊ရှိကမည်မှန်း၊ ထူးဆန်းထွေလာ၊ ဟု-ခရာနှင့်၊ ချပါအက့၊ဲ အညွန့်မဲ့ ဟူ၊ တမူနာမ၊ ထင်းမီးစ တည်း၊ ချီချသုံးလီ၊ မညီကျီကျူး၊ကက္ကူဆူး ဟု၊ အထူးမှတ်လေ၊ သဝေအသတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊ င-ည-တ-ပ၊ န-မ နှစ်ရပ်၊ သံတူစပ်သော်၊ပညတ်ခေါ်သုံး၊ စာတုံး မည်ရ၊ အန္တမမှန်၊ ကာရန်မတူ၊ စာဆန်း ဟူ၏၊ သရူသဝဏ်၊ ထပ်ဟန်မလွဲ၊ အသတ်လဲ၍၊ လှီးလွှဲတသွယ်၊ဘီလူးရယ် တည့်၊ သူငယ်မလိမ္မာ၊ ဖွယ်ရာမရှိ၊ ဆိုဘိသော့လား၊ စကားမည်ကာ၊ မစပ်ရာသား၊ လက္ခဏာခုနစ်၊ စင်စစ်မှတ်ဘိ၊
အမြဲသိလော့၊ သတ်ရှိချလျှင်၊ ညွန့်ရှင် ဟူလတ်၊ သတ်မ့တဲုံလျှင်း၊ ချီချခြင်းကို၊ ပေါက်ပြ ဆို၏၊ ထိုမှတဖြာ၊ ဤ ခရာလျှင်၊မပါချချီ၊ သညီ ငုံဖူး၊ အထူးမှတ်မော၊ သတ်ရော ၍ ပါ၊ ချီချရာကား၊ သညာမှတ်ဘွယ်၊ ပုလဲသွယ် ရှင့်၊ ရှေ့ဝယ်မဆွ၊ ပုဒ်အစ၏၊ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊ ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့်၊ ထို့နောက်သမုတ်၊ ချီပုဒ်ကိုချ၊ ချပုဒ်တိုင်းချီ၊ ဤသို့စီမူ၊ စမ္ပါယ်ချီစမ္ပါယ်ချ၊
အချပုဒ်နှင့်၊ ကာရန်သင့်အောင်၊ ချီလင့်တုံက၊ မြင်းဆက်ခွ တည့်၊ ရှေ့ကဉာဏ်ဝန်၊ ဆရာမွန်တို့၊ နည်းညွှန်မှတ်ဖွယ်၊မိန့်ခဲ့သွယ်တိုင်း၊ မကျယ်အကျဉ်း၊ လင်္ကာချဉ်းသည်။ ။ ရွှေမျဉ်းရွှေတန်-ရွှေကြိုးတည်း။ ။
(၂) က-စ-တ-ယ၊ ပ-ရ-မ တို့၊ သတ္တဗျဉ္ဇနာ၊ ချချီရာလည်း၊ မည်သာတတန်၊ ရွှေလောင်းပြန် ရှင့်၊ မှတ်ရန်တမူ၊ သတ်တူသံတူ၊ကာရန်တူချ၊ လ၏မည်ဆောင်၊ သော်တာရောင် တည့်၊ ထို့နောင်တပါး၊ ခြား၍မှတ်ကြ၊ က-တ-ထ ဖြင့်၊ ချသည့်တမည်၊နေရောင်ခြည်ပြေး၊ တရေး ညွန့်လန်း၊ ခေါ်မှန်းစဉ်ဆက်၊ သက်သက်ဝဏ္ဏ၊ ဧကဒွယာ၊ အကြားပါလတ်၊ သတ်မ့အဲ က္ခရာ၊
ချတုံပါသော်၊ တွင်ခေါ်မြဲသိပ်၊ ဖျောက်ဆိပ်လလယ်၊ တသွယ်မည်မှတ်၊ မ-သတ်နည်းငြား၊ အသတ်များတုံ၊ စာ ညွန့်ဟုံတည့်၊မှတ်ပုံအဆုံး၊ ခုနစ်လုံးချ၊ ဟူသမျှကား၊ နာမပညတ်၊ ခိုင်ညွတ်(ညွန့်)ခက်ဖြာ၊ နဝါချဘိ၊ မဏိဆံကျင်၊ ထို့ပြင်တဆစ်၊ဆဲ့တစ်ချမှာ၊ အာသာဝတီ၊ ဆယ့်ငါးပြီမူ၊ မှတ်ယူမည်ရှိ၊ မဏိဥပြည်း၊ တနည်းထိုမှ၊ ဆယ့်ကိုးချသော် ဇော်တခိုင်လုံး၊ ချထုံးတလီ၊ပဉ္စဝီ ကား၊ တွင်ညီမည်မှတ်၊ မပြတ်ကေသာ၊ ပဉ္စာတိံသ၊ နာမမည်ပြု၊ ဇမ္ဗူ့သပြေ၊ ထိုထက်ထွေ၍၊ ချစေလင်္ကာ၊ ထုံးမလာတည့်၊
နည်းနာလက်ရှိ၊ အရိုးသိလော့၊ ကဝိကဏ္ဌ၊ ပါသခေါ်ညွှန်း၊ နန်းစဉ်ထွန်းသည်။ ။ မော်ကွန်းရွှေပွင့်-တင်ထိုးတည်း။ ။
ဒီလင်္ကာအရတော့ ရတု ချီနည်း ချနည်း ၂၇-မျိုး ရှိပါတယ် ... ညနွ့်မဲ့ နဲ့ ထင်းမီးစ ကအတူတူပါပဲ။
ဒီ ချီနည်းချနည်းတွေကို လေ့လာကြည့်တ့အဲ ခါ ကျမ်းတွေမှာပါတ့နဲ ည်းတွေက ၄၁-မျိုး၊ ၂၈-မျိုး အစရှိသဖြင့် အမျိုးမျိုးရှိပေမဲ့
၁) လုံးရေ အရ
၂) အက္ခရာ နဲ့ အသတ် အရ
ဆိုပြီး အဓိက အားဖြင့်တော့ (၂)မျိုးပဲ ရှိပါတယ် … တကယ်တမ်းတော့ ၇-လုံး ချ ခိုင်ညွန့်ခက်ဖြာရတုမျိုးပဲများပြီး တခြားချနည်း
ဒီတော့ နည်းနည်း အသေးစိတ် ထပ်ကြည့်ပါမယ်။
                                       (  ချီနည်းများ)
ရတုချီနည်းတွေက သိပ်မများလှပါဘူး။ လုံးရေအလိုက် ကြည့်မယ်ဆိုရင်၃-လုံးချီ
တွေ့ရခဲပါတယ်။ “မှားခြဲ့ပီ - သွားတ့ဆဲီ - အားနွဲ့ မှီ” ဆိုပြီး အပိုဒ် သုံးပိုဒ်ရဲ့ အစမှာ ချီထားပုံမျိုးပါ။
၎-လုံးချီအသုံးအများဆုံး ချီနည်းဖြစ်ပါတယ်။ “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ” ဆိုပြီး မဲဇာတောင်ခြေရတုမှာချီထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။၅-လုံးချီတွေ့ရခဲပါတယ်။ “အချာပဝရ - နရာပဋ္ဌမ - အခါသမယ” ဆိုပြီး သျှင်မဟာသီလဝံသ-ဆို ရတုမှာ ချီထားပါတယ်။၇-လုံးချီဒါလည်း တွေ့ရခဲပါတယ်။ နဝဒေးကြီးရတုတွေမှာတော့သက်တော်ရနဲ့ စတ့ဘဲုရားတိုင်ရတုမှာ .... “သက်တော်ရ နှင့် ရှင်လှမွေ - လက်ဝဲးဂူ နှင့် ရှင်ဖြူမွေ - ပုညရှင် နှင့် မြင်ထင်မေ”ွရွှေယင်မြောနဲ့ စတဲ့ဘုရားတိုင်ရတုမှာ .... “ရွှေယင်မြော နှင့် မော်ဓောမွေ - သီဟတော နှင့် ကျိုက်ပေါမွေ - မဟာနော နှင့်
သက္ကောမွေ”ကျိုက်ပတံနဲ့ စတ့ဘဲုရားတိုင်ရတုမှာ .... “ကျိုက်ပတံ နှင့် ဇနံလေ - ဇွဲးကပင်နှင့် မောကြင်လေ - ကျိုက်မောင်းမ နှင့်ကာသလေ” ...
ဝန်တောင်လယ် ဆို- ရတုမှာ ... “ရွှမ်းဘိသည်လည်း ရွှမ်းဘိသည် - လွမ်းဘိသည်လည်း လွမ်းဘိသည် - တမ်းဘိသည်လည်းတမ်းဘိသည်” ...
ဆိုပြီး ၇-လုံးချီထားတာ တွေ့ရပါတယ်။ အချပိုဒ်တွေဟာလည်း အချီပိုဒ်အတိုင်း ၇-လုံးပဲ ချထားပါတယ်။
ဒီ ၄-မျိုးကလွဲပြီး ကျန်တဲ့ ချီပုံတွေ မတွေ့ရပါဘူး။
                                         ( ချနည်းများ  )
လုံးရေအလိုက်ရတုချနည်း အမျိုးမျိုးရှိတဲ့ အနက် အက္ခရာလုံးရေအလိုက် ချတဲ့ နည်းတွေကို အရင်ဖော်ပြပါမယ်။
***၃-လုံးချ
ဒီနည်းမှာ အမည်မရှိသလို ဘယ်ရှေးကျမ်းမှာမှလည်း မပါပါဘူး။ အလွန်တွေ့ရခဲပါတယ်။ နဝဒေးကြီးရဲ့ လူမစိုက်တည့် - ချီမယ်ဘွဲ့ရတုမှာ “ရေကြည်မြ။ နွေလည်မှ။ ဆွေရည်စွ။” ဆိုပြီးသုံးလုံးချထားတာကို တွေ့ရပါတယ်။
***၅-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း မဖော်ပြထားပါဘူး။စွယ်စုံကျော်ထင်ကျမ်းမှာတော့ ကက္ကူဆူးချ ကို ဖြေတ့အဲ ခါ “နေလျှင် - ဆွေးရ၏။ ဆွေလျှင် - ဝေးလှ၏။” ဆိုပြီး ၅-လုံးချနိုင်ကြောင်း ညွှန်ပြထားပါတယ်။
***၇-လုံးချ
ခိုင်ညွတ်ခက်ဖြာ ချနည်းလို့ခေါ်ပါတယ် (ခိုင်ညွန့်ခက်ဖြာ လို့လည်း ရေးကြပါတယ်)။ အသုံးအများဆုံး ချနည်းဖြစ်ပါတယ်။“ခုနစ်လုံးမှတ်၊ချတုံလတ်၊ခိုင်ညွတ်ခက်ဖြာခေါ်။”လို့ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ
 ပြထားပါတယ်။
***၈-လုံးချ
ဒီနည်းကိုဇမ္ဗူ့တန်ဆောင်လို့ ခေါ်ကြောင်းကဗျာဖွဲ့နည်းနိသျည်းစာအုပ်မှာ ဖော်ပြထားပါတယ်။
 ရှေးကျမ်းတွေမှာတော့မပါပါဘူး။ တွေ့လည်း တွေ့ရခဲပါတယ်။ “စာတော်ရှုတပါး တင်ပေါလား” ဆိုပြီး ချတယ်လို့ ဥပမာ ပြထားပါတယ်။
***၉-လုံးချ
၉-လုံးချတာကိုတော့ မဏိဆံကျင် ချနည်းလို့ခေါ်ပါတယ်။ “ကိုးလုံးတိတိ၊ ချတုံဘိ၊ မဏိဆံကျင်သော်။” လို့
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ကဝိကဏ္ဌပါသကျမ်းမှာလည်း ဖော်ပြထားပါတယ်။ “ပူဆာလွန်ကဲ၊တရဲးရဲးသည်။ ။ လောင်စွဲတချေချေနှင့်သာတမုံ့။” လို့ မဃဒေဝလကာင်္ သစ်၊ ပိုဒ်ရေ-၁၂၂ မှာ မန်လည်ဆရာတော်ကြီးချထားတာ တွေ့နိုင်ပါတယ်။
***၁၀-လုံးချ
စာလုံး ၁၀-လုံးနဲ့ အဆုံးသတ်တာကိုတော့ စာမရီသားလိုက် ချနည်းလို့ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်း စာအုပ်မှာဖော်ပြထားပါတယ်။ ရှေးကျမ်းတွေမှာတော့ မပါပါဘူး။ “သေချာတည့်မှတ်သား - နာတော်မူဘုရား။ တွေးမြှော်ရှုစား-ပူတော်မူနှင့်ဘုရား။” အစရှိသဖြင့် ချတာမျိုးဖြစ်ပါတယ်။
***၁၁-လုံးချ
အာသာဝတီဝတ်ဆံ ချနည်းလို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားတာတွေ့နိုင်ပါတယ်။ “ဗုဒ္ဓပညာ နှစ်သက်ရှာကြ သွင်ပြင်သောဝ်။” ဆိုတာမျိုးဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်မှာ “နောက်မှာအစွန်း၊ကိုးယောက်ထွန်းသည်။ ။ မော်ကွန်းတင်ပြ၊ မှတ်ကြမင်းစဉ်အကျဉ်းတည်း။” လို့ မန်လည်ဆရာတော်ကြီး ချထားပါတယ်။
နဝဒေးကြီးရဲ့ “ဘားပြမွေတော်-ချီ” မုတ္တမ-ဘားပြဘုရားတိုင် ရတုမှာလည်း “နွေရောက်သဘင် မင်းလွင်ထမဝန်းစေသောဝ်။ထက်ခွင်ဝန်းလည် လေပြည်စမယွန်းစေသောဝ်။ ကောင်းကင်ထွေလည်
 မြရည်ချမ ဖြန်းစေသောဝ်။”ရယ်လို့၁၁လုံးနဲ့ချထားတာတွေ့ရပါတယ်။ဒီချနည်းကိုနဝဒေးကြီးရဲ့တခြား
ရတုတွေမှာလည်း တွေ့နိုင်ပါတယ်။ဒီချနည်းက သီးခြားအမည် မရှိပါဘူး။ မဃဒေဝလင်္ကာသစ်မှာပဲ “ပြဋ္ဌာန်းနာမ ဒုတိယအုပ် အပြီးချုပ်တည်း။” လို့ ၁၂-လုံးနဲ့
ချထားတာ တွေ့နိုင်ပါတယ်။
***၁၅-လုံးချ
၁၅-လုံးချရင်တော့ မဏိဥပည်း (သို့) မဏိဦးပြည်း လို့ ခေါ်ပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊
ကဝိကဏ္ဌပါသကျမ်းမှာပါ ဖော်ပြထားပါတယ်။ “ကမ္ဘာပေါ်ထွန်း-ယုဂန်စွန်းဝယ်-နေဝန်းလနှယ် ထွန်းတော့သည်။” လို့တောင်ဘီလာဆရာတော် ရေးစပ်တဲ့ ရတုတပုဒ်မှာ တွေ့နိုင်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၁ မှာလည်းမန်လည်ဆရာတော်က “နတ်စောင်းလင်္ကာ၊ ဤကျမ်းစာသည်။ ။ ကြားနာမဝ၊ သုတပွားရန်၊ ဧကန်ဖြစ်လိမ့်အကျိုးတည်း။” လို့၁၅-လုံးချပြီး ရေးသားထားတာ တွေ့ရပါတယ်။
***၁၆-လုံးချ
ဒီနည်းမှာလည်း အမည်မရှိသလို ကဝိကဏ္ဌပါသကျမ်းတို့၊ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတို့မှာလည်း မဖော်ပြထားပါဘူး။စွယ်တော်သျှောင်ရတု၊ ပိုဒ်ရေ-၅ မှာ ... “စုရုံးဖွဲ့နှောင်၊ များဗိုလ်ဘောင်မှာ၊ မင်းညီနောင်၊ မာန်စောင်ကြုံးမို့ကို။” ရယ်လို့အုတ်ဘိုဆရာတော် ရေးဖွဲ့သွားတာ တွေ့ရပါတယ်။
***၁၉-လုံးချ
အက္ခရာ ၁၉-လုံး နဲ့ အဆုံးသတ်ချထားတ့နဲ ည်းကိုတော့ ဇော်တခိုင်လုံး လို့ ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော၊ကဝိကဏ္ဌပါသကျမ်းမှာပါ ပြထားပါတယ်။ “အသွင်ပဝင်း-မျိုးရင်းသက်လှယ်-နုနယ်ဖြူစင်- အိမ့်ရှင်လွမ်းနှင့်လေတော့မည်။” လို့နဝဒေးကြီး ရဲ့ လွမ်းချက်ပွေ၍့ - ချီ စစ်-ရတုမှာ တွေ့နိုင်ပါတယ်။
