Wednesday, June 26, 2013
စိမ်းသက်သက်စိမ့်နေတဲ့အလွမ်း
လမင်းဖမ်းစားတဲ့ည ပေါ့
အလှတရားအားလုံး မေ့ဆေးမိကြ
ခဏတာလွင့်သွားတာမဟုတ်ဘူး
တစ်ဘဝလုံး
အရူးအမူးပိတ်လှောင် ခံထားလက်စ
အကျဉ်းသားတစ်ယောက်
မိုးကုပ်စက်ဝိုင်းအောက်မှာကြယ်ပျောက် ရှာနေမိ
လက်ရှိကိုချိုဖို့ခက်နေတဲ့ဝေးလွင့်ခြေရတွေ
ခုထိ
စိတ်ချင်းဆက်နယ်နိမိတ်ကိုမရောက်သေးဘူး
အလွမ်းဆူး
အရူးခံသပ်သွင်းထားလိုက် ရဲ့
နှုတ်မရ မယ့်အတူတူ ။ ။
ရတုသစ်
နွေးနေခြည်ဝိုင်
မနက်ခင်းဟာ
အလင်းစတွေနဲ့မနက်အောင်ဖွင့်လှစ်
ထားရ
အသားစတစ်ဖတ်ကိုကိုက်ဝါးရင်း
လဖက်ရည်တစ်ဂွပ်ကျိုက်ချရင်း
အတိအလင်းပြောမယ် နွေးနေခြည်ဝိုင်
ငါ့ အရိပ်ကို လာမချုပ်ကိုင်နဲ့
မလိုင်များတဲ့လဖက်ရည်ဆို ငါငြင်းတယ်
ပြန်ကြော်ဆီတဝင်းဝင်းနဲ့ပလာတာလည
်းငါမစားဘူး သကြားဖြူးထားတဲ့နံပြားငါမကြိုက်ဘူး
အလိုက်အထိုက်လောကထဲ
တစ်ကိုယ်စာအတိုက်အခံများနေခဲ့
အသားသုပ်တစ်ပွဲကုန်တော့မယ်
မော့ချစရာလဖက်ရည်အနည်းငယ်ကျန်သေ
းရဲ့
ဂျုံနဲ့လုပ်တဲ့မုန့်တွေဟာ
ဘာ့ကြောင့်လဖက်ရည်နဲ့လိုက်ဖက်နေ
တယ်ဆိုတာ
မတွေးဘူး
ဘယ်သူအစပျိုးပေးခဲ့တာလဲ
အနာနဲ့ဆေးက
တည့်အောင်ပေးတိုင်းလည်းမတည့်တတ်
တော့
လဖက်ရည်လက်ကျန်လေးထပ်မော့တယ်
အသားဖတ်လေးတစ်စကောက်ဝါးတယ်
တမူထူးခြားလိုက်တာမဟုတ်ပါဘူး
မင်းနာမည်ပြန်ရွတ်ကြည့်မိကတည်းက
ငါ့မှာ မြင်မြင်ရာဝိရောဓိတွေနဲ့
လူသိမခံတဲ့စိတ္တဇတွေကိုက်ခဲခံရ
စုန်းမတစ်ကောင်ထက်
မင်းပါးစပ်ကအစွန်းအထင်းများတယ်
ငါ့တရားနဲ့ငါမလုံတော့တဲ့အခါ
မျက်လုံးအစုံမှိတ်စင်းထားရ
မင်း အကြောင်းသိရသလောက်
ဘယ်အရာမှသတင်းမပေါက်တော့ဘူး
ငါ့ရေဒီယံဦးနှောက်မှာ ။ ။
ရတုသစ်
25062013
ပုရစ်ဖူးလေးထံ ပေးစာ
ခြေလွတ်လက်လွတ်စိမ်းလန်းခြင်းများ
အလျားအနံမလိုတဲ့အတိုင်းထွန်းညှိ
ခဲ့
မင်းမသိသေးတာထက်အားနည်းဖို့
ကိုယ့်မှာ...
ခွန်အားအချို့တောင်မရှိချင်တော့
ဘူး
ကိုယ့်ပုရစ်ဖူးလေးရေ...
ရနံ့မွှေးမွှေးဖြန့်ကျက်စမ်းကွယ့်
ပန်းဖြစ်ဖို့လက်မှတ်ထိုးပြီးမှတော့
လေပြည်နော့မှာတွေးမကြောက်နဲ့
ဘယ်သူမှ မကောက်ချင်နေ
ကိုယ့်ရင်မြေဆီသာလျှောက်လှမ်းလု
ိက်
တော်ဝင်နန်းထိုက်ထိုက် မထိုက်ထိုက်
ကိုယ့်အတွက်တော့
မင်းတစ်ယောက်သာပန်းမကိုဋ်ဖြစ်တယ
်။
ရတုသစ်
၂၄၀၆၂၀၁၃
ည ၉နာရီ ၂၅မိနစ်
*မေတ္တာပန်းများပွင့်စေချင်*
နယ်ခြားစိတ်လွန်
ကိုယ်ထွန်ယက်လာ
နေရာ မြေဝှမ်း
ငြိမ်းချမ်းတေးသီ. .ညီညီစီလွှင့်
ပန်းပွင့်တိုင်းလှ
မွှေးမြနုသစ်
ပန်း ဖြစ် ပွင့် ရာ
မလာစေချင်. .စစ်သံစဉ်ခါး
လူသားစစ် များ
ရင်အား ဖြန့်ကျက်
လင်းလက်ချစ်စိတ်
တွဲချိတ်ထားစမ်း. .မေတ္တာပန်းပွင့်
ချစ်ဖွင့်စိတ်ရင်း
ကိုယ်ချင်းစာ စို့
ကိုယ်တို့မြေ ယာ
ဖျားနာခြင်းတွေ. .ကင်းလွတ်စေ
ခါးလာခြင်းတွေ. .ရှင်းကျွတ်စေ ။
ရတုသစ်
၂၄၀၆၂၀၁၃
ည ၁၀ နာရီ်
အိမ်ပြန်ချင်တဲ့အခါ
မိုးရွာထဲလွှတ်တင်မိတဲ့စွန်ကလေးလို
တစ်ကိုယ်စာလုံခြုံမှုပျောက်ဆုံးခဲ့
ဘယ်လောက်မြှင့်မြှင့်မမြင့်နိုင်တဲ့စိတ်နဲ့
အရိပ်ရှာရင်း မိုးမိရင်းဖြစ်ရ
ခလုတ်ထိမှ ``တ´´ ရမယ့်အချိန်စောင့်ရမလားမေမေ
ကျွန်တော့်ရှာဖွေခြင်းခရီးစဉ်ထဲ
ဒဏ်ရာတွေပဲများလာတယ်။
အများချိုတိုင်းလိုက်မချိုနိုင်တဲ့အခါ
ကျွန်တော်သာ ခံတွင်းပျက်သူဖြစ်ခဲ့ရ
အပြောကျယ်သလောက်
အကျယ်ပြောတတ်တဲ့လောကမှာ
အမေ့သားက လှောင်ပိတ်မွန်းကြပ်လို့
နှလုံးအားချို့တဲ့နေတဲ့ရပ်ဝန်းများသာ
ကျွန်တော့်ခရီးသွားရာဖြစ်နေသလား
တစ်ခါတစ်ခါသံသယစိတ်ထွားမိရဲ့ ။
သဘောတရားတွေဒွိဟဖြစ်တဲ့အခါ
ကြင်နာစိတ်ကိုမခံစားမိတဲ့အခါ
မာယာလှည့်ကွက်ကိုချွတ်နင်းမိတဲ့အခါ
ဝရံတာလေးနံဘေး
မေမေပေးခဲ့တဲ့သြဝါဒတွေနဲ့အားဖြည့်ရ
လောကကြီးကမမှားဘူးဆိုတာလက်ခံနိုင်ဖို့
အဝေးကိုပြန်ပြန်ပို့နေရတဲ့စိတ်ကူးများ
ဘယ်အချိန်ပြန်အားပြည့်မလဲ
ဝေခွဲစိတ်ဖြာမရနိုင်တိုင်း
အမေ့ရဲ့အနန္တတံတိုင်းကြီးဆီသာ
မသက်သာမှုတွေပို့လွှတ်မိ
ကျွန်တော့်အတိဒုက္ခတွေ....။ ။
ရတုသစ်
24/06/2013
Thursday, June 20, 2013
ကျွန်တော့် စပျစ်သီးလေး... သို့
ပွင့်ပွင့်လင်းလင်း လွမ်းတယ်
အနမ်းနံပါတ်ရှာမတွေ့သေးတဲ့ ပွင့်ချပ်နှစ်လွှာဟာ
ကာလာ မတင်ဘဲ ရွှန်းမြစိုလက်နေတုန်းလား
သတိရခြင်းများ
ကျည်ဆန်ရထားတွေအတိုင်းလိပ်ပြာလွှင့်ခဲ့ပေါ့
အလွမ်းချော့တေးတို့ ရှိရာ ဆီ ။
ဝေရီရီ အလွမ်းဖွဲ့မိုး
အငြိုးတကြီးရွာနိုင်လွန်းရဲ့
အမုန်းမဲ့ ဒိုင်ယာရီလေး သိမ်းဝှက်ရာ
ရင်သေတ္တာအခန်းလေး
မိုးမိလို့ဆွေးသွားမလား ထိတ်လန့်ရ
အဲဒီနေ့က
အအေးမိသွားတဲ့ ထီးကလေးကို သနားတယ် ။
လွမ်းအားကြီးမိသူတစ်ယောက်မို့
ဘယ်လိုရေသောက်လို့မှ အလွမ်းမပြေခဲ့
လွမ်းစိတ်ပွင့်ဝေနေတဲ့အခါ
သူဟာ..