***၂၃-လုံးချ
ဒီနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ ဥတေန ရတု၊ ပိုဒ်ရေ-၁ မှာ “အလှတဆူ၊ မြနန်းသူကို၊ အတူတိမ်ဖျား၊ငှက်ခြေကြား၌၊လိုက်သွားပါရှာရ၏လေး။”လို့မန်လည်ဆရာတြော်ကီး ရေးဖွဲ့ခဲ့တာ
 တွေ့ရပါတယ်။
***၂၅-လုံးချ
အက္ခရာ လုံးရေ ၂၅-လုံးနဲ့ ချ တာကိုတော့ မပြတ်ကေသာ ချနည်းလို့ ခေါ်တယ်လို့ ကဝိကဏ္ဌပါသကျမ်းမှာ ဆိုထားပါတယ်။
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာတော့ ဒီနည်းကို (မြဝတ်ကေသာ) လို့လည်းခေါ်တယ်လို့ ဆိုပါတယ်။ ဒီနည်းနဲ့ ချထားတဲ့ရတုတော့ ရှာလို့မတွေ့သေးပါဘူး။
***၂၇-လုံးချ
ဒီချနည်းလည်း နာမည်သီးသန့်မရှိပါဘူး။ “ဆင်နှာမောင်းသို့၊ အကောင်းရှာရမ်း၊ တလှမ်းလှမ်းနှင့်၊ အဖမ်းမတော်၊ပွဲဦးချော်သည်၊ မင်းကျော်သရေပွဲတည့်လေး။” လို့ ဝိဓူရ ရတု၊ ပိုဒ်ရေ-၁၇ မှာ မန်လည်ဆရာတော် ရေးဖွဲ့ထားတာအရှည်ဆုံးချနည်း ဖြစ်ပါတယ်။ ဒီလို အက္ခရာ ၃၅-လုံးနဲ့ ချထားရင် ဇမ္ဗူ့သပြေသီးမှည့် ချနည်း လို့ ခေါ်ပါတယ်။ သည့်ထက်ပိုပြီး ချလို့မရတော့ပါ။ ပိုရင် “ခေါင်းမရှိသောပုဇွန်နှင့်တူ၏” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ဒီနည်းကို
(မြဝတ်ကေသာ) လို့လည်း ခေါ်သေးတယ်ဆိုပြီး “အက္ခရာတွက်ကျုံး၊ သုံးဆယ့်ငါးမျှ၊ အဆုံးချ၊ မြဝတ်ကေသာခေါ်” ရယ်လို့စွယ်စုံကျော်ထင်ကျမ်းမှာ ကျေးဇူးရှင် အသျှင်ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ဖြေဆိုတော်မူထားတာကို ကိုးကားပြီး
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ရေးထားပါတယ်။ ဒီတော့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းအရ ဆိုရင် မြဝတ်ကေသာချနည်းဟာ၂၅-လုံးချတာကိုရော၊ ၃၅-လုံးချတာ ကိုရော နှစ်မျိုးလုံးကို ခေါ်ထားတာ တွေ့ရပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းအရတော့
ဇမ္ဗူ့သပြေသီးမှည့် လို့ပဲ ခေါ်ထားတာ တွေ့ရပါတယ်။ “မလွဲမှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မခွဲဝေ၊ ထုတ်ဖွေကျမ်းလာ၊လင်္ကာစည်ကြီး၊ ဆော်တီးထိန့်ဆူ၊ ရှင်လူကြားစိမ့်၊ ထင်ရှားပြညွှန်းပေသတည်း။” လို့ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၄၆၇ မှာမန်လည်ဆရာတော်ကြီး ဖွဲ့ဆိုထားတာ တွေ့နိုင်ပါတယ်။ အလန်ွတွေ့ရခဲတ့၊ဲ အသုံးနည်းတဲ့ ချနည်းဖြစ်ပါတယ်။
                                       (အက္ခရာ အသတ် အလိုက်)
အက္ခရာလုံးရေလိုက် ချနည်းတွေအပြင် “အသတ်” အက္ခရာနဲ့ အချပိုဒ် ရေးဖွဲ့ပုံကို ကြည့်ပြီး ခေါ်တဲ့ ချနည်းတွေလည်းရှိပါသေးတယ်။ ဒီနည်းတွေ မှာကတော့ အားလုံးဟာ ၇-လုံးချ ချည်းပဲ ဖြစ်ပါတယ်။
ထူးဆန်းထွေလာပိုဒ်စုံသုံးပိုဒ်လုံး အရှည်အတို မညီ၊ အချီအချ မတူဘဲ ရေးဖွဲ့ထားတဲ့ ရတုမျိုးကို ခေါ်ပါတယ်။ ကာရန်နည်းနည်း ကွဲလွဲပြီး ချထားတာမျိုး ဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၃၆၊ ၃၃၇၊ ၃၃၈ တို့မှာ လောကီကိုးရာ …. ဦးထက်ဆင်ရ သည်ဘုရား။
ဗောဓိမျိုးလျာ …. ဗိုလ်ပေါင်းရွှင်ပျ သည်ဘုရား။ မောဠိစိုးကာ ...မတ်များတင်ကြ သည်ဘုရား။ ဆိုပြီး မန်လည်ဆရာတော်ကြီးကရေးဖွဲ့ထားပါတယ်။
ညွန့်ရှင်..အသတ်ရှိတဲ့ စာလုံးနဲ့ပဲ ချထားတာမျိုးကို ညွန့်ရှင် လို့ ခေါ်ပါတယ်။ ဥပမာ - မင်းရောင်မင်းရုပ် မင်းသွေးတည်း။ ဆိုပြီး ချထားတာမျိုးပါ။
ပေါက်ပြ
ဆက်ရေးရန် ....
                                     ((၅) အက္ခရာလုံးရေ အားဖြင့်)
ရတုရဲ့ အပိုဒ်ပေါင်းများစွာ ရှိတ့အဲ နက် အချပိုဒ်ကလွဲလို့ ကျန်အပိုဒ်ငယ်တိုင်းမှာ အက္ခရာ ၄-လုံးစီ အ တိအကျထားရှိစေရမယ်လို့ ဆိုထားပါတယ်။ လေးလုံးစပ် လင်္ကာအတိုင်းပါပဲ။ မပေါ်လွငတ့်ဲ အသံရှိတဲ့ အက္ခရာဆိုရင်တော့ ၅-လုံး ၆-လုံးလည်း ထားနိုင်ပါတယ်။ ရေတွက်တ့အဲ ခါမှာ အဲဒီလိုအက္ခရာ ၂-လုံးကို ၁-လုံး၊ ၃-လုံးကို ၁-လုံး အ နေနဲ့ ရေတွက်ရပါတယ်။
                  ချွင်းချက်အနေနဲ့ အချီပိုဒ်မှာ ၃-လုံးချီ၊ ၅-လုံးချီ၊ ၇-လုံးချီတာတွေ ရှိကြောင်း အထက်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့အလွန်တွေ့ရခဲသလို ကဗျာအရာ တဖက်ကမ်းခတ်တဲ့ ပညာရှင်များသာ စပ်ဆိုကြတာမို့ ရတုကို စရေးရင်တော့ ၄-လုံးနဲ့ပဲ
                                     (၆) အစပ်ကာရန်အားဖြင့်
အစပ်ကာရန်အနေနဲ့ ဆိုရင် အစပ် ၆-ပါး ရှိတ့အဲ နက် (‘၄-၃-၂’ လို့ခေါ်တ့)ဲ သတ်စေ့နှက်သုံးချက်ညီ စပ်နည်းနဲ့ စပ်တာဟာအကောင်းဆုံးပါပဲလို့ ဆိုထားပါတယ်။ ဒါပေမဲ့ တခြား စပ်နည်းတွေနဲ့လည်း စပ်နိုင်ပါတယ်။ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား(၃) - အစပ်၊ အဟပ် မှာ အစပ် (၆)ပါးအကြောင်းကို
အသေးစိတ် ပြန်ကြည့်နိုင် ပါတယ်။
                                    (၇) လေပြင်းလေလျော့ (ဂရု၊လဟု) အားဖြင့်
ပျို့၊ ကဗျာ၊ လင်္ကာ၊ သီချင်း တေကွို ရေးစပ်သီကုံးတ့ေဲ နရာမှာဖြစ်ဖြစ် ရွတ်ဖတ်သီဆိုတ့ေဲ နရာမှာဖြစ်ဖြစ်၊ လေပြင်း လေလျော့(အသံ) ဟာ အ လွန်အရေးကြီးတဲ့ အဓိက အချက်ကြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ ကဗျာတိုင်းမှာ အလွန်အရေးကြီးပါတယ်။ ကဗျာရဲ့ Rhythm လို့ ခေါ်ပါတယ်။ (ဂီတရဲ့ Rhythm နဲ့ ကဗျာရဲ့ Rhythm မတူပါဘူး)။ ကာရန်ထက်တောင် ပိုပြီးအရေးကြီးပါတယ်။ လေယူလေထား (အသံ) မှားရင် ကဗျာတပုဒ်ဟာ ချောချောမွေ့မွေ့ မရှိဘဲ ထောက်နေတာကို တွေ့ရပါလိမ့်မယ်။
လေးလုံး တပိုဒ် ထားပြီး ရေးသားရတဲ့ ရတုမှာတော့ မ-ပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာ မှာ အာ-အီ-အူ စတဲ့ေ လလျော့သံအက္ခရာ(ဂရုသံ) တို့ကိုသာ ထားရှိရပါမယ်။ တကယ်လို့ လေပြင်းသံ (လဟုသံ) ထားမိရင်လည်း လေလျော့လိုသာ (အသံမဖြတ်ဘဲ၊မချဘဲ) သီဆိုရပါမယ်။
စုံပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာမှာတော့ အား-အီး-အူး စတဲ့ လေပြင်းသံ အက္ခရာ (လဟုသံ) တို့ကိုသာ ထားရှိရပါမယ်။လေလျော့သံ ထားမိရင်လည်း လေပြင်းသံလိုသာ (အသံဖြတ်ပြီး၊ ချပြီး) သီဆိုရပါမယ်။
        ဥပမာ ..
မဲဇာတောင် ခြေ၊ (လျော့)
စီးတွေတွေ တည့်၊ (ပြင်း)
မြစ်ရေဝန်း လည်၊ (လျော့)
မြိုင်တောစည် က၊ (ပြင်း)
ရွှေပြည်ကို သာ၊ (လျော့)
စသဖြင့် လေပြင်း လေလျော့ တကျော့စီ ရေးစပ်ရမယ်လို့ နန္ဒမာလိနီကျမ်းက ဆိုထားပါတယ်။ အဲဒီလိုမှ မဟုတ်ရင်အက္ခရာကာရန် ဘယ်လောက်မှန်မှန် သီဆိုတ့အဲ ခါ စည်းဝါး မကိုက်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရတုတိုင်းကတော့ ဒီလိုအတိအကျကြီး ရေးဖွဲ့ထားတာမျိုး မဟုတ်ပါဘူး။ အရေးကြီးတ့အဲ ချက်က အသံမထောက်ဘဲ ပြေပြေပြစ်ပြစ်လေး ဖြစ်အောင်ဆိုတ့အဲ ခါ ချောချောမွေ့မွေ့ ဖြစ်အောင် ရေးဖွဲ့ဖို့ပါပဲ။ အဆုံးသတ်အသံတွေတင်သာမက ယူထားတဲ့ ကာရန်တွေကိုလည်းအဲဒီလို ဂရုသံ နဲ့ လဟုသံ တလှည့်စီ တတ်နိုင်သမျှ ရေးဖွဲ့သင့်ပါတယ်။ ဒါဆိုရင် အသံက တက်လိုက် ကျလိုက်နဲ့ ပြေပြစ်ပါတယ်။
                                    (၈) အပြစ်ဒေါသအားဖြင့်
ပဓာနဖြစ်တဲ့ အစပ်ကာရန်တွေမှာ ဝက်နင်း နဲ့ ခွါထောက် အပြစ်တို့ကို ရှောင်ကြဉ် ရေးသားရမယ်လို့ ဆိုထားပါတယ်။ဝက်နင်းဆိုတာက … ဥပမာ ဆိုရင်
                  နန္ဒကဗျာ၊ ကျမ်းကဗျာ၊ သညာ ကြိုင်သင်းထုံ။
အဲဒီစာပိုဒ်က (ဗျာ - ဗျာ - ညာ) ကာရန် ၃-ချက်မှာ အရှေ့ ၂-လုံးဆက်တိုက် အသံတူ စာလုံးတူ စပ်ဆိုထားတာမျိုးဟာဝက်နင်းဒေါသ သင့်ပါတယ်။
                   ခွါထောက်ဆိုတာကတော့ …
နန္ဒကဗျာ၊ ဤကျမ်းစာ၊ ကဗျာ ဖွဲ့နည်းစုံ။
ဒီမှာတော့ တလုံးကျော် ထပ်တူညီ ဖွဲ့ဆိုထားတာကြောင့် ခွါထောက် ဒေါသသင့် ပါတယ်။
ဒီလို ၀က်နင်းနဲ့ ခွါထောက်စပ်ခြင်းမျိုးကို ကို မစပ်သင့်ဘူးလို့ ဆိုထားပါတယ်။
ဆိုခြဲ့ပီးတဲ့ (၈) ပါးကို အောက်ပါအတိုင်း ဥပဒေသ ဆောင်ပုဒ် ဧကပိုဒ်ရတုလေး ရေးဖွဲ့ထားပါတယ်။
နန္ဒမေဓာ၊ ထေရ်ဆရာက၊
သေချာစီမှု၊ ရေးဖွေပြုပိမ့်၊
ရတုကဗျာ၊ ဖွဲ့ဆိုပါက၊
အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်၊
ပိုဒ်သုံးတည်ပြန်၊ ထပ်ကာရန်၌၊
သတ်မှန်ရှာမှီး၊ သုံးချက်နည်းဖြင့်၊
အပြီးပုံသေ၊ စပ်မြဲပေတည့်၊
သို့လေတမင့်၊ ဆင်မသင့်၍၊
အခွင့်မသာ၊ ယင်းအခါ၌၊
ကြွင်းရာစပ်ထုံး၊ ရံခါသုံး၏၊
သီကုံးဖတ်ရန်၊ ပိုဒ်သုံးတန်မှ၊
ပြင်းထန်နိမ့်လျော့၊ ပြန်လှန်ကျော့၍၊
လေးပေါ့သံသာ၊ စီကုံးရှာသည်၊
ဘယ်ညာ ပြောင်းလှည့် စပ်မြဲတည်း။ … ။
ဒီဥပဒေသ ဆောင်ပုဒ်မှာ (အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်) လို့ဆိုထားပြီး အက္ခရာလေးလုံး ဆိုတဲ့ စာပိုဒ်မှာ ၅-လုံးဖြစ်နေတာကို တွေ့ရပါမယ်။ ဒီနေရာမှာ အက္ခရာ = အက်ခရာ ဆိုတဲ့ စကားလုံးကို ၃-လုံးအနေနဲ့ မယူဘဲ ခ-သံကမထင်ရှားထာကြောင့် … အက် (၁) + ခရာ (၁) = ၂-လုံး အနေနဲ့သာယူရပါ မယ်။
                             *** ဦးဟယ်ရီလင်း  ရဲ့ရှင်းလင်းပြချက်များဖြစ်ပါတယ်..။
(များတော့များတယ် ...ဖေ့ဘုတ် မက်ဆေ့ခ်ျကနေ အစ်ကိုတစ်ယောက်ပို့ပေးတဲ့အချက်အလက်များ
ဖြစ်ပါတယ်..ရတုအကြောင်းစုံစုံလင်လင်သိချင်သူများအတွက်ပြန်လည်တင်ပြပေးထားပါကြောင်း...)
                     ကိုမင်းကြည်ညိုကို ကျေးဇူးတင်ကြောင်းဖော်ပြအပ်ပါသည်။

Sunday, October 21, 2012

အိပ်မက်လှတဲ့ည


လစန္ဒာ
ကမ္ဘာမြေ၀ှမ်း
ငွေရည်ဖျန်းလျှက်
ရွှင်လန်းပြုံးဝင့်
ဝေဟင်မြင့်မှ
ရွှန်းတင့်ကြည်သာ..နေခိုက်ဝယ် ။

လေပြည်ညင်း
ဝေ့ဆင်းသွဲ့သွဲ့
ခြေသံသဲ့ဖြင့်
ယူခဲ့သင်းပျံ့
ပန်းပေါင်းနံ့ကို
ခင်းဖြန့်ပျူငှာ..ဝေခိုက်ဝယ် ။

ချစ်သက်လျာ
ကြည်သာပြုံးဝင့်
မျက်လုံးပင့်၍
ဝံ့ဝံ့စားစား
ရင်ခွင်ကြားမှ
စကားတီတာ..ဆိုခိုက်ဝယ် ။

ငွေလရောင်လဲ့
လေညင်းသွဲ့နှင့်
မူနွဲ့ပိုကာ
ချစ်သက်လျာတို့
ဘေးမှာခစား
ရှိချိန်များဝယ်
"သီးခြားကမ္ဘာ
ရောက်နေတာ" ဟု
စိတ်မှာတွေးကြည့်
ပျော်ရွှင်မိကာ
ပီတိအဟုန်
ရင်သိမ့်တုန်လျှက်
ရင်ခုန်စည်းချက်
သံစဉ်လက်သည်..
အိပ်မက်လှလှမက်လေပြီ...။

         ရတုသစ်
    (21/01/2012 )