ဝိုင်မဖြစ်တော့မယ့်
ကျွန်တော့်ရဲ့ စပျစ်သီးလေးတစ်လုံးပဲ ။
သူ့အပြုံးပွင့်သစ်ဦးနဲ့
ကျွန်တော့်မှာ ပွင့်ပွင့်လင်းလင်းရူးနေရဆဲ နာရီတွေ ။                  ။
ရတုသစ်
20062013
2:30 PM
တည့်တည့်ပြောကြည့်ခြင်း ( ၇ )
ခင်ဗျားကလည်း ငါတကော
သူကလည်း ငါတကော
ကျုပ်ကလည်း ငါတကော
ယောက်ျားကလည်း ငါတကော
မိန်းမကလည်း ငါတကော
အခြောက်ကလည်း ငါတကော
ကောဠာဟလတွေလား
ကောဓ အာဃာတ တွေလား
မေတ္တာစမ်းချောင်းတွေ ကောလာတယ်
ရေစုန်မျောသွားတဲ့အဖြူထည်ချောတေ
ဘယ်လိုပြန်ရှာဖွေကြမလဲ
နေ့ခင်းကြောင်တောင်သရဲခြောက်ခံေ
နရတဲ့ဘဝ
လမ်းစပြန်မရှာမချင်း
ရှုပ်နေတဲ့လမ်းတွေဘယ်လိုမှမရှင်း
ဘူး
မပွင့်မလင်းဇာတ်
ဥာဏ်နဲ့ဖြတ်မှပြတ်မယ် အသေအချာ။ ။
ရတုသစ်
၂၀၀၆၂၀၁၃
နေ့ ၁၁း၀၀ နာရီ
Tuesday, June 18, 2013
မန်းရွှေမြို့ရှာပုံတော်
မန်းမြို့ရွှေပြည် ။      ။ရောင်နေခြည်ဖြင့်၊ ရွှင်ကြည်ချမ်းမြ ၊မြို့ရိုးလှတည့်၊ရွှန်းပစိမ်းဝေ၊
မန်းတောင်ခြေနှင့် ၊ ရစ်ခွေသာမော ၊ကျုံးတော်ကြောဝယ်၊လွင့်မျောဝိညာဉ် ၊ခိုနားချင်ခဲ့၊
သို့ပင်စိတ်ကူး၊ ရွယ်ရည်စူးလည်း ၊ ထူးထူးပြားပြား၊ ရောင်စုံခြားလျှက်၊ရှက်အားပျောက်ကွယ်၊
မန်းမျိုးနွယ်တို့၊လမ်းသွယ်လမ်းမ၊မြင်ပြန်ရသော်၊ မြန်မာ့ရှေးဟောင်း၊မန်းမြို့ကောင်းသည်၊
ခေတ်ထောင်းသည့်ဒဏ်၊ကြံ့မခံပဲ ၊လွင့်ပျံပျက်သုဉ်း ၊ စိတ်ဓာတ်နုံးသည်၊
ဆုံးရှုံး ရွှေခြေကျင်းများပါတကား ။         ။
နွမ်းဖို့ပွေလီ ။       ။ သီကရီနှင့်၊နန်းဆီနန်းသွေး ၊ပြောင်အောင်ဆေး၍ ၊ခေတ်ဆွေးခေတ်ကျန်၊
စိတ်မှာကြံလျက်၊ရွှေမြန်မာမျိုး၊ရိုးရာကျိုးကို ၊မြတ်နိုးမရှိ၊ ခေတ်လွန်ဘိသော်၊ ကျွမ်းရိပုပ်ဆွေး ၊
"ခေတ်ဟောင်းတေး"ဟု ၊ယဉ်ကျေးမှုကို ၊မဆယ်လိုဘဲ ၊ခေတ်လိုခေတ်ကြိုက်၊ခေတ်ပျက်လိုက်ကာ၊
လည်ဟိုက်ပေါင်တို၊ဆံ နီ ညို ဖြင့်၊ရင်ဖိုသွေးဆူ၊ ခိုက်အောင်မြှူလျှက် ၊ကလူဖမ်းစား၊
ပူပုံပွား၍ ၊ဘိုးဘွားတို့ထုံး ၊ပျက်ပျက်ပြုန်းသည်၊
တုန်းရုန်းပွေ ကြွေဆင်းသွားပါတကား ။      ။
ပန်းတို့ကြွေပြီ။     ။ ခေတ်ခြွေသည်တည့်၊မန်းပြည်ဌာန၊ ရိုးရာလှကို၊ရှုကြချင်လျှင်၊
ရာဇ၀င်နှင့်၊သဘင်,ပြဇာတ် ၊ရှေးစာဖတ်မှ၊ တပ်အပ်မုချ၊ ပြန်တွေ့ရလိမ့်၊ သမရောမွှေ၊
ခုခေတ်ခြေကား၊ရှုလေမြင်လေ၊ရင်ကျိုးကြေအံ့ ၊ မန်းမြေလှဓာတ်၊ ရှာဖွေလတ်သော်၊
မြို့ပတ်ချိန်သာ၊ကုန်ဆုံးပါလျှက်၊ မြန်မာရွှေမန်း၊ ပျောက်ပုံဆန်း၏ ၊ရွှေနန်းမြို့ရိုး ၊
ကျုံးဘောင်ကိုးနှင့်၊တောင်ခိုးလွင့်ဖုံး ၊မန်းတောင်ကုန်းသည်၊
တုံးလုံး ခွေနေခြင်းများပါတကား ။            ။
ရတုသစ်
၁၃၇၅ ခုနှစ်
နယုန်လဆန်း(၁၀)ရက်၊အင်္ဂါနေ့
ည ၉နာရီ၊ ၁၀ မိနစ် ။
Sunday, June 16, 2013
(၃၁)ဘုံထဲပါဝင်ပြီးသုံးမရတဲ့အသံကို...