Saturday, October 20, 2012

အမေ့အတွက်စုဗူးလေး မပြည့်သေးပါ

             (၁)အညာမြေ၏လွမ်းမောဖွယ်နေ့ရက်များကိုသူ ကျောခိုင်းထားရစ်ခဲ့ရ၏ ။ဘွဲ့ရပြီးနောက်
ပိုင်းအလုပ်တစ်ခုလုပ်ဖို့မန္တလေးကိုထွက်ခဲ့သည်။မျှော်မှန်းထားသည့်အလုပ်များကမရသေး။လောလော
ဆယ်ရသည့်အလုပ်ကိုအရင်ဝင်လုပ်ထားဦးမည်။အဆင်သင့်တဲ့တစ်နေ့မှပြောင်းလိုက်ရုံ ။အလုပ်နေရာ
တော်တော်များများရှာပြီးမှစာရေးအလုပ်ရလိုက်သည်။
               စာရေးအလုပ်ရပြီးလခထုတ်ပေးသည့်နေ့ကအမေ့ကိုရသမျှလခလေးနှင့်သွားကန်တော့ခဲ့
၏။ပီတိမျက်ရည်တွေစိုရွှဲလျက်ဆုတွေတသီကြီးပေးနေသောအမေ့အပြုံးရိပ်ကိုတစ်သက်မေ့နိုင်တော့
မည်မထင်။
                "" သားရယ်..အမေတို့ကတောရွာမှာနေတာ...သိပ်မလိုပါဘူး..သားသုံးဖို့အတွက်ပဲထားပါ
မြို့မှာကအရာရာငွေရှိမှဖြစ်မယ်မဟုတ်လား...သားရယ် အမေတို့အတွက်အရေးမကြီးပါဘူး...သား
ဒီလိုမိဘကျေးဇူးသိတတ်တာကိုပဲအမေကကျေနပ်လှပါပြီကွယ်...""
                အမေပြောခဲ့သောစကားများကိုနှလုံးသားထဲထိသိပ်ထည့်ရင်းသူစီမံကိန်းတစ်ခုရေးဆွဲ
လိုက်၏။ရသမျှလခထဲမှသုံးပုံတစ်ပုံကိုအမေ့အတွက် စုထားမည်ဟုဆုံးဖြတ်ချက်ချထားလိုက်သည်။
မန္တလေးတောင်ခြေမှကျောက်တော်ကြီးဘုရားပွဲတော်ရက်များမှာလျှောက်လည်ရင်းပွဲဈေးတန်းမှမြေ
အိုးစုဗူးလေးတစ်လုံးဝယ်လာခဲ့သည်။အတွေးနဲ့ပြုံးမိသွားတာတစ်ကိုယ်ထည်း ။အဲဒီနောက်ပိုင်းမှစ
ပြီးလခထုတ်ရက်တိုင်းပုံမှန်စုဖြစ်ခဲ့သည်။စုဗူးလေးကပြည့်လုပြည့်ခင်။အညာကိုပြန်ဖြစ်တဲ့ရက်မှစုဗူး
လေးထဲကငွေစလေးများနှင့်အမေ့အတွက်လိုရမယ်ရလေးတွေသွားဝယ်တာ့မည်။အမေ့ကျေးဇူးကို
သိတတ်သောသားတစ်ယောက်အဖြစ်အမေကျေနပ်မဆုံးဖြစ်နေမှာသေချာ၏။ ပေးဆပ်ခြင်းတစ်ခု
သာထားခဲ့သောမေတ္တာရှင်တို့ရဲ့ရင်ထဲမှာသားသမီးများ၏သိတတ်မှုအပိုင်းအစလေးတစ်ခုတစ်
လေကဘယ်လောက်ထိနေရာယူနိုင်မှန်းကိုယ်တွေ့မဟုတ်သေးပေမယ့်စာတွေထဲမှာဖတ်ဖူးထား
သည်။ သေချာတော့မသိသေး။သေချာတာတစ်ခုကတော့မေတ္တာအပြည့်ပါသောအမေ့နှုတ်ဖျားမှ
ဆုခြွေစကားလုံးများ....။
*............................................*.......................................................*
                      ( ၂)သူ့စိတ်တွေဂနာမငြိမ်ချင်။ယောက်ယက်ခတ်နေ၏ ။အတွေးထဲမှာပုံရိပ်နှစ်
ခုကလွန်ဆွဲနေသည်။အိုစာသွားပေမယ့်ပြုံးယောင်သမ်းနေသည့်အမေ့ပုံရိပ်နှင့်နှုတ်ခမ်းစူကာစိတ်
ကောက်နေသည့်ချစ်သူ၏ပုံရိပ်။မှိတ်ထားတဲ့မျက်လုံးတွေဖွင့်လိုက်တာတောင်အမြင်အာရုံထဲမှုာထို
ပုံရိပ်နှစ်ခုသာထင်ဟပ်နေသည်။ဘယ်လိုလုပ်ရမလဲ မသိ၊ဒွိဟဖြစ်ရသောစိတ်ဟာအရမ်းပင်ပန်းမှန်း
ကိုယ်တွေ့မို့သိလိုက်ရပြီ။ဆုံးဖြတ်ချက်ကမျက်စိတမှိတ်လျှပ်တပြက်အတွင်းမှာပြီးသွားနိုင်၏။သို့
သော်..သူ..မချနိုင်သေး ။ချီတုံချတုံဖြစ်နေသည့်စိတ်နှင့်အတူခဏခဏကြည့်မိနေသောအရာက
လေးကလှောင်ပြောင်နေသယောင်။မျက်မှောင်ကျုံ့ထားရလွန်းလို့မျက်ရိုးတွေတောင်တဆစ်ဆစ်
ကိုက်လာသလိုထင်မိ၏။ရင်ထဲမှာလဲတလှပ်လှပ်ခုန်နေတာသူပဲအသိ။
                       ချစ်သူ၏အရင်နှစ်ကမွေးနေ့ဘယ်လိုပြီးဆုံးခဲ့သည်သူ မသိ။သိဖို့လည်းမလိုခဲ့။
သူနဲ့ချစ်သူတို့လက်တွဲခဲ့တာသိပ်မကြာသေး။လောလောဆယ်တော့မကြာခင်ကျရောက်တော့
မည့်ချစ်သူ၏မွေးနေ့ကသူ့ကိုတိုက်ရိုက်ပတ်သက်လာခဲ့ပြီ။ရှောင်လို့မရ၊လွှဲလို့မဖြစ်။သြော်.....
ခက်ခဲလိုက်ပါဘိခြင်း...။
                      ""  မောင်..လာမယ့် ဆန်းဒေးဟာနွယ့်မွေးနေ့လေ..မောင်  နွယ့်ကို    ဘာလက်
ဆောင်ပေးဖို့စိတ်ကူးထားသလဲ..ပြောပြ..မောင်ပေးတဲ့လက်ဆောင်နဲ့သူငယ်ချင်းတွေကိုအပြတ်
ကြွားပစ်မယ်...နော်..မောင်..""
                        ဆိုရေးရှိသူကဆိုလာချေပြီ။ဘယ်လိုလုပ်ပေးရမလဲ။လက်ထဲမှာအပိုငွေကမရှိ
သေး။ကြပ်သိပ်အုံခဲနေသောအတွေးများနှင့်လွန်ဆွဲနေရသောအဖြစ်ကိုခံစားရခက်မိသည်။ညအ
တော်နက်မှဆုံးဖြတ်ချက်ချလိုက်နိုင်၏။ကိုယ့်ကိုယ်ကိုအပြစ်တင်နေမိခြင်းများကားအတားအဆီး
မဲ့။မတတ်သာသည့်အဆုံးဤနည်းကိုသုံးလိုက်ရပြီ။ဘုရားပွဲဈေးမှဝယ်လာခဲ့သောမြေအိုးစုဗူးလေး
ကထက်ခြမ်းကွဲလျှက်။ အလိပ်ကလေးများအတိုင်းထွက်ကျလာသောငွေစက္ကူများကိုတွေဝေငေး
ငိုင်စွာကြည့်ရင်းမိုးလင်းခဲ့ရ၏။ကံကြမ္မာ၏ဆော့ကစားခြင်းကိုခံလိုက်ရသောအဖြစ်ကိုနားမလည်
နိုင်စွာတွေးနေမိသည်။အစုန်အဆန်နိယာမ၏နူးညံ့စွာတိုက်ခိုက်လာမှုကိုသူလည်စင်းပေးခဲ့ရပြီ
လေ...။
*............................................*......................................................*
                       (၃)သူဝယ်ပေးထားသောလက်ဆောင်ဖြင့်ချစ်သူ့မျက်နှာမှာအပြုံးတွေဝေနေခဲ့
၏။ချစ်သူစိတ်ချမ်းသာနေတာမြင်တောသူလည်းပျော်ရသည်။ဖြစ်နိုင်လျှင်ချစ်သူကိုရွှေဘုံနန်းထက်
မှာတင်ထားချင်ကြတာချစ်စကြင်စလူသားများ၏နိယာမသဘောတစ်ခုမဟုတ်ပါလား။ချစ်သူမွေး
နေ့တစ်နေ့လုံးမန္တလေးမြို့အနှံ့လျှောက်လည်ဖြစ်သည်။ပျော်မဆုံးမော်မဆုံးတပြုံးပြုံးဖြစ်နေမိတာ
အမေ့ကိုတောင်သတိမရနိုင်။ကွက်ကျော်ရိုက်တတ်သောနှလုံးသား၏စေညွှန်ရာအတိုင်းအလိုက်
သင့်၊နေသားတကျ ။
                     သူငယ်ချင်းတွေတိုက်တွန်းလို့တောင်သမန်အင်းဘက်ကိုလည်းရောက်ခဲ့သေး၏။
ဦးပိန်တံတားကျွန်းတိုင်များပေါ်မှာကမ္ပည်းတင်ထားတဲ့ချစ်သူများရဲ့လက်ရေးဖြူဖြူလေးတွေကို
လိုက်ဖတ်ရင်းကြည်နူးမိသေးရဲ့။တစ်ချို့ကဆိုတံတားကြမ်းခင်းတစ်လျှောက်မှတ်တမ်းရေးထိုးထား
တာတွေတောင်ရှိသည်။အချစ်ကအရာရာကိုဖန်ဆင်းနိုင်သည်ဟုထင်မှတ်ထားကြသူများရဲ့အား
ထုတ်မှု လေးတွေ။သူရော..ဘာထူးသေးလဲ ၊ပြန်တွေးကြည့်မိရင်းတစ်ယောက်ပြုံးမိတော့ချစ်သူရဲ့
မျက်စောင်းကအတားအဆီးမရှိဝင်ရောက်လာ၏။
                    ""ဟွန့်...တစ်ယောက်ထဲပြုံးနေလိုက်တာ..ဒါမရိုးသားဘူး..ပြော..ဘယ်ရည်းစားနဲ့
ဒီကိုလာလည်ဘူးသေးလဲ...အတိတ်ကိုသတိတွေရပြီးပြုံးနေမှန်းအသိသာကြီး..""
                     သူနေရင်းထိုင်ရင်းဒုက္ခရောက်သွားသည်။ချစ်သူ၏အကြပ်ကိုင်မှုအောက်မှာမလူး
သာ၊မလွန့်သာ။အမှတ်တမဲ့ဆိုတော့ဘယ်လိုဖြေရမှန်းမသိ။ဖြေစရာအဖြေကအဆင်သင့်ရှိမနေ ။
ဒါကိုပဲ ချစ်သူကတလွဲတွေးကာစိတ်ကောက်တော့သည်။မယ်ဇယ်ပင်တန်းအရိပ်အောက်မှာခေါ်ပြီး
သေချာရှင်းပြမှချစ်သူစိတ်သက်သာရာရသွားသည့်နှယ်။ဒါတောင်မျက်စောင်းအထိုးကမပျက်သေး။
မျက်မှောင်ကမချသေး။ခက်ရချည်သေးရဲ့။ချစ်သူသာနဂါးမလေးဆိုသူပြာကျနေလောက်ပြီ။ချစ်သူ
ဆိုလို့ဒီတစ်ယောက်သာရှားရှားပါးပါးရှိထားတဲ့သူ့မှာချစ်သူရဲ့အငြိုအငြင်ကိုခံနိုင်စွမ်းမရှိ။ပြီးတော့
သူယူဆထားသည်ကချစ်သူနှင့်လက်ထပ်မည့်သူတစ်ထပ်တည်းကျရမည်ဟု။ဒါပေမယ့်ကံကြမ္မာဆို
တာချို(ဂျို)တစ်ထောင်ထောင်နဲ့လာတတ်တဲ့သတ္တ၀ါမျိုးမဟုတ်တာကိုတော့သူလျှော့တွက်ထားခဲ့မိ
၏။ သူချစ်သလို ချစ်သူဘက်ကလည်းထပ်တူချစ်နေလိမ့်မည်ထင်ခဲ့သည်။မချစ်ဘူးသေးလို့အချစ်ရူး
တယ်ပဲပြောပြောသူ့ဘ၀တစ်ဆစ်ချိုးမှာချစ်သူရဲ့အနမ်းမိုးတွေနဲ့အိပ်မွေ့ချခြင်းခံထားလိုက်ရကာ
ချစ်သူအတွက်ဆိုဘာမဆိုပေးဆပ်ဖို့အထိအသင့်အနေအထားရှိနေခဲ့၏။ ပလီပလာပြောတတ်သော
ချစ်သူ့နှုတ်ခမ်းဖျားမှာသူအလိုလိုရိုကျိုးနေခဲ့မိ၏။အချစ်သည်လူကိုပျော့ညံ့စေတတ်ပါသလား? ။သူ
မစစ်ကြောခဲ့မိ။မတွေးတောခဲ့မိ။ချစ်လူမိုက်ချစ်လို့မိုက်ခဲ့တယ်ဆိုတဲ့သီချင်းလေးကိုခံတွင်းတွေ့ပြီးခ
ဏခဏဆိုနေမိတော့အဆောင်အတူနေသူငယ်ချင်းတွေရဲ့ဆဲဆိုထောပနာမှုကိုခံလိုက်ရသည်။သူ
မမှု ၊ ခွန်းတုံ့မပြန်ခဲ့။အရာရာကိုအကောင်းအတိုင်းမြင်နေခဲ့မိသည်။အချစ်သည်လောကကြီးကိုသာ
ယာလှပအောင်ဖန်ဆင်းတတ်ပါသလား? ။ သြော်....အချစ်သည်.....................။
*...............................................*.........................................................*
                          (၄ )ခေတ်၏တိုက်စားမှုကြောင့်လား ၊လူတို့၏လှိုင်းပုတ်မှုကြောင့်လား၊...
မသိ ။ခေတ်၏သမီးပျိုဖြစ်သောချစ်သူသည်ခေတ်၏စီမံခန့်ခွဲမှုမှာမျောပါသွား၏။စာရေးအဆင့်သာ
ရှိသေးသောသူ့ကိုအမျိုးမျိုးဂျီကျချင်လာသည်။ပြဿနာအခြေခံကလက်ကိုင်ဖုန်းကိစ္စ။ဝန်ထမ်းတွေ
ကိုအရစ်ကျရောင်းပေးသောဖုန်းကိုဝယ်ပေးဖို့ပူဆာလာသည်။သုံးနေကျလက်ကိုင်ဖုန်းကိုလည်းအ
ကြောင်းအမျိုးမျိုးပြပြီးမကိုင်ချင်တော့ဟုဆိုလာ၏။နောက်ဆုံးပေါ် Touch screen အမျိုးအစားဟန်း
ဆက်ကိုမျက်နှာမူလာသည်။ဘယ်လိုလုပ်ရပါ့ ။သူမတွေးတတ်၊မကြံတတ်။ကြိုတင်ငွေထုတ်ခွင့်ရပေ
မယ့်သူမထုတ်ချင်သေး။လွန်ခဲ့သောချစ်သူမွေးနေ့တုံးကမှအမေ့အတွက်စုဗူးလေးကိုခွဲပြီးလက်ဆောင်
ဝယ်ပေးထားတာမို့အမေ့အတွက်ပြန်စုပေးထားချင်သေးသည်။ဒီအကြောင်းကိုချစ်သူကိုပြောမပြဖြစ်။
ပြောပြလို့လည်းနားဝင်မည်မထင်။စကားနည်းရန်စဲနေလိုက်တော့အနေအထားကစိမ်းသက်လာခဲ့၏။
                         တွေ့လိုက်တိုင်းစူပုပ်နေသောမျက်နှာထားနှင့်ဆိုတော့သူစိတ်မချမ်းမြေ့တော့ ။
အကြည့်စိမ်းတွေနှင့်လေစိမ်းတိုက်ဖန်များလာတော့အချစ်၏ရသကိုသူဇဝေဇ၀ါဖြစ်လာသည်။အချစ်
ကိုအချိုပဲဟုသတ်မှတ်လာခဲ့မိသောသူ့အတွက်ခါးသက်ခြင်းနိဒါန်းကတံခါးမရှိ ဓားမရှိဝင်ရောက်လာ
ခဲ့၏။အချိန်မရွေးပေါက်ကွဲနိုင်သည့်မီးတောင်တစ်ခု၏အနေအထားလိုဖြစ်လာသောအချစ်ရေးကိုသူ
တားဆီးချင်မိသည်။စဉ်းစားတိုင်းလွယ်ကူသောအဖြေကထွက်မလာ။သက်ပြင်းတွေမိုင်တိုင်ရှည်ရင်း
အိပ်ပျက်ညတွေဆက်လာသည်။အအိပ်ပျက်လာတော့အလုပ်မှာလွဲချော်မှုလေးတွေရှိလာသည်။
သူဌေး၏ရာဇသံပေးမှုကိုခံရတာနှစ်ကြီမ်ရှိသွားပြီဖြစ်၏။ကြာရင်လက်ရှိအလုပ်ကိုထိပါးလာနိုင်သည့်
အခြေအနေ ။သူတွေဝေနေလို့မဖြစ်။တစ်ခုခုကိုဆုံးဖြတ်ချက်ချမှရတော့မည်။လောလောဆယ်ချစ်
သူကိုဖြောင်းဖျနှစ်သိမ့်ထားရုံအပြင်ဘာမှမတတ်နိုင်သေး။ဝမ်းရေးထက်အချစ်ရေးခက်လာတာသူ့အ
တွက်အဆိုးဆုံးနက္ခတ်တစ်ခုနှင့်ယှဉ်မိနေသလိုလို ။သူဌေးကိုအကျိုးအကြောင်းတင်ပြပြီးအိုဗာတိုင်
ဆက်ဆင်းလိုက်၏။သူဌေးကခွင့်ပြု၍တော်သေးသည်။ချစ်သူကိုခဏစောင့်ပေးဖို့နားချရတာလည်း
အမော။အလုပ်မောနဲ့အချစ်မော နှစ်ခုပေါင်းပြီးပတ်ဝန်းကျင်အခြေအနေကိုခေါက်ထားလိုက်ရသည်။
စိတ်ကူးထဲမှာတော့Touch screenဟန်းဖုန်းတစ်လုံးနှင့်ဝင့်ပြုံးနေမည့်ချစ်သူမျက်နှာလေးကတစ်ရစ်
ဝဲ၀ဲ.....။
*...............................................*.....................................................*
                    (၅)""မင်းကောင်မလေးကိုမျက်နှာစိမ်းကောင်တစ်ကောင်နဲ့တွေ့တွေ့နေတယ်..
 ဒိုင်းမွန်းပလာဇာမှာတစ်ခါ...ကန်တော်ကြီးစောင်းမှာတစ်ခါ...သေချာလည်းကြည့်လုပ်ဦး..""..
                     အခန်းဖော်သူငယ်ချင်းတွေပြောလာကာစမှာသူမယုံနိုင်။လက်မခံရဲ။မိန်းမတစ်
ယောက်အတွက်နွားအဖြစ်ခံသည်ဟုပြောတာတောင်စိတ်မနာမိ။ချစ်သူကိုအခြားသူတစ်ယောက်
နှင့်တွေ့နေရသည်ဆိုသောသတင်းကဘယ်လိုမှယုံချင်စရာမရှိ။သူနှင့်အတူမန္တလေးတောင်ပေါ်က
ဘုရားမှာ...ရွှေကျီးမြင်ဘုရားမှာ..တောင်သမန်အင်းကသစ်ခြောက်ပင်ခြေရင်းမှာ..သစ္စာကတိတွေ
အကြိမ်ကြိမ်ထားခဲ့ဘူးတာဘာမှမကြာသေး။ချစ်သူကိုသစ္စာမဲ့သူတစ်ယောက်တော့မဖြစ်စေချင်ပါ။
မဖြစ်ပါစေနှင့်ဟုသာဆုတောင်းမိသည်။
                   ကြိုးစားသမျှအရာမထင်ရသည့်အထဲဆုတောင်းကလည်းလွဲခဲ့လေပြီလားမသိတော့။
ချစ်သူတစ်ယောက်သူ့ဆီမလာတာကြာပြီဟုတေးမှတ်ထားသောပြက္ခဒိန်ကိုကြည့်ရင်းသူသတိထား
မိ၏။ကိစ္စမရှိ ။မနက်ဖြန်လစာထုတ်မှအလိုကျအတိုင်းဖြည့်ဆည်းပေးဖို့ကြံစည်ထားလိုက်သည်။
မနက်ဖြန်ရေ...မြန်မြန်ရောက်ပါတော့..။
                 အတွေးနဲ့အိပ်ပျော်သွားတော့အိပ်မက်ကခိုးဝင်လာသည်။ချစ်သူလိုချင်သောဟန်းဖုန်း
ကိုအိပ်လှလှလေးနဲ့သေချာထည့်ပြီးသွားပေးမိသည်။ချစ်သူကကျောခိုင်းနေသည်။နာမည်သေချာခေါ်
လိုက်မှနောက်လှည့်လာ၏။ချစ်သူမဟုတ်သော..ချစ်သူ့မျက်နှာ..။မျက်နှာတစ်ပြင်လုံးခံစားချက်မဲ့နေ
သောအစိမ်းရောင်မျက်နှာတစ်ခု။သူ အလန့်တကြားနောက်ဆုတ်လိုက်မိသည်။
                                        "" ၀ုန်းးးးး""
                   ခါးမှာတစ်ချက်အောင့်သွားသည်။အခန်းဖော်တွေလန့်နိုးကုန်၏။သူအရှက်ပြေရယ်ပြ
ရင်းရေတစ်ခွက်ထသောက်လိုက်ရသည်။တဗျစ်တောက်တောက်ဆဲဆိုပြီးအခန်းဖော်တွေပြန်အိပ်မော
ကျသွားသည့်တိုင်သူ အိပ်မပျော်တော့။အိပ်ချင်စိတ်ကိုပြန်ခေါ်လို့မရတော့။မနက်ဖြန်အတွက်စိတ်စွဲပြီး
မက်တဲ့အိပ်မက်ပဲလို့ကိုယ့်ဘာသာဖြေသိမ့်ပေမယ့်မရ။ အင်း...ချစ်ရတာလည်းမလွယ်ပါလား...ဟင်း။
                  သက်ပြင်းတွေနှင့်နပမ်းလုံးရင်းမိုးစင်စင်လင်းသွားသည်။ပြန်မအိပ်ဖြစ်တော့။မနက်ဖြန်
လစာထုတ်ရက်၊ ရုံးပိတ်ရက်မို့တော်သေးသည်။ "" ဟူးးးးးးးးးး""။
*..............................................*................................................*
                     (၆) လစာထုတ်ပြီးပြီးချင်း မိုဘိုင်းမားသား ဖုန်းဆိုင်မှာချစ်သူအတွက်လက်ကိုင်ဖုန်း
လေးသွားဝယ်ဖြစ်သည်။နှမြောတွန့်တိုစိတ်တွေပျောက်နေတာဘာ့ကြောင့်မှန်းမသိ။ဝယ်ပြီးပြီးချင်းချစ်
သူရဲ့အရင်ကိုင်နေကျဖုန်းကိုခေါ်လိုက်၏။ချစ်သူအသံမဟုတ်သောအသံတစ်ခုကအခြားနံပါတ်တစ်ခု
ကိုညွှန်းလိုက်၏။ညွှန်းသည့်အတိုင်းဖုန်းဆက်လိုက်မှချစ်သူအသံကိုကြားခွင့်ရသည်။လွမ်းလိုက်ရတဲ့အ
သံချိုလေး။သူဝမ်းသာအားရပြောနေပေမယ့်တစ်ဖက်ကအသံမှာအေးစိမ့်နေသလိုခံစားမိ၏။ဘယ်မှာရှိ
မလဲမေးတော့ မနောရမ္မံဥယျာဉ်ကစားကွင်းမှာရောက်နေတာသိရသည်။အရင်ကသူနဲ့သွားဖူးတဲ့နေရာ
လေးမို့လာခဲ့မယ်မပြောပဲသူလိုက်သွားသည်။ချစ်သူကိုအံသြအောင်စနောက်ချင်မိ၏။
                    ရောက်ရောက်ချင်း မြင်လိုက်ရသည့်မြင်ကွင်းက ကစားကွင်းထဲကအရုပ်တွေနဲ့အပြိုင်
သူ့ကိုကျောက်ရုပ်ဖြစ်သွားစေခဲ့၏။သတိလက်လွတ်ဖြစ်ပြီးတောက်တစ်ချက်ခေါက်မိတော့လက်ထဲက
လက်ကိုင်ဖုန်းအသစ်လေးလည်းမြေပြင်မှာကွဲကြေ..။အိပ်မက်တွေကြွေသွားခဲ့ပြီဖြစ်၏။ဒေါသကိုကြိုး
ချည်ပြီးအဆောင်ကိုပြန်ခဲ့သည်။အဲဒီနေ့ကသူစောင့်ထိန်းလာတဲ့သုရာမေရယကံကျိုးပျက်သွားခဲ့၏။
ခုတင်ခေါင်းရင်းမှာတင်ထားမိသောစုဗူးလေးကသူ့ကိုလှောင်ပြောင်နေသယောင်။စူပါဂလူးဖြင့်ပြန်ပြီး
ဆက်ထားပေမယ့်အက်ကြောင်းရာလေးတွေတော့ကျန်နေသေးတာသူဝိုးတ၀ါးမြင်လိုက်ရသည်။ဟုတ်
သည်။ကွဲပြီးသားပစ္စည်းတစ်ခုဟာပြန်ဆက်လို့ရတာရှိပေမယ့်အက်ကြောင်လေးထင်ကျန်တတ်တာသ
ဘာဝပဲဖြစ်မည်ထင်၏။လွင့်ပျံ့နေသောစိတ်တွေကိုစုစည်းကြည့်သေးသည်။မရ ။စိတ်၏လျင်မြန်နှုန်းနှင့်
အတူအမေ့ရွာကိုပြန်ရောက်သွားမိသည်။အမေ့မျက်နှာမှာပြုံးယောင်သမ်းနေတုံးပင်။သားကိုခွင့်လွှတ်ပါ
အမေရယ်...။ ကြုံလိုက်ရသောအမှားတစ်ခုကိုသင်ခန်းစာယူလိုက်ရုံမှ..အပ..။
*............................................*....................................................*
                   (ရ)ဒီနှစ်ဝါကျွတ်ပွဲတော်မှာသူရွာမပြန်ဖြစ်တော့။ပြန်လည်းမပြန်ချင်။အမေ့အတွက်လက်
ဆောင်ကိုသူငယ်ချင်းတွေဆီကချေးငှားပြီးဝယ်ပေးလိုက်ရသည်။အမေကြိုက်တတ်သောအရီးတောင်း
လက်ဖက်နှင့် မြင့်မြင့်ခင်ထိုးမုန့် ။
                      အလုပ်ကိုတော့ပုံမှန်ပြန်လုပ်ဖြစ်၏ ။ အိပ်ယာဝင်တိုင်းအမေ့ကိုအကြိမ်ကြိမ်တောင်း
ပန်နေမိသည်။အက်ကြောင်းရာလေးနှင့်စုဗူးလေးထဲမှာသူလစာငွေလေးတွေပြန်စုဆောင်းဖြစ်နေမိ၏ ။
ကြာတော့ကြာဦးမည်ထင်သည်။အမေ့အတွက်စုဗူးလေးကခုတင်ခေါင်းရင်းမှာနေသားကျနေသလောက်
သူ့စိတ်တွေနေသားတကျပြန်မဖြစ်သေး။လတ်တလောအတိတ်ကိုဖျက်ပစ်လို့မရနိုင်သေး။ဖြေဆေးမရှိ၊
ပြေဆေးမတွေ့သေး။
                     တဖြည်းဖြည်းပြန်စုရမှာဆိုတော့နောက်နှစ်မှအမေ့ဆီပြန်ပြီးကန်တော့နိုင်တော့မည်
ထင်သည်။အခုထိတော့...အမေ့အတွက်စုဗူးလေးထဲမှာလေဟာနယ်အကျယ်အ၀န်းများနေသေး၏  ။
တစ်နေ့နေ့တော့ပြည့်၍လာလိမ့်မည် ။ လတ်တလောဖြစ်စဉ်အရတော့...................။