(၃၁)ဘုံထဲပါဝင်ပြီးသုံးမရတဲ့အသံကိုကလန်ကဆန်လုပ်မရတဲ့အတိုင်းခေတ္တဆိုင်းငံ့ထားလိုက်တယ်
နေမထိအောင်လှောင်ပိတ်ထားရတော့အသံတွေဟာဆွံ့အ၊စိုထိုင်း၊အေးစက်
ဘယ်လိုကျဉ်စက်နဲ့တို့တို့ မခို့တရို့ဟာရိုးကျိုးပြီးသား ဆပ်ကပ်ကျား
ကြားလား..ကြားလား..ပြောနေတာကြားရဲ့လား..ဒါဟာသီချင်းမဟုတ်ဘူး သတင်း
ပန်းသတင်းလား၊လူသတင်းလား ၊အပူတပြင်းလိုက်ရှာမနေနဲ့ကွန်နက်ရှင်ကောင်းအောင်အရင်လုပ်
ခိုးထုပ်ခိုးထည်နဲ့အတူခိုးသားများအားလက်ရဖမ်းဆီးပြီး..လာဘ်ရသွားတာ ဟိုလူကြီးတွေ
အမေပြောတော့အမောပြေမယ်ထင်တာ..ခု..ဖတ်ဖတ်မော..ဖတ်..ဖတ် ပြီးတိုင်းမော
အကုန်သိအောင်ပြောရတော့ဒီကောင်ပဲလူစွာလိုလို၊ငပွကြီးလိုလို၊အလိုမတူသူတွေပြောကြရဲ့
ခနဲ့တာမဟုတ်ပါဘူး၊ရွဲ့တာမဟုတ်ပါဘူး၊မတည့်လို့မတော်လို့အော်နေရတာ ဆရာရေ
မျှော်သာမျှော်သည်မယုံကြည်ဖြစ်နေရတဲ့အထဲပွင့်ခက်ဝါနီဝေဒနာတွေက ရင်မှာအစီအရီ
ရီနေတာမဟုတ်ပါဘူး၊နေရီရီဝတ္ထုထဲကလို၊ရီရီချိုတို့အဖေလို၊မရယ်နိုင်တဲ့အကြောင်းပြနေတာ
ပါးစပ်ဟထားတော့ရယ်တယ်ထင်ကြတာဆန်းသလားကိုယ့်လူ၊သွားလေးဖြူနေရင်ပြီးတာပဲ
ဟုတ်ပဲနဲ့၊ဟုတ်လည်းဟုတ်ပဲနဲ့၊စိတ်ပုပ်ပြီးသွားဖြူနေရင်ဘယ့်နှယ်ရှိစ ၊ ဟုတ်သားဟ
စကားများများပြောရမယ့်သူမို့သွားကျန်းမာရေးဂရုစိုက်တာဖြစ်မှာပါ ရောင်းရင်းရာ
အသည်းအဆီမဖုံးအောင်အသီးအရွက်စား၊ ကျားလိုမကျင့်နဲ့၊လူစစ်စစ်လိုကျင့်
အဟင့်..ငိုချင်လာပြီ ၊လူလိုပဲကျင့်လို့မရဘူးလား ၊လူလို..လူလိုလို
အလိုတူမှအလိုပါမယ့်အလိုတူအလိုပါတွေအလိုလိုပေါလားပါလား...အလို
အာမေဍိတ်ဟာခါးချိတ်မရလို့ဍရင်ကောက်ကြီးအတိုင်းရင်ဘတ်မှာကောက်ချိတ်ထားလိုက်ရ
ပဋိစ္စသမုပ္ပါဒ်တွေလည်ကုန်ပြီ ၊လှည့်ကုန်ပြီ ၊မူလ/မူလီတွေ တဏှာစေရာမနေသာ
ဖွေရှာလိုက်၊တွေ့ရှိလိုက်၊ပစ်ချလိုက်၊ကောက်ယူလိုက်၊အမိုက်ဟာမှောင်နေတာပဲဗျာ
များသွားလို့ပဲဖြစ်ဖြစ်၊နည်းသွားလို့ပဲဖြစ်ဖြစ်၊ဖျစ်ဖျစ်မြည်အောင်ညှစ်မှတော့အစ်ပြီပေါ့
လည်တိုင်ကြော့တွေဟာပျော့ပျော့လာ၊ အသက်ရှူသံဟာမြန်မြန်လာ ၊၀င်သက်ဟာထိတ်ပျာလာ
သွားပါပြီ၊အနေအထိုင်တတ်မိမှအုံ့ပုန်းလိုလို၊ အမဲရိုးအားမနာတဲ့ ဟင်းအိုးလိုလို
(၁၂)မျိုးပေါင်းမှချိုမယ့်ဟင်းချိုမသောက်နဲ့တော့၊ပုတ်သင်ညိုလည်းချို၊တောက်တဲ့လည်းချိုတယ်
ယုန်ချိုတွေ၊လိပ်မွေးတွေဈေးကောင်းတာမဆန်းဘူး၊ပုဇွန်သွေးက၀ယ်လိုအားထိုးတက်နေရဲ့
"ဟုတ်ကဲ့" ပြီးရင်သဘောတူကြောင်းပြသဖို့လေးကြောင်းမျဉ်းစာအုပ်လေးနဲ့အရေးကျင့်ထားမှ
သည်၊တို့သည်..မှစပြီး ၌၊တို့၌အဆုံးဝိဘတ်ခုနစ်လုံးကို သီကုံးပန်းသွင်နေ့တိုင်းဆင်လော့
ကျသွားပေါ့ ၊အောင်စာရင်းမထွက်တဲ့စာမေးပွဲကြီးဖြေမိတာ အကျနာတယ်ဆရာရယ်
အရယ်မျက်လုံးနှလုံးမသက်သာဟာ အငိုမျက်လုံးအပြုံးမျက်နှာထက်မျက်ရည်ပေါမှန်းသိလိုက်မိ
မိမိ..မမိမိ ဖမ်းယူလိုက်တဲ့လိုင်းကြောင်ကြီးထဲ ဒီငရဲအော်သံပဲ ပွက်လောရိုက်လို့
အမိုက်တွေလင်းပါစေ ၊အတိုက်တွေကင်းပါစေ၊အခိုက်တွေကွင်းပါစေ ၊အမှိုက်တွေရှင်းပါစေ
ချို့တဲ့နေမယ့်စိတ်ကျန်းမာရေးအရပြောချင်လာတဲ့စကားတွေလည်ချောင်းရိုးအတိုင်းဆစ်ပိုင်းမြှုပ်နှံထားလိုက်တယ် ။
ရတုသစ်
Saturday, June 15, 2013
အမြင်ချွတ်ချော်ခြင်း
ဂငယ်ဖြစ်လိုက်
ဝလုံးဖြစ်လိုက်
ပစောက်ဖြစ်လိုက်
ဗထက်ချိုက်(ချိုင့်)ဖြစ်လိုက်
မမောနိုင် မဟိုက်နိုင်နာရီများ
အတ္တစေစားရာအတိုင်းကုန်ဆုံးကြ
ခုထိ
ဒုက္ခရေသောက်မြစ်ကိုစိုအောင်လုပ်နေကြတုန်း
အရှုံးအစစ်မှာနိုင်လိုစိတ်ပျောက်ရှ
မနသိကာရတိုင်းယောနိသောမဖြစ်တာအဆိုးဆုံး ။
ရတုသစ်
ထူးမခြားနာ ပြကွက်များ