                                                                               ရတုသစ်
                                                            (၂၁/၁၀ /၂၀၁၂ -မနက် ၂နာရီ၃၀မိနစ်)
                   

Friday, October 19, 2012

ကြောက်နေမိသောဆောင်းတစ္ဆေ

                      ဆောင်းရောက်တော့မည်။ဆောင်းတွင်းရာသီဖွားမို့လားမသိ၊ကျွန်တော်ကဆောင်းကို
ချစ်သည်၊၀ါလကင်းလွတ်သီတင်းကျွတ်သည်နှင့်ဘာရယ်မသိသောဝေဒနာတစ်ရပ်ကအလိုလိုရောက်လာ
တတ်သည်။နှင်းချစ်စိတ်ဖြစ်မည်ထင်၏၊ ဆောင်းရာသီ၏အေးချမ်းမှုကိုကျွန်တော်နှစ်သက်မိသည်။
ဆွယ်တာမျိုးစုံ၊အင်္ကျီလက်ရှည်မျိုးစုံဝတ်၍လမ်းသလားရတဲ့အရသာကိုသဘောကျမိ၏ ။ နှင်းစက်တို့တဖြောက်ဖြောက်ကျနေသံကိုစောင်ခြုံအတွင်းမှနားစွင့်ရင်းအိပ်စက်ရတာကောင်းသည် ။ တစ်ချို့လူတွေတော့ဘယ်လိုခံစားရမည်မခန့်မှန်းတတ်၊ကျွန်တော်မီးလှုံတာကိုမကြိုက်ပါ။အလို
လိုရောက်လာသောဆောင်း၏လက်ဆောင်ကိုကျွန်တော်မပစ်ပယ်ရက်၊ဆယ်ကျော်သက်အရွယ်မှ
စကာယနေ့အချိန်ထိကျွန်တော်မီးမလှုံဖြစ်တော့ပါ၊ကျွန်တော်တို့နိုင်ငံ၏ရာသီဥတုသုံးမျိုးထဲ
တွင်ဆောင်းရာသီကိုအနှစ်ခြိုက်ဆုံးဖြစ်မိတာတော့သေချာသည်။နွေရာသီဆိုလျှင်ပူပြင်းရသည့်
အထဲလမ်းမတွေပေါ်မှာတံလျှပ်တွေတငွေ့ငွေ့မြင်နေရတာစိတ်မချမ်းမြေ့မိ။
ကျွန်တော်နွေရောက်မှာကြောက်တတ်သည်။သို့သော်....ရုန်းကန်လှုပ်ရှားရင်းနဲ့ပဲနွေရက်များက
ကုန်လွန်သွားကြသည်ချည်းဖြစ်၏။မိုးရာသီကိုတော့နည်းနည်းသဘောကျသည်ဆိုရမည်ထင်၏၊
ကျွန်တော်ကအခုထိမိုးရွာထဲလမ်းလျှောက်ရတဲ့အရသာကိုစွဲလမ်းဆဲဖြစ်သည်၊။စိုထိုင်းထိုင်း
နှင့်ခြင်တွေပေါနေသည်ကိုတော့အလွန်စိတ်ပျက်မိပါသည်။ဆောင်းရာသီရောက်တော့မည်ဆိုတာ
သိကတည်းကစိတ်ထဲမှာအလိုလိုလန်းဆန်းနေတတ်သည်။
                                     
                                       -------------------နှင်းမြူကြားမှာလမ်းလျှောက်ရတာကောင်းသည်။မန္တလေးမရောက်ခင်နှစ်များဆီ
ကအညာရွာလေးရဲ့ဆီးနှင်းဖုံးအုပ်နေတဲ့မနက်ခင်းတွေကိုလွမ်းမောမိ၏။ နေခြည်မဖြာမချင်းပိန်း
ပိတ်အောင်ထူနေသည့်နှင်းမှုန်တွေကြားမှာအနွေးထည်အင်္ကျီထူထူဝတ်ပြီးလမ်းလျှောက်ဖြစ်သည်။
ရွာဦးထိပ်ကကန်ဘောင်မှာသွားပြီးနှင်းတွေကိုထိုင်ငေးမိ၏။နေခြည်လာမှာကိုတောင်ကြောက်မိသည်အ
ထိ။ လောကနိယာမကိုကနေခြည်လာလျှင်ဆီးနှင်းကကွယ်ပျောက်ပေးရသည်။ထိုအခါမျိုးမှာမဆီ
မဆိုင်နေခြည်ကိုအပြစ်မြင်မိသည်။ကျွန်တော့်တစ်ကိုယ်ရည်ငေးမောစိတ်ကူးယဉ်မှုလေးများလည်း
ဆီးနှင်းများနှင့်အတူပျောက်ကွယ်သွားတတ်သောကြောင့်ဖြစ်၏။ဖြစ်နိုင်လျှင်ကျွန်တော်
ကနှင်းဖွေးဖွေးလေးတွေကိုတမေ့တမောငေးကြည့်နေချင်သည်။ရူးသွပ်သည်ဟုဆိုချင်ဆို
ကျွန်တော့်ဆောင်းချစ်စိတ်ကတော့ပျက်ပြယ်မသွားခဲ့ပါ။မန္တလေးရောက်ပြီးမှနှင်းရဲ့အခင်းအကျင်းကို
အညာမှာတုန်းကလိုမငေးမောဖြစ်တော့။တစ်ခါတစ်ရံကျုံးရေမျက်နှာပြင်ပေါ်ဖြာကျနေသောနှင်းမြူတွေ
ကိုလမ်းလျှောက်ရင်းငေးမောမိတာလောက်ပဲရှိတော့သည်။ထိုအခါမျိုးဆိုကျုံးအရှေ့တောင်ထောင့်
နားကလှမ်းကြည့်၍မြင်နိုင်သောမန္တလေးတောင်ကြီးပျောက်နေတတ်သည်။အရှေ့ဘက်က
ရန်ကင်းတောင်၊ရေတံခွန်တောင်တို့လည်းမတွေ့ရ။နှင်းကကိုယ်ယောင်ဖျောက်ပေးထားသည်။
ကြည့်လေရာရာမှာနှင်းမြူတွေဆိုင်းနေတတ်သည်။ထိုအချိန်မျိုးမှာစိတ်ထဲကအလိုလို
အေးချမ်းနေ၊ကြည်နူးနေမိ၏။ဆောင်း၏အငွေ့အသက်ကနှလုံးသားထိလာရိုက်ခတ်လို့ဖြစ်မည်
ထင်သည်။တကယ်အေးချမ်းတာတော့သေချာသတိပြုမိ၏ ။
                                 ဆောင်းရာသီ၏ချစ်ဖွယ်များကိုကျွန်တော့်တစ်ကိုယ်ရည်ခံစားမှုဖြင့်ဖွဲ့ကျူး
လို့ကုန်မည်မထင်။ကုန်အောင်လည်းမဖွဲ့တတ်။တစ်နှစ်လာတစ်ခါသစ်မြဲမို့ဆောင်း၏နှစ်စဉ်နှစ်တိုင်း
အခမ်းအနားကကျွန်တော့်အတွက်ကြီးကျယ်နေခဲ့၏။ဂီတနက်သန်ကိုစေိာညိန်း၏"သည်ဆောင်းဟေမာန်"
သီချင်းကလည်းဆောင်းကိုအသက်သွင်းပေးသည်ထင်သည်။ဆောင်းကိုချစ်သောကျွန်တော့်ကိုဖမ်းစားညှို့
ငင်နိုင်လွန်း၏၊ဆောင်းရာသီအတွင်းမှာကျွန်တော်ကမန္တလေးသိန်းဇော်၏" ရွှေပွင့်လွှာ"စီးရီးထဲမှသီချင်း
အချို့ဖြင့်ငြိမ့်နေတတ်သည်။"သည်ဆောင်းဟေမာန်"သီချင်းကိုတော့နားအထောင်ဖြစ်ဆုံးဆိုရမည်။
ဒီသီချင်းကဆောင်း၏အလှကိုဖော်ကျူးပြသည်။မြောက်ပြန်လေကလေးကလည်းညင်းညင်းလေးတိုက်
ခတ်တတ်၏။ မြောက်ပြန်လေအနှူးမှာမေ့မူးချင်မိသည်အထိကျွန်တော်ကဆောင်းကိုအချစ်ပိုမိသည်
ထင်၏ ။ တော်ဝင်နန်းထိုက်သောပန်းမကိုဋ်သဇင်များလည်းသည်ဆောင်းဟေမာန်မှာရိုးတံဆင့်လို့ဖူးကြ ၊ပွင့်ကြသည်။ဖြူလွလွသဇင်ခက်ကလေးများနှင်းဆောင်းနှင်းမြူဖြူဖြူတွေကပနံရလိုက်ပါဘိခြင်း ။
                                     --------------အခုနောက်ပိုင်းနှစ်များမှာတော့ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ၏
ထုတ်ပြန်ချက်များကိုဖတ်ရှုရတာသိပ်မသက်သာ။စိတ်မကောင်းဖြစ်မိ၏။ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်
ဖန်လုံအိမ်ဓာတ်ငွေ့များကကမ္ဘာ့ရာသီဥတုကိုစိန်ခေါ်လာနေတာတွေ့ရ၏။ခြောက်လှန့်လာခဲ့၏။
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပူနွေးမှုလွန်ကဲလာခဲ့တာသတိပြုမိသည်။စက်တပ်ယာဉ်တွေမှထုတ်
လွှင့်လိုက်တဲ့အဆိပ်ငွေ့တွေကိုစုပ်ယူထိန်းသိမ်းထားပေးမည့်သစ်ပင်တွေပြုန်းတီးလာတာကလည်း
အဓိကပြဿနာတစ်ရပ်လိုဖြစ်လာနေသည်။သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာသည်နှင့်အမျှရာသီ
ဥတုကလည်းမျက်လှည့်ဆန်လာသည် ။မာယာများလာ၏ ။
                                        ဆောင်းက ဆောင်းသိပ်မပီသချင်တော့ ။ကျွန်တော်ဒါကိုအစိုးရိမ်
လွန်မိ၏။ဆောင်း၏အလင်္ကာဂီတနှင့်နှင်းမြူ၏ရသတွေပျောက်ရှသွားမှာပူပန်နေမိသည်။တစ်ကမ္ဘာ
လုံးအတိုင်းအတာနှင့်သတိပြုကာကွယ်ရတော့မှာဖြစ်သောသဘာဝစစ်ရေးအပြင်အဆင်ကစိန်ခေါ်
လာခဲ့ပြီ။သိပ္ပံနည်းပညာနှင့်စက်မှုထွန်းကားမှု၏အကျိုးဆက်ကအဆိုးအကောင်းဒွန်တွဲနေသည် ။ဒင်္ဂါးပြားတစ်ခု၏ဟိုမှာဘက်နှင့်သည်မှာဘက်လိုကျောချင်းကပ်အနေအထား။ကျွန်တော်တို့သတိ
မထားလို့မဖြစ်တော့။ပေါ့ဆလို့မရတော့။သတိလက်လွတ်ဖြစ်တာများလာသည်နှင့်အမျှမြောက်
ပြန်လေညင်းသဲ့သဲ့ကိုဆုံးရှုံးရနိုင်သည်။နှင်းမြူဖြူလွလွကိုလည်းလက်လွှတ်ရနိုင်၏။ပန်းသဇင်
များလည်းသင်းနိုင်မည်မဟုတ်တော့။"××× ဆောင်းဆိုသည်က×××အေးမြခြင်းကို××
သရုပ်ဆောင်တယ်×××ငွေနှင်းမြူက××သန့်စင်တယ်လို့××အဓိပ္ပါယ်ကိုယူမယ်×××"
ဆိုတဲ့ကိုလွှမ်းမိုးဆိုခဲ့ဘူးတဲ့သီချင်းလေးကိုလည်းချောင်ထိုးထားလိုက်ရမှာသေချာ၏ ။ဒီလိုအဖြစ်မခံနိုင်။တွေးကြည့်ရုံနှင့်ပင်ကြောက်လာမိသည်။ဆောင်းချစ်သူများ၏ဆောင်းတစ္ဆေ
္ဆခြောက်လှန့်ခန်းက မခမ်းနားခဲ့ပါ ။
                                        -----တကယ်ဆိုကျွန်တော်တို့အားလုံးသတိပြုဆင်ခြင်ရတော့မည်မှာမြေကြီးလက်ခတ်မလွဲ
နိုင်သောအခြေအနေဖြစ်လာသည်ဟုဆိုလိုက်ချင်ပါသည်။ဆောင်းကိုချစ်သည်။
 နှင်းကိုအခိုးယူမခံနိုင်။သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သောအတ္တလေးတစ်ခုတော့
လူတိုင်းမှာရှိနေစေချင်မိပါသေးသည်။

                                                       ရတုသစ်                                        
                                           (20 /10 /2012 ...12:45AM)                     

Thursday, October 18, 2012

မှတ်သားမိသမျှအတိုအထွာလေးများ( ၁ )

*အပြုံး၏နိဂုံးသည် အချစ်ဖြစ်ပြီးအချစ်၏နိဂုံးသည်အမုန်းမဖြစ်ပါစေနှင့်..။
*ကျော်ကြားမှုကိုလိုချင်လျှင်ကြိုးစားမှုကိုမလျှော့ပါနှင့် ။
  ကြံ့ခိုင်မှုဖြင့်လုံ့လပြုပါ ။

*ဟန်ဆောင်မှုတွေဖုံးလွှမ်းနေတဲ့လောကကြီးထဲမှာသင်..မပါပါစေနှင့် ။

*မနိုင်ဘူးဆိုပြီးအရှုံးမပေးလိုက်ပါနှင့် ၊သရေဖြစ်ချင်ဖြစ်နေမှာပါ ။

*သူ့သမိုင်းကိုချည်းမလေ့လာပါနှင့် ၊ကိုယ့်သမိုင်းကိုလည်းလှအောင်ရေးပါ။

*လူစွမ်းကောင်းတို့မည်သည်အချိန်နှင့်အလုပ်ကိုသူတို့၏အခွင့်အရေးအဖြစ်ဖြင့်
  တိတိကျကျဆုပ်ကိုင်ထားကြ၏ ။

*သင်ကသူတစ်ပါးကိုပျော်ရွှင်စေလိုပါကမေတ္တာထားပါ ။သင်ကိုယ်တိုင်ပျော်ရွှင်လို
  ပါကလည်းမေတ္တာတရားကိုသာလက်ကိုင်ထားပါ။(တင်နင်ဂယာဆို)

*ကြိုးပမ်းအားထုတ်ခြင်းဖြင့်သာစိတ်ကျေနပ်မှုကိုရရှိနိုင်သည်။
  သို့သော်...အောင်မြင်မှုတော့ဖြစ်ချင်မှဖြစ်ပါလိမ့်မည် ။
  အပြည့်အ၀ကြိုးပမ်းအားထုတ်ခြင်းဖြင့်သာတင်းပြည့်ကျပ်ပြည့်အောင်မြင်မှုကို
  ရရှိနိုင်ပါသည်။ (မဟတ္တမ ဂန္ဒီ)

Tuesday, October 16, 2012

ကြိုးငြိနေတဲ့လူ

သက်ရှိ/ သက်မဲ့ဝန်းဖွဲ့ထားတဲ့ပတ်ဝန်းကျင်က
မရှိချင်လို့မရအောင်ဖွားဘက်တော်လိုဖြစ်နေခဲ့
သူရွဲ့ ကိုယ်ရွဲ့နဲ့အတောမသတ်နိုင်အောင်ခင်းကျင်းနေရ
ဘ၀နိကန္တိကဇောကအမောမဖောက်သေးဘူးထင်ရဲ့
လှုပ်ရှားခြင်း / ငြိမ်သက်ခြင်းမှာတစ်သားတည်းကျလို့
ဘ၀ နဲ့ပတ်ဝန်းကျင်ကိုသံယောဇဉ်ကတင်းတင်းတုပ်နှောင်ထားပေါ့
စေစားရာအတိုင်းခေါင်းညိတ် / ခေါင်းခါလုပ်ရင်း
တပ်မက်ခြင်းတွေပဲ သက်တမ်းရင့်လာပြန်တယ်..။

ဥပါဒါန်ကြောင့်ဥပါဒ်ရောက်တယ်ဆိုတာမသိမဟုတ်
ဒီခလုတ်ကိုဖြုတ်ချဖို့တွန့်နေတဲ့လက်ချောင်းတွေမှာခွန်အားမဲ့နေသေး
တကယ့်အရှိတရားအပေါ်မှာလော်မာဖောက်ပြားမှုတွေလွှာချင်းထပ်ခဲ့
တစ်သတ်တည်းသတ်နေရမယ့်အဇ္ဈတ္တဗိုင်းရပ်စ်တွေကို
ချိုမြိန်နေသရွေ့မျောရမယ့်ကမ်းမဲ့မြစ်တစ်စင်းအဖြစ်
တစ်ရစ်ရစ်စီးဆင်းတိုက်စားခဲ့ရ..
အတ္တ /အနတ္တစံလွဲမှုကြား ဗျာများနေရင်း
အသင်းအပင်းဖြစ်နေတဲ့ပတ်ဝန်းကျင်နဲ့ဘ၀ကို
ဖြတ်ချမယ့်ဓားချက်ကအသက်မ၀င်သေးဘူး..။

အမြဲတမ်းစူးနေတတ်တဲ့ဥပါဒါန်ဆူးတွေက
တူးဖြိုချဖို့ခက်နေတာမဆန်းကျယ်သယောင်ယောင်
အမှောင်ကန့်လန့်ကာချမယ့်နောက်ကွယ်ကတဏှာကို
ချိုနေမိတဲ့တရားခံ..ဘယ်သူလဲ..?
မှန်ထဲမှာပြန်ကြည့်ရင်းမြင်လိုက်မိ
ငြိနေတဲ့ကြိုးတွေများလို့လောလောဆယ်မဖမ်းရသေး
အေးအေးဆေးဆေး ငြိမ်နေလိုက်ရတယ်လေ..။

                                       ရတုသစ်
                    (  16 /01 /2012 ..10: 05 PM)

စကားစမြည်စိုက်ခင်း

ဖွင့်ဟလိုက်တဲ့အသံတစ်စုံတစ်ရာ/များစွာ
ဘာသာဗေဒနဲ့ဖွဲ့စည်းထားတဲ့လှိုင်းတွေကြားစီးမျောလွင့်ပျံ
အသံသေးသေးကိုနားသေးသေးနဲ့ကြားတာလည်းရှိခဲ့
မိမိရရထိရှပြီးနားကြီးကြီးနဲ့လည်းကြားရဲ့
အသံကြီးပေမယ့်နားကြားလွဲတတ်တဲ့နားသေးသေးနဲ့မကြားတကြား
ဝါးမသွားပဲပြီပြီသသနားကြီးကြီးနဲ့ကြား အထင်အရှား
လေထဲကဖြတ်ရတာဆိုတော့လေလိုပဲပျံ့လွင့်
အခန့်မသင့်တဲ့အခါပိတ်ပစ်လိုက်ရတဲ့အသံတွေလည်းများစွာ
အရသာကိုလျှာကပဲသိတာမဟုတ် နားကလည်းသိတတ်ခဲ့
အမှတ်တမဲ့ကိုမရ ရအောင်လိုက်ဖမ်းတာလည်း ရှိ
မိပြီးသားကိုဥပေက္ခာနယ်စည်းခြားရင်းမသိလိုက်မသိဘာသာလုပ်တာလည်းရှိ
အဓိက နဲ့သာမညကိုခွဲ ခွဲ ပြီးပေါင်းသင်ပေးနေရပေါ့
ပျိုးချသမျှမျိုးစေ့တိုင်းအောင်ချင်မှအောင်မယ်
ယောင်ခြောက်ဆယ်ဖြစ်နေတဲ့မျိုးစေ့တွေ လှေ့ထုတ်ပစ်လိုက်
အမြစ်ကုပ်နိုင်မယ့်မျိုးစေ့တွေကြဲချမှ အပင်သန်တယ်
ဖလှယ်မှုနဲ့ထွန်ယက်တဲ့စိုက်ခင်းမှာအလင်းတွေတသီတတန်းသီးပွင့်
ဖွင့်လှစ်မယ့်အနာဂတ်များရဲ့စည်ပင်ဝပြောမှုအတွက်
ရင်ဖွင့်ချက်တွေ တလူလူလွင့်
အရှိန်မြင့်လာတဲ့ခေတ်သစ် အလိုက်
ဒီစိုက်ခင်းက အရေးပါလာခဲ့ပြီဖြစ်ကြောင်း
လေကြောင်းမှတစ်ဆင့်နားစွင့်လိုက်ပါတယ်...။

ရတုသစ်
(16 /10 /2012 9: 10 PM)

Saturday, October 13, 2012

““ ဥ ပေ က္ခာ နတ် ဆိုး ရဲ့ ဓါး စာ ခံ ””

ကြမ္မာဆိုးနဲ့ ... နတ်ဆိုးလက်ထဲမှာမှ လူလာဖြစ်ရတယ်လို့  .....
တောက် !!!!
တစ်ချက်ခေါက်ရုံနဲ့ 
မအေးသွားတဲ့ စိတ်တွေ
ကောင်းရာသုဂတိလားပါစေလား .....