ဖုံးလိုက်ကြ ဖိလိုက်ကြ
ဖာလိုက်ကြ ဖို့လိုက်ကြ
ဖဲ့လိုက်ကြ ဖိန့်လိုက်ကြ
ဖောင်းလိုက်ကြ ဖောလိုက်ကြ
ဖော်လိုက်ကြ ဖေးလိုက်ကြ
ဖူးလိုက်ကြ ဖယ်လိုက်ကြ
ဖားလိုက်ကြ ဖဲ လိုက်ကြ ။
ဘာမှမရှိတာကို အရှိကြီးတွေလုပ်လို့ ငါတို့...ငုပ်နေကြတာကြာပေါ့
ဘယ်အက္ခရာနဲ့ထွင်းထွင်း
ဘဝအလင်းက ခုံးထဖို့မေ့နေတုန်း ။
နောက်ဆုံး
သေခြင်းရဲ့စဉ်းတီးတုံးပေါ်မှာ
ခေါင်းအုံးအိပ်ကြရ ယဇ်ကောင် များလို ။
ရတုသစ်
15062013
09:40AM
Thursday, June 13, 2013
အမေ့သားဟာကလေးလေးပါပဲ အမေ
နီယွန်မီးရောင်ဖျော့ဖျော့ထဲက
ညပါးဝတဲ့ ညကို စူးစူးစိမ်းစိမ်းဆွဲထုတ်လို့
ချုပ်ရိုးပြေလျော့စအရုဏ်ဆီ ပစ်တင်လိုက်ရ
အမေ့အိမ်မျက်နှာစာက မြတ်လေးပန်းရုံဟာ
ခုလိုချိန်မှာ
ရနံ့တွေဝေဆာနေရောပေါ့ ။
ခြေချော်လက်ချော်သိပ်များတဲ့မြို့ပြနဲ့
ကျွန်တော့်အတ္တနဲ့စေ့စပ်မရတိုင်း
လက်သီးတွေပဲယောင်ကိုင်းလာတယ် ။
အစစ အရာရာ
ပါးလွှာလာတဲ့မြို့ပြ၀တ်ရုံမှာ
ကျွန်တော်သာထူထဲ တင်းကြပ်နေသလား မသိ
ဘယ်နေရာကြည့်ကြည့်
ပွင့်လင်း..မြင်သာ ဖြစ်နေမိတဲ့အချိန်
အမေ့အိမ်မှာကျန်ရစ်တဲ့ဖျင်ကြမ်းအင်္ကျီလေး
ချောင်ကွယ် မှာ ဆွေးနေမလား ။
ကိုယ့်တရားနဲ့ကိုယ် မှန်နေကြသူတွေကြား
အမေလူကြုံပါးလိုက်တဲ့လောကနီတိစာအုပ်လေး
လောကကြီးကိုတွေတွေဝေေ၀ ပြန်ငေးလို့ ။
လူကြီးလူကောင်းတွေနဲ့စာရင်
အမေ့သားဟာ ကလေးလေးတစ်ယောက်ထက်မပိုမှန်း
အမေ့အိပ်ခန်းက
ကျွန်တော့်ဓာတ်ပုံဖြူမည်းလေးကို ပြန်ကြည့်ပါ အမေ ။         ။
ရတုသစ်
Monday, June 10, 2013
အလွမ်းခါးခါး
အလည်လွန်လရောင်ကိုလိုက်ရှာရင်း
ကြယ်ပျိုးခင်းတွေဆီ ခြေဦးလှည့်မိ
သတိရစိတ်ဟာ
ကြယ်လေးတွေလို မှိတ်တုတ် မှိတ်တုတ်မဟုတ်ဘူး ။
ရူးသွပ်မှုအယ်လ်ဘမ်တစ်ချပ်အပြည့်
မေ့မရခြင်းတွေနဲ့မာတိကာလုပ်ထားရ
တကယ်တော့
ငါ့ရဲ့ဖျားနာနွမ်းရိခြင်းဟာ
မျက်ရည်မိုးမိလို့ဖြစ်ရမယ် ။
ညပျောက်ကြယ်တွေနဲ့ချုပ်စပ်ထားတဲ့ကောင်းကင်ဟာ
လွင်ပြင်အ၀ါကြီးကို တွေ့ကတည်းက
ပြာစင်မွန်ညက် ဖို့မေ့နေပေါ့ ။
ကိုယ်တိုင်ပြန်ချော့မရတဲ့သူမို့
ဘ၀က
အလွမ်းနဲ့ဓာတ်ပြုခြင်းခံထားရတဲ့သတ္တုဖျော်ရည်လို
ဘယ်အချိုနဲ့ရောလို့မှ အခါးမပြယ်တော့ဘူး...။            ။
ရတုသစ်
ကျွန်တော့်ချဉ်ခြင်းများ ( ၄ )
ပုရွက်ဆိတ်တစ်ကောင်ရဲ့ခန္ဓ္ဓ္ဓ္ဓာအိမ်လေးထဲထိ
တစ်ကိုယ်လုံး
တိုးဖိ ၀င်ပစ်လို့ရရင်ဘယ်လောက်ကောင်းမလဲ
လူစိတ်မွဲသွားတဲ့
အပ်နဖားထွင်းဆူးလိုအမြင်တွေအောက်
ကိုယ်ယောင်ဖျောက်ပြီးနေပြလိုက်ချင်ရဲ့ ။
တုံးကိုလည်း မတိုက်ချင်တော့ဘူး
ကျားကိုက်လည်းမခံချင်တော့ဘူး
အလျားလိုက်ဖြစ်ဖြစ်
အနံလိုက်ဖြစ်ဖြစ်
တည့်တည့်မတ်မတ်စီးဆင်းမဖြစ်တဲ့အခါ
မြစ်ယောင်ဆောင်ပြထားတာအကောင်းဆုံး ။
အကြောင်းမဲ့လာ လာရိုက်တဲ့ ထိုးနှက်ချက်တွေထဲ
အသံကွဲခံရမယ့် ‘‘မောင်း ” တစ်လုံးမဖြစ်ခဲ့ရင်
ငါ..ပြန်ပြုံးပြတတ်လိမ့်မယ် ထင်...။ ။
ရတုသစ်
ကျွန်တော့်ချဉ်ခြင်းများ ( ၃ )
ကမ္ဘာဟောင်းကိုပြန်မသွားချင်ဘူး
တွေ့မြင်နေကျအဖြစ်အပျက်တွေကျောက်ခေတ်ဆန်လာတယ်
အမှန်တရားဟာ
ကျောက်ဖြစ်ရုပ်ကြွင်းတွေထက်
တွက်ချက်ရခက်တဲ့ ကလိယုဂ်ခေတ်မှာကျန်ခဲ့သလား
ရေလိုက်ငါးလိုက်နေပြနေတာတောင်
ရေစုန်မျောအောင် မျှောပစ်ချင်နေသူတွေထဲ
အသည်းလည်းကောင်းမပြတော့ဘူး
ပွဲလည်းတောင်းမပြတော့ဘူး
ကိုယ့်ယုံကြည်ရာနဲ့ကိုယ်ရူးသွပ်ရင်း
နှလုံးသားရဲ့သီချင်းသစ်ကိုပဲနားဆင်မယ်
ဖြစ်ချင်ရာဖြစ်ပါစေတော့
သစ်ချင်ရာသစ်ပါစေတော့
 ငါ့ ရင်မြေကို လာမကျူးကျော်ရင် ပြီးပြီ ။ ။
ရတုသစ်
Sunday, June 9, 2013
တနင်္ဂနွေညနေတစ်ခုမှာ....
တနင်္ဂနွေညနေတစ်ခုမှာ"ပွဲသိမ်းတေးသံ" နှင့်
အတူကခုန်ခြင်း
စနေကိုပြန်ဝင်စားတဲ့
တနင်္လာရဲ့သန္ဓေသားနေ့ပေါ့ 
"ရော့..ပတ္တမြား..ရော့..နဂါး " ဆက်ဆံရေးကြား
နဂါး/ဂဠုန်/ကျား ဘာကိုရွေးရွေး
ပြန်ပေးဖို့ပတ္တမြား မရှိသေးဘူး ။
ပေးထားတာနဲ့ ရရှိလာတာ
ဘယ်လိုမှ
အကွာအဟညှိမရတဲ့အခါ
ငါတို့လည်ပင်းတွေပေါ်က ဓားတွေပဲ
ထက်ရှ စူးနစ်လာတယ် ။
တစ်သက်တစ်ခါ သေရမယ့်အရေးလောက်နဲ့
ဘာကို ကြိုတွေးပြီး ကြောက်နေမလဲ
ဗြောက်ဖောက်ဖို့စဉ်းစားပြီးရင်
အသံလွင်နေမယ့် ဗြောက်ကိုရွေးမှဖြစ်မယ် 
ဖုန်ထရုံလောက်ပဲ ကြံစည်ထားတယ်ဆို
စနက်တံ ကိုရေစိမ်ပစ်လိုက်တာအကောင်းဆုံးပဲ ။
ကဗျာဝဲမှာ မြှုပ်ထားပြီးမှတော့
နောက်ထပ်ရောက်လာမယ့် ယားနာ ကို
ထပ်ကုတ်နေစရာ မလိုတော့ဘူး 
အဲဒီလောက်ထိ
ရူးရူးသွပ်သွပ်ပစ်ယုံလိုက်မိရဲ့ ။
နတ်ကြိုက်ကြိုက် /မကြိုက်ကြိုက်
နတ်လိုက်လိုက် /မလိုက်လိုက်
ငါ့ အကြိုက်ဟာ ငါ့ ဘဝ
ဘယ်စောဒကကြောင့်မှ နောက်ပြန်မလှည့်တော့ဘူး ။
မော့သောက်ထားတဲ့ ကဗျာတစ်ခွက်နဲ့
ခရီးဆက်ဖို့အသင့်ပြင်
ငါ့ ၀ိညာဉ် တောင်ပံတဖျတ်ဖျတ် ခတ်ခဲ့ပြီ ။    ။
ရတုသစ်
Friday, June 7, 2013
အတိတ်လမ်းမှာကဗျာတစ်ပုဒ်ကျန်ခဲ့တယ်
(တစ်)    
(မျက်ရည်စက်များ၏ရာဇ၀င်) 
မရေးဖြစ်တာကြာပြီဖြစ်သောဒိုင်ယာရီစာအုပ်လေးကိုအမှတ်တမဲ့ပြန်ဖွင့်ဖတ်မိသည်။
ထိုနေ့ကနွေလည်နေ၏အပူဒဏ်ကအရှိန်ပြင်းကြောင်းသတိပြုမိ၏။ခပ်ဟဟဖွင့်ထားသည့်တိုင်တိုက်
ခတ်နေသည့်လေနုအေးကသူ့ရင်ဘတ်ဆီသို့နားခိုခြင်းမပြုခဲ့။သူနာကျင်စွာပြုံးလိုက်မိသည်။ဟုတ်
သည်။အပြုံးဟုထင်ရသောအပြုံးတစ်ချက်ကိုသူပြုံးမိလိုက်သည်။နှစ်ခြိုက်လွန်း၍ပြုံးမိသောအပြုံးတော့မဟုတ်ခဲ့။
သက်မဲ့ဖြစ်သောလေနုအေးကတောင်သူ့ရင်ဘတ်ဆီမတိုးဝှေ့မနားခိုချင်သလိုဖြစ်နေသည်ဟုတွေးမိသောကြောင့်ပင်
။အေးမြခြင်းသီအိုရီနှင့်ပတ်သက်လျှင်သူ့ရင်ဘတ်သည်အမြဲတမ်းစည်းခြားခံနေရလေ့ရှိသည်။သူ၏အေးမြခြင်းနှင့်ပတ်
သက်ဆက်နွယ်ခဲ့ဖူးသောမိန်းကလေးတစ်ယောက်သည်လည်း…..။
              ဒိုင်ယာရီစာအုပ်ကိုပိတ်ပစ်လိုက်ရ၏။သူ၏ကစဥ့်ကလျားဖြစ်နေမှုကိုတောင်သမန်အင်းကြီး
ကမသိ။မယ်ဇယ်ပင်တန်းများကမဆိုင်သလိုမျက်နှာပေးများနှင့်သာ။ဦးပိန်တံတားကြီးသည်ပင်သူ့ကို
ဥပေက္ခာပြုထားခဲ့လေပြီ။
                နေပူရှိန်ကျသွားပြီမို့လမ်းလျှောက်ထွက်ရင်းလေညင်းခံလာကြသောချစ်သူစုံတွဲများဖြင့်
ဦးပိန်တံတားကြီးနှင့်တောင်သမန်အင်းစောင်း၏စည်ကားမှုကလှုပ်ရှားသက်ဝင်နေပေပြီ။တောင်သမန်
၏နေ၀င်ချိန်ရှုခင်းကိုအမိအရမှတ်တမ်းတင်နေကြသောကမ္ဘာလှည့်ခရီးသွားများကိုလည်းတွေ့နေရ၏
။တောင်သမန်အင်းစောင်း၏ညနေခင်းတစ်ခုမှာသူတစ်ယောက်တည်းအသည်းကွဲကျန်ရစ်ခဲ့ရမည်မှန်း
အစကကြိုသိခဲ့လျှင်ဘယ်လောက်ကောင်းမည်နည်း။ကြိုတင်ကာကွယ်မှုများပြုလုပ်ဖို့အချိန်ရခဲ့လိမ့်မည်
ထင်သည်။လက်ရှိအချိန်မှာတော့သူတစ်ယောက်တည်း...။
             ဦးပိန်တံတား၏တစ်ခုသောကျွန်းတိုင်ကိုမှီရင်းငေးမောနေမိ၏။ကျွန်းတိုင်ဘေးမှာကပ်ရိုက်
ထားသော(၂၂၆)အမှတ်အသားလေးကလည်းသူ့ကိုလှောင်ပြောင်နေသည်။ထို (၂၂၆ )အမှတ်အ
အသားအောက်မှကော်ရက်ရှင်ပင်န်ဖြင့်ရေးထိုးထားသောကမ္မည်းစာကြောင်းလေးကလည်းသူ့ကိုမခိုး
မခန့်ကြည့်နေ၏။လေပြည်တစ်ချက်သုတ်သွားသောအခိုက်အတန့်မှာကျလာသောမျက်ရည်စက်များ
ကိုလေပြည်ကတောင်သမန်အင်းရေနှင့်အတူရောနှောဖို့သယ်ဆောင်သွားသည်။သူပြန်ဆယ်ဖို့ကြိုး
စားရမည်။မျက်ရည်စက်များ၏ရာဇ၀င်ကိုရေနစ်စေဖို့သူ့မှာဆန္ဒမရှိခဲ့။ဒိုင်ယာရီစာအုပ်လေးအားအင်္ကျီ
ချွတ်၍သေချာပတ်ထားလိုက်သည်။ပုဆိုးကိုခါးတောင်းမြှောင်အောင်ကျိုက်၍ကျီစယ်ပြေးလွှားနေသောရေ
လှိုင်းကလေးများရှိရာဆီဒိုင်ဗင်ထိုးချလိုက်သည်။
ဝုန်း !!!!!