ကိုက်ဟ စားဟ ဒါ ငါ့သွေးသားဟ
 ငါ့သေခြင်းရဲ့ နောက်ဆုံးကောင်းမှု
 အရိုးတွေပါလှူပါတယ် ဗျာ .....
 မီးအဆုံးရေအဆုံး ဒါတကယ့်နိဂုံး လေးပေါ့ .....

အမှားအမှန်မသိသေးတဲ့ ၀ိညာဉ်သစ်လေးကိုမှ
လူအလစ်မှာ ချောင်ထိုးပစ်လိုက်တဲ့
လူကြီးလူကောင်းတွေ
ဘယ်ပေတံနဲ့တိုင်းတာရမလဲ .....

“ ကံတရားပါ ”  လို့ 
ဒါမျိုးခေါင်းစဉ်တပ်လို့ ရကြေးလား
ဖြတ်ခနဲ့ ကြည့်ဖြတ်ခနဲ့  နာတယ် .....

လူတွေ ပဲဖြစ်ရမယ် ... လူတွေပဲဖြစ်ခဲ့တယ်
ဘယ်သံသရာတွင်ဖြင့်
ဒါ .... ဘယ်လို ကံတရားများလဲ .....

အဆိုးဝါးဆုံးကိုရင်စည်းခံရင်း
ဘ၀ရထားတစ်စင်းကလမ်းမချော်ပဲတိမ်းမှောက်
လူလားမမြောက်လိုက်တဲ့အဖြစ် .....

အက်ဆစ်ထက်ပြင်းသောတိုက်စားမှု
ဘယ်သူတွေပြုခဲံ့တာလဲ
မတွေးရဲစရာ .....

“ မျက်လုံး မပါခဲ့ရင်ကောင်းမယ် ”

ငါ့လက်တွေ ကတုန်တယ်
အသံတွေပျောက်နေတယ်
ရ က်  စ က်  တာ  ထက်
ပို ပို   ရ က်  စ က်   လွ န်း   တ ယ် .....

ကျားတစ်ကောင်လား ၊ ပန်းတစ်ပွင့်လား
လူလူသူသူ ဖြစ်ခွင့်မကြုံ
ဒီဘ၀နှယ် ဒီဝဋ်ကြွေး ဒီကလေးဆပ်ခဲ့ပုံက နင့်စရာ .....

ဆုံရက်ခဲ့ ဂြိုဟ်ဆိုး
ထိုထို ... ထိုသော အမှောင်ဖုံးလူဆိုတဲ့လူ တွေကြောင့်
တောက် !!!! ကွာ ....

ပြင်းရှရှတောက်ခေါက်သံက ထွက်ကျလာတဲ့ဒေါသ
မောဟပြိုင်မျဉ်းများမှာ မြစ်ဖျားခံတယ်ဆိုချင်ဆို .....

ငါ့မောဟအတွက်
ဖြေရှင်းချက်မပေးချင်လောင်အောင်
လူမဆန်မှု .....

ငါဘယ်လိုမပြူပြင်နိုင်လိုက်ချိန်မှာပဲ
နေရောင်ကမှိန်နေပြီ .....

ဂုဏ်ကြောင့်လား ငွေကြောင့်လား
ဖေဖေ ကြောင့်လား မေမေကြောင့်လား
ပတ်ဝန်းကျင်ဆိုတာကြောင့်များလား ........
ဘာ အ ကြောင်း ကြောင့်များပါလဲ ဗျာ ... WHY WHY WHY ?????
ခပ်ထိုင်းထိုင်း ဦးနှောက် အတွက် တစ်လုံးလောက် မစကြပါ ......

ခေါ်ခဲ့တုံးကတော့ ခေါ်ခဲ့ပြီးမှ
ဘယ်အသင်္ချေနဲ့ 
မိုက်မဲပြစ်ခဲ့တာလဲ .....

အသားနာတာထက်
ဒါမျိုး အသည်းနာတာက ပိုဆိုးတယ်
လူဖြစ်ရက်နဲ့ လူမခေါ်ထိုက်တဲ့ ... လူ့ ငရဲသားတွေ
သံသရာအဆက်ဆက် လူလောကထဲ ... ၀င်မလာခဲ့ပါနဲ့ .....

“ တကယ့်ဖြစ်ရပ်ထက်ပီပြင်တဲ့ သရုပ်ဆောင်မှုမျိုးရှိဦးမှာလား ”

အားမတန်မာန်လျှော့လိုက်ရပေမယ့်
ငါ့ငရဲခန်းကသွေးတွေနဲ့ .....

မင်းတို့အတွက် ပေပုရပိုက်ရေးခြစ်ဖို့
ကညစ်တစ်ချောင်းနဲ့ စောင့်နေမယ် .....

“ လူလစ်တဲ့ကာလက သံသရာကိုမျက်ခြေဖြတ်လို့မရဘူး ”

သေခြင်းတရားနဲ့ စွဲချက်တင်ထား
ငါ့ ဘ၀ မှား လာတာ လား
ဘယ်မလဲ အမျှ
ရဲရဲ မမျှော်လင့်ရဲတဲ့ ဘ၀မှာ
ငါ ..... ..... .....
ကျွှတ် / လွတ် ပါ့မလားးးးးးးးးးးးး

“ တဏှာလိုတော့ သွေးသစ်လောင်းတယ် ”

ဘာလဲဟ ... လူ့ ဘ၀ဆိုတာ
ဒါမျိုးဖြစ်ခွင့်ရှိကြေးလား .....

သေချာပါတယ် ဒီတရားကို
နတ်ကောင်းတွေ
စောင့်  နေ  ပါ  လိမ့်  မယ် .....

စောင့်ရှောက်ခြင်းထားလို့
ထွေးပွေ့ခြင်းတောင်မရခဲ့တဲ့ဘဝ
လူဖြစ်ရအနာဆုံးပဲ .....

မီးဟုန်းဟုန်းတောက်ခဲ့တဲ့
သူတို့ရဲ့ ရာဂနဲ့ ကျနော့်ဘ၀ လဲလိုက်ရတာ
ဘယ်လိုတန်ကြေးနဲ့
အဖိုးဖြတ်မလဲ .....

အလဲအကွဲညနေခင်းက
နေမ၀င်ခင်မှောင်သွားတယ် .....

အားသစ်လောင်းတုန်း ဘုန်းဘုန်းလဲ
တလုံးတခဲကြီးပါ
အသွေးအသားတွေက .....

ပတ်ချာလည်ဝိုင်း စား နေတဲ့
အကောင်တွေ
ငါ့အတွက်မျက်ရည် တစ်စက်လောက်
ကျ  ပေး  ပါ  အုံး .....

“ အပူအပင်ကင်းကင်းပါပဲလား ”

အရမ်းဖြူစင်ပါတယ်ဆို
ဘယ်အတ္တတွေနဲ့ များ လုပ်ရက်ခဲ့သလဲ မိစ္တာ .....

“ အသင်လုပ်ရက်ခဲ့လေခြင်း ”
တစ်ခါတွေးတော့ တစ်ခါနာတယ် ...
ခင်ဗျားတို့ ဗျာ ... %$^&%&*&&*(* ပဲ .....

မညှာတာရက်စက်ခြင်းက
အသက်သွင်းရုံသက်သက် ဖြစ်တည်စေခဲ့သလား .....

ကိုယ့် အာသာ တစ်ချက်ဆန်းသစ်ပြီး
မီးတောက်တစ်ခု ငြိမ်သက်ရုံနဲ့
ကျန်တာကိုမငဲ့ကွက်ခဲ့တဲ့
ခင်ဗျားတို့ရဲ့ရမ္မက်ချိုတွေက
အသက်တစ်ချောင်းအတွက်အပိုထင်နေခဲ့တာ .....

တွေးမိတိုင်းရင်နာလို့
နာတဲ့ရင်ကို ကြက်ခြေခတ်ထားလိုက်တော့မယ် .....

ဒီအမှောင်ထု မပြယ်သေးသမျှ
ဒီလိုဘ၀တွေက ဆက်လာဦးမှာလား....

အားမတန်လို့မာန်လျှော့လိုက်တဲ့
အသံမှာ
ပဲ့တင်သံတွေပါတယ်ဆိုတာ..
ခင်ဗျားတို့
သိ
လာ
ပါ
လိမ့်
မယ် ..... ။      ။

  ရတုသစ် ။ လေဟာနယ် ။ မာန်ခ

(ဖေ့ဘုတ်ပေါ်မှာသူငယ်ချင်းသုံးယောက်စုပေါင်းပြီးခံစားပေါက်ကွဲ
ထားတဲ့ကဗျာတစ်ပုဒ်ဖြစ်ပါသည်...။ )




Thursday, October 11, 2012

မိုးခြွေလေညင်း ( ၂ )


မိုး- သက်လေညင်း  ၊ သွဲ့သွဲ့နင်း၍
ဝေ့ဆင်းတိုက်လာ ၊ ထက်အာကာဝယ်
တိမ်လွှာညစ်ညို ၊ အိအိပြိုလျှက်
တိမ်ညိုချင်းချင်း ၊စစ်မက်ခင်းသော်
ကျဆင်းမြေပြင် ၊ မျက်ရည်စင်ပြီ
လွမ်းဝင်စိတ်မှာ..ဆွေးတော့သည်..။

ခြွေ-သောလေညင်း  ၊ဖြည်းဖြည်းခွင်းလည်း
ကြွေဆင်းတိမ်ရည် ၊ ပင်လယ်တည်ခဲ့
ဝေးဆီဋ္ဌာန ၊ ခွဲနေကြသော
ချစ်ရသူတွေ ၊ လွမ်းမပြေအောင်
ညှဉ်းနေသလို ၊လေညင်းပြိုပြီ
လွမ်းငိုချင်းသာ..ဆိုတော့မည်..။

လေ-ပြည်မုတ်သုန် ၊ ကြော့ပြန် စုန်လျှင်
ရင်ခုန်လှိုက်ဖြာ ၊ဝေဒနာက
ရင်လွှာမှတက် ၊ လွမ်းချင်းဆက်၍
စက်စက်မျက်ရည် ၊ ကြွေဆင်းသည်ကို
ဝေးဆီချစ်ပျို ၊ သိစေလိုပြီ
လွမ်းဖို ရင်မှာ ..နွေးတော့သည် ..။

ညင်း-သွဲ့သုန်သုန် ၊ မိုးမှုန်မှုန်ကြောင့်
လွမ်းဟုန်မြင့်ကာ ၊ ဝေဒနာက
ဖြေရာမရှိ ၊ လွမ်းဒဏ်ပိသော်
မချိရင်ဝယ် ၊ ဗျာပါကြွယ်လျက်
သက်လှယ်မေ..သို့ ၊ လွမ်းစိတ်ပို့ပြီ
လွမ်းစို့မျက်နှာ ..ညိုတော့သည်..။

                     ရတုသစ်
      ( 11 /10 /2012 ..7 :55 PM)

(မှတ်ချက်=ခေါင်းစဉ်ပေးသူ ထော်ဦး (ဘားအံကွန်ပျူတာ)
 ခေါင်းစဉ်အမည် မိုးခြွေလေညင်း...)
အွန်လိုင်းလင်းရောင်ခြည်မှာ နှစ်ပုဒ်ဖြစ်နေမည်စိုးသောကြောင့်မတင်ဖြစ်ပါ၊။

တရွေ့ပြီးတရွေ့..ရွှေ့

ငယ်ငယ်ကဘာဆိုဘာမှန်းမသိလို့ရွှေ့ခဲ့
ချစ်တတ်တဲ့အရွယ်မှာအချစ်အတွက်တွေးရင်း ရွှေ့ခဲ့
ရှေ့ဆက်မဲ့ဘ၀အတွက်စီးပွားရေးတွေဆီ ရွှေ့ခဲ့
ရတာနဲ့မလောက်ငတဲ့လိုဘတွေထမ်းပိုးပြီးကြီးပွားရေးတွေဆီ ရွှေ့ခဲ့
ကျရှုံးခဲ့တာတွေနဲ့ရောယောင်ကျရှုံးရင်း ရွှေ့ခဲ့
အောင်မြင်ခဲ့တာတွေနဲ့မျောပါမာန်ဝင့်ရင်း ရွှေ့ခဲ့
သိခဲ့တာလေးတစ်ခုစ နှစ်ခုစနဲ့ညွှန်ကြားပြသရင်း ရွှေ့ခဲ့
မသိခဲ့တာတွေသိဖို့မကြိုးစားပဲမေ့လျော့ရင်း ရွှေ့ခဲ့
ပေးခဲ့တာနဲ့ညီမျှအောင်ရလိုက်လို့ပျော်ရွှင်ရင်း ရွှေ့ခဲ့
ရခဲ့တာနဲ့ပေးဆပ်မှုကွာဟပြီး အလိုမကျရင်း ရွှေ့ခဲ့
ချစ်တဲ့မုန်းတဲ့ စိတ်တွေနဲ့စက်ရဟတ်လိုလည်ပတ်ရင်း ရွှေ့ခဲ့
မိုးလင်းတဲ့မနက်တွေမှာနိုးထရင်း ရွှေ့ခဲ့
နေရောင်ပျောက်တဲ့ညတွေမှာအိပ်စက်ရင်း ရွှေ့ခဲ့
ရွှေ့ခဲ့လို့ ရွေ့နေမှန်းမသိလောက်အောင် ရွှေ့ခဲ့
ရပ်နေခဲ့ရင်းရွေ့နေမှန်း မသိလို့ ရွှေ့ခဲ့
ရွှေ့ခဲ့တဲ့အရွေ့တွေက တစ်နေ့ထဲမဟုတ် နေ့ရွှေ့ ညရွှေ့
တရွေ့ရွေ့နဲ့နီးလာတဲ့ခြောက်ပေကျင်းဆီမရွှေ့ချင်ရွှေ့ချင် ရွှေ့
မတွေ့ချင်လည်းတွေ့ရမယ့်အရွေ့တစ်ခုက
မနေ့ကမဟုတ်ခဲ့ဘူးဆိုရင်..ဒီနေ့
ဒီနေ့မတွေ့သေးရင်..မနက်ဖြန်
နာရီလက်တံတွေအားပြတ်လို့ရပ်နေရင်တောင် ရွေ့ဖြစ်အောင်ရွေ့
တွေ့ဖြစ်အောင်တွေ့ရမယ့် နေ့တစ်နေ့ကို
နေ့ရွှေ့ ညရွှေ့နဲ့တစ်ရွှေ့ထဲရွှေ့ရင်း
တမေ့ထည်းမေ့လာတဲ့နောက်ဆုံးအရွှေ့အတွက်
တရွေ့ပြီး...တရွေ့..။