( နှစ် )
(ဒိုင်ယာရီတစ္ဆေ )
              တစ်စုံတစ်ခုပြုတ်ကျသံလိုလိုကြားလိုက်ရ၏။အတွေးအမျှင်တန်းပြတ်တောက်သွားသည်
မို့ထိုအသံကိုစိတ်ဆိုးမာန်ဆိုးဖြင့်ကျိန်ဆဲပစ်လိုက်မိသည်။အသံကြားရာဆီသို့သွားကြည့်မိ၏။လေပြင်းတိုက်
ခတ်သောကြောင့်ပြတင်းပေါက်တံခါးပိတ်သွားခြင်းပင်။ချိတ်ထားသောပြတင်းပေါက်ချိတ်များကလေပြင်း
ဒဏ်ကိုတင်းမခံနိုင်တော့။ပွင့်နေသေးသောပြတင်းပေါက်များကိုလိုက်ပိတ်လိုက်ပြီးနောက်တစ်ခန်းလုံးမှောင်
သွား၏။လေပြင်းတိုက်ခတ်ချိန်မှာလျှပ်စစ်မီးလည်းပြတ်တောက်သွားပြီဖြစ်ကြောင်းသိလိုက်ရ၏။
                အမှောင်ထဲမှာစမ်းတ၀ါးဝါးလျှောက်ရင်းစာကြည့်စားပွဲဆီသို့စိတ်မှန်းဖြင့်သွားလိုက်သည်။
စားပွဲပေါ်မှအားသွင်းထားသောစာကြည့်မီးလေးကိုဖွင့်လိုက်သောအခါသားရေဖုံးဒိုင်ယာရီစာအုပ်လေးက
သူမကိုလှမ်းကြည့်နေသလိုမျိုးစိတ်ထဲမှာခံစားရ၏။တစ္ဆေတစ်ကောင်လိုခြောက်လှန့်နေသောဒိုင်ယာရီ
စာအုပ်လေးကိုလွှင့်ပစ်ဖို့စိတ်ကူလိုက်မိသည်။သို့သော်…ဒိုင်ယာရီစာအုပ်ကြားမှတစ်စွန်းတစ်စထွက်
ပေါ်နေသောခရမ်းရောင်စာရွက်ပိုင်းလေးကသူမစိတ်ကိုညှို့ယူဖမ်းစားသွားပြန်သည်။ထိုစာရွက်လေး
ထဲမှာသူ့ရင်ခုန်သံလေးများမြှုပ်နှံထည့်သွင်းထားကြောင်းသူမသိသည်။ပြန်မဖတ်တော့ဟုစိတ်ကိုတင်း
ထားသည့်ကြားမှပင်မမြင်နိုင်သောစွမ်းအားတစ်ခုကပြန်ဖတ်ကြည့်ဖို့တိုက်တွန်းနေသလိုလို။
                  သူမကိုယ့်ကိုယ်ကိုမညာချင်တော့။ကိုယ့်ကိုယ်ကိုညာရခြင်းလောက်ပင်ပန်းတာမရှိဟု
သူမထင်သည်။ခရမ်းရောင်စာရွက်လေးကိုဆွဲထုတ်လိုက်မိသည်။သေသေသပ်သပ်ရေးထားသော
သူ့ခံစားချက်လေးများကအနီးနားမှာလာကပ်ပြီးပြောပြနေသည်ဟုထင်ရလောက်အောင်ထိရှလွန်းလှ၏။
                       "" တကယ်မဖြစ်နိုင်တော့လို့
                          လမ်းခွဲရပြီဆိုရင်
                         အရင်ဆုံးနှုတ်ဆက်ရသူက
                         ငါ..မဖြစ်ပါရစေနဲ့။
                         ဒါပေမယ့်….
                        မျက်ရည်တော့ ငါအရင်ကျပါရစေ""
                     သူမကိုယ်တိုင်နေ့တိုင်းမျက်ရည်ကျနေရသည်ကိုသူ သိခွင့်မရှိတော့။အချစ်သည်
ဖြောင့်ဖြောင့်သွားမရသည့်အခါကွေ့ကောက်ပြီးသွားတတ်သည်ဆိုသောဒဿနတွေကိုလည်းသူမမယုံချင်တော့။
သာယာဖြောင့်ဖြူးခဲ့ဖူးသောသူနှင့်သူမတို့၏အတိတ်ဇာတ်လမ်းလေးကနှစ်ဦးသား၏ဒိုင်ယာရီစာအုပ်လေးတွေ
ထဲမှာပဲကျန်ရစ်တော့သည်။ချစ်သက်သေအဖြစ်မှတ်တမ်းတင်ခဲ့ဖူးသောနေရာဟောင်းလေးများကိုသူနှင့်
အတူရပ်ဝေးတစ်နေရာမှာချန်ထားခဲ့ရပြီ။သူ့ကိုဆွေးဆွေးမြည့်မြည့်လွမ်းဆွတ်နေမိသည့်သူမအဖြစ်ကို
သူသိခွင့်မရှိနိုင်တော့။
                   တောင်သမန်အင်းကြီးနှင့်ဦးပိန်တံတားကြီးကိုလည်းလွမ်းသည်။သူနှင့်အတူထိုင်နေကျ
ဖြစ်သောမယ်ဇယ်ပင်ကြီးအောက်ကခုံတန်းလေးကိုလည်းလွမ်းမိပြန်သည်။တိုင်အမှတ်(၂၂၆)ကိုလည်း
လွမ်းဆွတ်နေမိသည်။"ခုချိန်ဆို..သူဘယ်ရောက်နေပြီလဲ..ရင်ခွင်သစ်တွေ့နေပြီလား"ဟုမတွေးရဲရဲနှင့်တွေး
ကြည့်နေမိသည်။မျက်နှာသာမပေးခဲ့သောကံဇာတ်ဆရာအလိုကျအလွမ်းအဆွေးခန်းမှာကပြဖို့သဘောတူခဲ့
ရသည့်တိုင်သူ့ကိုတစ်နေ့မှမမေ့ခဲ့။နေ့တိုင်းညတိုင်းလွမ်းသည်။ပါးချိုင့်လေးခွက်သွားအောင်ပြုံးတတ်သော
သူ့အပြုံးနုလေးတွေကိုပြန်မြင်ချင်မိသည်။ပြေပြေအေးအေးလေးပြောတတ်သောသူ့စကားသံလေးတွေ
ကိုပြန်ကြားချင်မိသည်။သူရွတ်ပြတတ်သည့်ဆရာတက္ကသိုလ်ဘုန်းနိုင်၏ကဗျာလေးတွေကိုပြန်ခံစားကြည့်ချင်သည်။
                    သူမ၏လွမ်းဆွတ်မှုမှတ်တမ်းကသူအသိအမှတ်မပြုသရွေ့ခမ်းနားနိုင်မည်မဟုတ်။သူ
မတစ်ယောက်တည်းစိတ်တစ္ဆေခြောက်ခံနေခဲ့ရသောနေ့စွဲများစွာကိုသူနားလည်လိမ့်မည်မထင်။လောကသဘာဝ
၏ထုထောင်းရိုက်နှက်မှုမှာသူနှင့်အတူတူသူမနှလုံးသားလေးပြုတ်ကျကျန်နေခဲ့ကြောင်းသူသိစေချင်မိသည်တော့
အမှန်ပင်။"အချိန်သည်သမားတော်"ဟုဘယ်လိုပင်ပြောပြောသူမလက်မခံနိုင်ခဲ့။အချိန်ရှိသမျှတိုက်စားခံနေရသော
အလွမ်း၏ရသကကုစားရခက်လွန်းသည်။ဆူးဆိုလျှင်ပင်နှုတ်ပစ်ရန်လွယ်ကောင်းလွယ်မည်ဖြစ်သော်လည်း
မျက်စိဖြင့်မမြင်နိုင်သောအလွမ်းဆူး၏စူးနစ်မှုကတူးနှုတ်ပစ်ရန်ခက်ခဲလွန်းသည်။နှလုံးသားမှာစူးသည့်ဆူးမို့
နက်နက်ရှိုင်းရှိုင်းစူးနစ်တတ်မှန်းခံစားဖူးသူတွေမှနားလည်နိုင်ပေလိမ့်မည်။သူ့အကြောင်းတွေတွေးရင်း
အိပ်ပျက်ညတွေများလာခဲ့သည်။ကျန်းမာရေးလည်းမကောင်းချင်တော့။ဆရာဝန်ပြောသည့်အတိုင်းဆိုနှလုံးရော
ဂါပင်ဖြစ်စပြုလာပြီ။အိပ်ဆေးသောက်၍အိပ်နေရသောဘ၀ကြီးကိုစိတ်ပျက်မိ၏။အအိပ်မမှန်သောကြောင့်
အစားအသောက်ကလည်းပုံမမှန်။လေပြင်းကျ၍မီးပျက်သောညမှာသူ့ကိုပိုပြီးလွမ်းမောမိသည်။ပိုပြီးတောင့်တ
မိ၏။သူသာအနားမှာရှိနေလျှင်ငြီးငွေ့မိမှာမဟုတ်။သူ့ကဗျာချိုချိုလေးများဖြင့်နှစ်သိမ့်နေမည်မှာမလွဲ။
ခုတော့..သူကအဝေးမှာ..။သူမဆက်ပြီးမခံစားနိုင်တော့။သောက်နေကျအိပ်ဆေးကိုလိုအပ်သည်ထက်
ပိုသောက်ဖို့နှလုံးသားကအမိန့်ပေးသည်။ဦးနှောက်ကလက်မခံခဲ့။
                     မင်းနန္ဒာနှင့်ရှင်မွေ့နွန်း၊မောင်ဖေငယ်နှင့်ဒိုင်းခင်ခင်၊ရိုမီယိုနှင့်ဂျူးလိယက်တို့အကြောင်းသူပြောပြ
တုန်းကတကယ်မဖြစ်နိုင်ဟုစောဒကတက်ခဲ့ဖူး၏။ကိုယ်တိုင်ခံစားရသောအခါမှအချစ်အလွမ်းတို့၏တိုက်စားမှုမှာ
ပင်းထန်ကြောင်းအသိအမှတ်ပြုမိသည်။တွေးလေနာကျင်လေဖြစ်လာရသည့်ဝေဒနာကိုသည်းမခံချင်တော့။
ဦးနှောက်ကိုခေါက်သိမ်းပြီးနှလုံးသားအမိန့်ကိုနာခံလိုက်သည်။လိုအပ်သည်ထက်ပို၍အိပ်ဆေးသောက်ပစ်
လိုက်၏။သိပ်မကြာလိုက်။အမှောင်သည်သူမ၏သိမှုနယ်ပယ်အကုန်လုံးလွှမ်းခြုံဝါးမျိုသွားခဲ့သည်။   
                                                   ( သုံး )
                   "နှလုံးအထူးကုဆရာဝန်"ဟူသောဆိုင်းဘုတ်ကိုတစ်ချက်မော့ကြည့်ပြီးဒေါက်တာအောင်မျိုးပြုံး
လိုက်သည်။ဆေးစစ်ချက်စာရွက်နှစ်ရွက်ကိုဖိုင်တွဲလေးဖြင့်ညှပ်၍သူ့လူနာနှစ်ယောက်၏နောက်ဆုံးရအခြေအနေ
ကိုစုံစမ်းရန်အခန်းထဲမှထွက်လာခဲ့၏။အချစ်ကြောင့်မဖြစ်သင့်ပဲဖြစ်သွားရသောလူနာနှစ်ယောက်၏ဘ၀ကို
သနားနေမိသည်။အချစ်သည်ကောင်းကျိုးပေးသောအရာမဟုတ်ပါလားဟုလည်းသူတွေးနေမိ၏။နာရီကို
တစ်ချက်ကြည့်ရင်းကော်ရစ်ဒါမှာခဏရပ်နေမိသည်။လူနာဆောင်သို့မ၀င်ခင်နာ့စ်မလေးတစ်ယောက်
အားခေါ်၍အမိန့်ပေးလိုက်သည်။
            " လူနာနှစ်ယောက်ရဲ့နောက်ဆုံးရအခြေအနေကိုဆရာ့ဆီအမြန်ဆုံးသတင်းပြန်ပို့ပါ"
                အရိုအသေပေးပြီးထွက်သွားသောနာ့စ်မလေး၏မျက်နှာမှခံစားချက်ကိုဒေါက်တာအောင်မျိုးမမြင်လိုက်မိ။
ထို့အတူသူ့နောက်ကွယ်မှစောင့်ကြည့်နေသောမိခင်၏မျက်နှာနွမ်းနွမ်းကိုလည်းမမြင်ခဲ့။သူ့စိတ်ထဲမှာလူနာနှစ်ယောက်
ကိုအကောင်းဆုံးကုသပေးနိုင်ဖို့သာစွဲမှတ်ထားသည်။လူနာကိုအကောင်းဆုံးကုသပေးနိုင်ရေးထက်အရေးကြီးတာ
မရှိဟုလည်းသူခံယူထားသည်။ပြန်ရောက်လာသောနာ့စ်မလေးကသူ့ကိုလူနာနှစ်ယောက်၏အခြေအနေလာပြောသည်။
             " လူနာနှစ်ယောက်လုံးဆေးတိုက်ထားလို့အိပ်နေကြတယ်ဆရာ.."
ထိုအခါမှသက်ပြင်းဖွဖွကိုချရင်းအခန်းတွင်းသို့ပြန်ဝင်ခဲ့လိုက်သည်။ဆေးစစ်ချက်ဖိုင်တွဲလေးကိုဘေးမှာ
ချ၍နာ့စ်မလေးယူလာပေးသောနွားနို့ကိုသောက်ပြီးအနားယူနေလိုက်သည်။နှလုံးရောဂါဝေဒနာရှင်နှစ်ယောက်
အတွက်တတ်စွမ်းသမျှကုသပေးမည်ဟုလည်းစိတ်ကိုဒုန်းဒုန်းချဆုံးဖြတ်ထားလိုက်၏။သိပ်မကြာလိုက်။
အိပ်ချင်စိတ်ဖြစ်လာသောကြောင့်ခုတင်ပေါ်တက်လှဲနေလိုက်သည်။မျက်လုံးများမှေးစင်းကာဘယ်အချိန်
အိပ်ပျော်သွားမှန်းမသိလိုက်တော့။
                                                     ( လေး )
"ဒေါက်တာ..သားလေးရဲ့အခြေအနေဘယ်လိုရှိလဲ..မေးချင်လို့ပါရှင်"
ဆို့နင့်အက်ကွဲနေသောအသံဖြင့်မေးလာသောလူနာရှင်အန်တီကိုဒေါက်တာနွယ်လေးသနားနေမိသည်။
မိမိလူနာ၏မိခင်ဖြစ်နေသည်မို့လူနာ၏အခြေအနေကိုသေချာရှင်းပြလိုက်မိ၏။ပျက်ယွင်းသွားသော
မျက်နှာကိုပြန်ပြင်၍ထွက်ခွါသွားသောထိုအန်တီ၏နောက်ကျောကိုအမှတ်မဲ့စွာကြည့်မိရင်းသက်ပြင်း
ဖွဖွသာခြွေနိုင်တော့သည်။စိတ်ဝေဒနာရှင်သားတစ်ယောက်၏မိခင်ဘ၀ကိုစာနာနေမိသည်။မိုးတွေညို
တိုင်းတောင်သမန်အင်းစောင်းကိုသွား၍တိုင်အမှတ်(၂၂၆)ဘေးမှာထိုင်ဆွေးနေတတ်သောစိတ်ဝေဒနာရှင်
တစ်ယောက်ကိုဆေးကုသပေးရလိမ့်မည်ဟုဘယ်လိုမှမမျှော်လင့်ခဲ့မိ။ထို့ထက်ပို၍စိတ္တဇဆေးရုံကြီး၏အခန်း
တစ်ခုဝယ်ကိုယ်တိုင်ရေးခံစားချက်စာမူလေးနှစ်စောင်ကိုဆေးစစ်ချက်အမှတ်ဖြင့်ဖိုင်တွဲလေးနှင့်ညှပ်
ကာနှလုံးအထူးကုဆရာဝန်ဟုကိုယ့်ကိုယ်ကိုထင်နေမိသောဒေါက်တာအောင်မျိုးလိုလူနာတစ်ယောက်
ကိုစတင်ကုသပေးရလိမ့်မည်ဟုမထင်ခဲ့မိရိုးအမှန်ပင်။အရာရာသည်အိပ်မက်မဟုတ်ခဲ့။တကယ့်လက်တွေ့
ဘ၀သည်တစ်ခါတစ်ရံအိပ်မက်ထက်ဆန်းကြယ်သည်များလည်းရှိသေးသည့်အကြောင်းကိုယ်တွေ့ကြုံ
မှဒေါက်တာနွယ်လေးသိခဲ့ရပြီဖြစ်သည်။  
                                                 ( ငါး  )              
                 အရာရာသည်ကံစီမံရာအတိုင်းသာဖြစ်တတ်၏ဟုမှတ်သားဖူး၏။ကံကြမ္မာကိုကစားမိ၍
မဖြစ်သင့်သည်များဖြစ်သွားရှာသောလူအချို့အတွက်စိတ်မကောင်းဖြစ်မိသည်။မိမိကုသပေးနေရသော
လူနာ၏ဖိုင်တွဲထဲမှနေရာလေးတစ်ခုကိုလည်းသွားကြည့်ချင်နေမိသည်။ဦးပိန်တံတားကြီး၏ကျွန်းတိုင်
အမှတ်(၂၂၆)ပင်ဖြစ်၏။သွားကြည့်မိ၍ထိုတိုင်အမှတ်(၂၂၆)ပေါ်မှာရေးထားသောစာတန်းလေးကိုမြင်
မိလျှင်ဒေါက်တာနွယ်လေးတစ်ယောက်မည်သို့ဆုံးဖြတ်မိမည်မသိ။အိပ်ဆေးအသောက်လွန်၍ကွယ်
လွန်သွားရှာသောအစ်မဖြစ်သူ၏ချစ်သူမှာသူမကိုယ်တိုင်ဆေးကုသပေးနေရသောဒေါက်တာအောင်မျိုး
ဟုကိုယ့်ကိုယ်ကိုထင်မှတ်နေရှာသည့်စိတ္တဇဝေဒနာရှင်စာရေးဆရာတစ်ယောက်ဖြစ်နေမှန်း
ဒေါက်တာနွယ်လေးသိခဲ့မည်ဆိုပါလျှင်….။
သေချာတာတစ်ခုတော့ရှိသည်။အတိတ်လမ်းမှာကျန်ခဲ့သောကဗျာတစ်ပုဒ်၏ မူရင်းကဗျာပိုင်ရှင်မှာ
မည်သူဖြစ်ကြောင်းကာယကံရှင်နှစ်ယောက်မှလွဲ၍မည်သူမျှမသိနိုင်သောအချက်တစ်ခုပင်။
အတိတ်သည်အရိပ်တစ်ခုဖြစ်မည်ဆိုလျှင်ထိုအရိပ်သည်အေးမြသောအရိပ်တစ်ခုသာဖြစ်စေချင်
သည်။ ကဗျာတစ်ပုဒ်နှင့်အတူကျန်ခဲ့သောအတိတ်ကတော့ ပြန်လည်အေးမြဖို့ဖြစ်နိုင်ပါဦးမည်လား။
ဇာတ်သိမ်းမလှသောကဗျာတစ်ပုဒ်နှင့်အတူရင်နာစရာအတိတ်ဟောင်းကကျန်ရစ်ခဲ့ပြီဖြစ်သည်။
             ။ရတုသစ်
အလင်းစိုက်ခင်း
လုံးဝအမှောင်ပဲ
ကြယ်ရောင်တွေ အိပ်ဆေးမိတဲ့အခါ
အလင်းဘယ်လိုရှာရပါ့
လမင်းလည်း ခရီးလွန်နေတယ်
ကဝေဆန်တဲ့ညပေါ့
လိပ်ပြာလှလှလေး လွတ်ထွက်သွား
အချစ်အား ညှို့ ငင် ဆွဲဆောင်ရာ....
ရှက်သွေး လဲ့ဖြာတဲ့အပြုံး
သိမ်းကျုံးမြင်ရခိုက်
အလင်းစိုက်ခင်းလေး ပွင့်သစ်ရ
အို....လှလိုက်တာ
အရာရာ နူးညံ့တိတ်ဆိတ်
ကြယ်လေးတွေ မျက်စိမှိတ်လို့ 
လမင်းလည်း အိပ်ချင်အိပ်ပါစေ
သူ့ အပြုံးပွင့်တွေနဲ့ ငါ့ကမ္ဘာ လင်းနေတယ် ။
ရတုသစ်
အိပ်မက်ဖော်ကောင်
မိုးအတုရွာရုံမ အေးတော့တဲ့ရင် ဘတ်ပေါ့
ဇက်သပ်မရတဲ့ခံစားမှုတွေပူလောင် လွန်းတယ်
အကြိမ်ကြိမ်နစ်မွန်းခဲ့တာတောင်
ဒီပင် လယ်ထဲယောင်ယောင် ကူးမိတုန်း
ငါ့အပြုံးကိုဆေးမခပ်လိုက်ပါနဲ့
အမှတ်တမဲ့စခဲ့တဲ့အိပ်မက်လေးက
နင်သွေးအေးပြမှုနဲ့ပဲအပူဟပ် ရ
ဒီဇာတ်လမ်း....
ဘယ်အချိန်ထိနွမ်းရမလဲ
ငါ့မှာလေ
အိပ်မက်အ သေကိုပြန်တမ်းတပြီး
စိမ်းလန်းခွင့်စောင့်နေတဲ့ရွက်သစ်တစ် ရွက်ဖြစ်ချင် ရဲ့
နင်စောင်းငဲ့ကြည့်ရုံနဲ့
ငါ့မနက်ဖြန်တွေလုံလောက်ပြီ ။ ။
ရတုသစ်
Wednesday, June 5, 2013
အချစ်ဦးအတ္တ
တိမ်စိုင်များ
ရွေ့လျားသွားကြပြီ
ခရီးသွားအချင်းချင်းတောင်မနာလိုဖြစ်ရ
ပါးလျ ငြင်သာလိုက်ကြတာ ။
ကိုယ့်မှာသာ
မရေရာခြင်းများနဲ့လေးလံနေရ
သမုဒယစိုက်ခင်းထဲ
အငုံအကင်းဖြစ်ဖို့စောင့်ရတာ
ကြာပြီ ။
သီဝရီတွေအဆိုအရ
"ဒီမျိုးစေ့က  ရေလောင်းရုံနဲ့အပင်မပေါက်ဘူး" တဲ့
အချစ်ဦးမို့..
ကိုယ်ရူးခဲ့တာ မမှားဘူး
ယုံတယ် ။           ။
ရတုသစ်
ရွက်ဝါ
ကံကိုအပြစ်ဆိုရမလား
ဝဋ်ကြွေးကိုစွပ်စွဲရမလား
နှလုံးသားတစ်ခုလုံးထိုးကျွေးခဲ့တာတောင်
အချစ်ရဲ့ဘောင်ထဲမရောက်နိုင်ခဲ့ဘူး။
နှစ်ဦးသားပြိုင်ဆွဲခဲ့တဲ့ပန်းချီကားထဲ
ပြတ်စဲခွင့်စောင့်နေတဲ့သစ်ရွက်အိုလေးလို
ရိုးတံကိုလည်းမလွှတ်ရဲ
မြေပြင်ပေါ်လည်းမဆင်းရဲ
ဖြစ်နိုင်ရင်..
လေထဲမှာပဲလူးလွင့်နေချင်ရဲ့
လက်တွေ့ဘ၀ဟာ
ရုပ်ရှင်တွေထဲကလို မှမဟုတ်ဘဲကွယ် ။
ရတုသစ်
Saturday, June 1, 2013
ကျွန်တော့်ချဉ်ခြင်းများ ( ၂ )
အမှန်ခြစ်ပြထားတိုင်းမမှားဘူးထင်ခဲ့ရတာ
ဘယ်လောက်ကြာပြီလဲ
ကြက်ခြေခတ်ပြထားတိုင်းမမှန်ဘူးထ
င်ခဲ့ရတာ
ဘယ်လောက်ကြာပြီလဲ
ဉာဏ်နည်းလို့ဆိုချင်ဆို
မလှန်ရဲလို့ပြောချင်ပြော
အမှန်သဘောဆိုတာကတော့
အချိန်ကျရင်အသံတိတ်စကားပြောမှာပ
အမှန်ချစ်တာသေချာရင်
အခြစ်မှန်တဲ့သင်္ကေတဖြစ်ဖို့လိုမယ
ငွေပေးဝယ်လို့ရတဲ့အမှန်ခြစ်တွေေ
အာက်
အမှန်အစစ်တွေပျောက် ပျောက်သွားရတာ
ရင်နာလို့မဆုံးတဲ့ဇာတ်ဝင်ခန်းတေ
ွပဲ
အစွဲကင်းပြီဆိုမှ
သင်္ကေတတွေကိုအသက်သွင်းတာကောင်းတယ
် ။
ရတုသစ်
အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ
Free Backlinks