                      ရတုသစ်
          ( 11/ 10/ 2012 --10: 15 PM)

Tuesday, October 9, 2012

မိုးခြွေလေညင်း

မြေသင်းနံ့နဲ့တရှိုက်မက်မက်အလွမ်းသင့်
ပုရစ်ဖူးတွေဝင့်မယ့် စာမျက်နှာထက်
တလက်လက်လျှပ်ပြက် စီးဆင်း
သေသောသူတွေထမြောက်မယ့်ရှင်သန်ခြင်းအငွေ့အသက်များ
အနောက်တောင်ဆီကမြစ်ဖျားခံခဲ့ပေါ့ ။

အသုရာတို့ရဲ့စစ်ရေးပြင်အခမ်းအနားဟာ
လောကကိုတစ်ဝမ်းတစ်ခါးလှစေခဲ့
မာဃရဲ့ဝရဇိန်သွားပွတ်ဆွဲမှုအောက်
လက်တောက်နေတဲ့တိမ်မျက်ရည်တွေဒလဟော..ဖြာဝေ
ရေသေပင်လယ်ရဲ့မွတ်သိပ်မှုကိုအဆာပြေခွံ့ကျွေးထားရဲ့..။

ခါးရှရှအက်တမ်တွေပေါက်ကွဲဖို့
မှိုင်းညို့ညို့မုတ်သုန်ရဲ့တစ်ကျော့ပြန်လမ်းတစ်လျှောက်
ပန်းကောက်သူတွေက  လန်း
ကမ်းပျောက်သူတွေက လွမ်းရပြီလေ.။

မြွေတွန်သံကိုကျောခိုင်းလို့
အသိုင်းအ၀ိုင်းနဲ့ဖားတို့ မိုးမျှော်တေးရွတ်သံတွေ
ညံညံစီစီ ကြားရမယ့်ဥတုဝဿန်ကို
တစ်ကြိမ်ပြန်ဖန်ဆင်းမယ့် လေညင်း
ဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လာတဲ့အခါ
တိမ်လွှာမို့မို့ကွဲကြေသက်ဆင်းခဲ့
ပင်လယ်ရဲ့သက်ပြင်းချသံတွေသက်ငြိမ်တိတ်ဆိတ်သွား
ကလေးများရဲ့ ''မိုးကဗျာ" ရွတ်ပွဲလည်းအချိန်သင့်ပြီ..။

အလွမ်းသင့်ဆေးစက်တို့နဲ့ရေးခြစ်ရင်း
ပဇ္ဖုန်ရဲ့ပျိုမြစ်ခြင်းဟာ
နွေခေတ်ကိုအိုမင်းသွားစေသလား?
နာဖျားနေတဲ့ကမ္ဘာကိုမျက်နှာသစ်ပေးမယ့်မိုး
အပူတွေခိုးခိုးပြီသွန်ခဲ့တဲ့အခါ
မြေကမ္ဘာရဲ့ရှက်သွေးဖြာအလှက
မှိုင်းပျပျနဲ့အိနြေ္ဒရလိုက်ပုံများ
လေညင်းက အားရကျေနပ်နေခဲ့တယ်...။

                      ရတုသစ်
     (9 / 10 /2012 ..8 :15 PM)

Monday, October 8, 2012

ချစ်သူအတွက်

အို..ခရေ
သက်ဝေ အတွက်
သင်းကြိုင်လျှက်
ဆင်းသက်မြေလွှာ..မွှေးပါလေ.။

အို..သဇင်
ချစ်ကြင်သူတွက်
နန်းဆန်လျှက်
ဝင်းလက်ကေသာ..ထွေးပါလေ..။

အို..ပိတောက်
သက်လောက်ချစ်ရ
ချစ်သူလှတွက်
မွှေးမြကြိုင်လန်း
ပွင့်တင့်ဆန်းကာ
အခမ်းနားဆုံး
သေချာပြုံး
ကြော့ဆုံးရင်ဝယ်..အေးပါလေ..။

                  ရတုသစ်
        ( 8/ 10/ 2012 ..4-37 AM)

Sunday, October 7, 2012

အလွမ်းမိုး

လွမ်းငွေ့ပွေလီ  
လွမ်းရာသီဝယ်
လွမ်းတည်ရင်စို့ 
လွမ်းလက်တို့လျက်
လွမ်းဖို့ဖန်လာ    
လွမ်းစေပါသော်
လွမ်းကာထိုင်ငေး
လွမ်းပိုက်ထွေးမိ
လွမ်းရေးခက်ကြုံ
လွမ်းဖွယ့်ဘုံမှာ
လွမ်းဟုန်လှိုက်ဆူ
လွမ်းနေသူတွက်
လွမ်းပူမိကာ
လွမ်းဝဋ်ကြာအောင်
လွမ်းနာထားရစ်
လွမ်းဒဏ်ဖြစ်ဖို့
လွမ်းကျစ်သည့်ကြိုး
လွမ်းရစ်တိုးပြီ
လွမ်းမိုး စိုစေ..ရင်ခွင်မြေ..။

လွမ်းမိုးကခြွေ
လွမ်းရလေတည့်
လွမ်းနေသောသူ
လွမ်းအောင်ကူခဲ့
လွမ်းဆူရင်ထဲ
လွမ်းအသဲက
လွမ်းမြဲနေ့စဉ်
လွမ်းစိတ်ယှဉ်၍
လွမ်းကျဉ်ခံခက်
လွမ်းရက်  ဆက်ကာ
လွမ်းအက်ကွဲကြေ
လွမ်းလွန်လေလည်း
လွမ်းပြေတမ်းချင်း
လွမ်းဇာတ်ခင်းလျှက်
လွမ်းတင်းချည်နှောင်
လွမ်းပိုအောင်သာ
လွမ်းဆောင်ကြီးစိုး
လွမ်းတွေတိုးပြီ
လွမ်းမိုးပြိုနေ..လွမ်းနေ့တွေ..။

                  ရတုသစ်
 (၇-၁၀-၂၀၁၂---၈-နာရီ+၅၀ မိနစ်)

Saturday, October 6, 2012

ခပ်ထိုင်းထိုင်းလူငယ်တစ်ယောက်ရဲ့အခင်းအကျင်း

စိတ်ကူးတွေ/သင်္ကေတတွေနဲ့လိုက်တမ်းပြေးတမ်းကစားခဲ့
မမှီလိုက် နောက်ကျလိုက်နဲ့အချိန်ပြလက်တံတွေရဲ့အလှောင်ခံရပေါ့
လူနဲ့လောက သဟဇာတဖြစ်ဖို့ဘ၀နေနည်းအနုပညာမတတ်မြောက်နိုင်သေး
မိုပါဆွန်းနဲ့ ချက်ကော့ဗ်တို့ကိုအခုထိဖမ်းမမိသေး
''ဆေးစက်ကျရာ အရုပ်ထင်တယ် "ဆိုတဲ့ဝေါဟာရကိုသဘောမပေါက်သေး
ရေးလိုက်တဲ့ကဗျာတိုင်းစိတ်ဖြေရာတစ်ခုသာ မကကြောင်းမရှင်းလင်းနိုင်သေး
မော်ဒန် /ဂန္ထ၀င် ခေတ်ပေါ်/ခေတ်ပြိုင်အခင်းအကျင်းမှာနေရာမယူတတ်သေး
ဒေါမနစ်လာပီယေးရဲ့ဇာတ်ကောင်''ဟာစရီပါး"လိုသွေးထဲမှာရေတွေချည်းရှိနေတာမဟုတ်သေး
မာသာထရီဇာပြောတဲ့'' ခံစားမှုသည်နာကျင်မှုကိုပေးသည် "ဆိုတာ လက်မခံနိုင်သေး
စက်ဝိုင်းတစ်ခုကပြတဲ့မူလ နဲ့အန္တိမကို နားကြားလွဲနေသေး
ကမ္ဘာကိုတစ်စက္ကန့် ( ၀, ၆၄)မိုင်ပုံမှန်လည်ပတ်နေတဲ့လတစ်စင်းကိုချစ်ပေမယ့်
သူ့လိုကိုယ့်ဝန်ရိုးပေါ်ကိုယ်ပုံမှန်လည်ပတ်တတ်ဖို့အခြေမခိုင်သေး
''တရားရပြီးမှ ထပ်မံငြင်းခုံစရာ..တရားမရှိ "ဆိုတဲ့ဆိပ်ကမ်းကိုမကပ်နိုင်သေး
နာဇီစစ်ခေါင်းဆောင်ဖြစ်ခဲ့တဲ့စက်ချုပ်သမားသားတစ်ယောက်ရဲ့ကြိုးပမ်းမှုကိုအတုမယူချင်သေး
တဂိုး ရဲ့''ဥယျာဉ်မှူး" တောင်းခဲ့တဲ့ဆုမျိုးတောင်းတတ်ဖို့နှလုံးကြွက်သားတွေမသန်မာသေး
အမြင်အာရုံပိုလျှံမှုများလွန်းလို့အနီးကပ်ဆုံးပုံရိပ်ကိုမဖမ်းဆုပ်နိုင်သေး
ိစိတ်သောကတိုက်ဖျက်ရေးဗျူဟာတွေထဲကတဂိုး နဲ့ဘာထရန်ရပ်ဆယ်ကိုကျော်ပြီး
ဝင်စတန်ချာချီရဲ့ဗျူဟာကိုဘာ့ကြောင့်ပိုကြိုက်မိမှန်းမသိရသေး
ဆရာမဂျူးရဲ့ ''သစ်တောလမ်း "၀တ္ထုတိုလေးဖတ်မိတိုင်းရင်ဘတ်အောင့်တဲ့အဓိပ္ပါယ်ကိုမစစ်ကြောနိုင်သေး
ဒီလိုနဲ့..ကိုယ်ပိုင်ဝန်ရိုး ပေါ်မှာတစ်လိမ့်ပြီးတစ်လိမ့်လည်ပတ်ရင်း
ထုံထိုင်းခြင်းတွေကိုဖြေဖျောက်ဖို့နည်းလမ်းသစ်ရှာဖွေမိ
မိထားတဲ့ငါးတိုင်း သေးနေတယ်လို့ခံစားမိနေသမျှ
IT မကတော့တဲ့ ICT ခေတ်ကြီးထဲမှာ Speed တွေသံချေးတက်လို့
တစ်ရွှေ့ထဲရွှေ့နေမိတဲ့ အရွေ့ထဲမှာတစ်ယောက်ထဲငေးနေတဲ့လူဟာ..
ကိုယ်တိုင်ဖြစ်ကြောင်းပြောပြဖို့နှုတ်ဆွံ့မိနေသေး...။

                                                ရတုသစ်
                               (  6 / 10 /2012 --9 :17 PM )

ကြယ်ပွင့်အိပ်မက်


သမိုင်းပေးဘ၀က တစ်လမ်းသွားပဲ
အင်အားနည်းနေတဲ့မျက်ဝန်းတွေကနားခိုရာမဲ့လို့
အမှည့်လွန်သီအိုရီရိုက်ချက်များ
လတ်ဆတ်မှုကင်းမဲ့နေတဲ့အိပ်မက်အပုပ်အသိုးများ
ညှိုးလျော်နွမ်းရိနေတဲ့အသက်ငင်မျှော်လင့်ချက်များ
သယ်ဆောင်ခရီးဆက်ဖို့ဖန်ဆင်းခံခဲ့ရသလား
တစ်လမ်းတည်းမှာတောင်
မျက်နှာချင်းဆိုင်ရပ်ခွင့်မရတဲ့ဘ၀ကို ခါးမိတယ် ။

အမှောင်တွေကြီးစိုးတဲ့ညသိုးသိုးကြီးတွေကို
ငါ တစ်ယောက်ထဲကြီတ်မှိတ်မျိုချနေမိ
အခုထိ လရောင်ရဲ့အစွန့်ပစ်ကို ခံနေရဆဲပေါ့ ။
မတည်မြဲတတ်တဲ့အချင်းအရာနဲ့မို့
ဘ၀ဆိုတာလက်ဖ၀ါးပေါ်ကဇယားကွက်တွေလား
ေ၀၀ါးမိနေရဲ့...။

လရောင်မဲ့တဲ့ညတွေထဲထိ
အတူရှိနေတဲ့ကြယ်ပွင့်လေးရေ...
ခုနစ်စဉ်ကြယ်အမြီးထောင်တဲ့အချိန်ထိ
မင်းကိုရှာမိနေဆဲပါပဲကွယ်..
ဒါပေမယ့်..အလင်းတံခါးတွေဖွင့်ထားတဲ့အချိန်တွေဆို
ကိုယ့်ခြေထောက်ကို ကြိုးတုပ်လို့
တစ္ဆေ တစ်ကောင်ရဲ့ငုပ်လျှိုးမှုမျိုးနဲ့
အလင်းကို ခိုးခိုးပြီး သွန်မိတယ်..
တစ်နေ့နေ့မှာ
မင်းရဲ့အလင်းမှုန်လေးတွေကိုတွေ့လိမ့်မယ်ဆိုတဲံ့
မ၀ံ့မရဲ အိပ်မက်လေးက..
ငါ့ ကို ခဏ ခဏ အချက်ပေးနေလို့ပါကွယ်..။

                      ရတုသစ်
              ( 4 / 10 /2012 ...9:20 PM )

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks