Friday, August 28, 2015

ဆေးရုံ

ဆေးရုံ
________

တချို့ ပြုံးပြုံးရွှင်ရွှင် ပြန်သွားကြ
တချို့လည်း ညှိုးညှိုးမှိုင်မှိုင် ပြန်သွားကြ
တချို့ကတော့ အော်ဟစ်ငိုယို ပြန်သွားကြ ။

တစ်ခုကတော့ တူလိမ့်မယ်
ဒီနေရာကို
စိုးရိမ်တကြီးနဲ့ ရောက်လာခဲ့ကြတာ ဖြစ်တယ် ။

ရတုသစ်
28072015
6:37PM


Bookmark and Share

Thursday, August 27, 2015

ဧရာဝတီကိုပြန်​ကြည့်​မိတဲ့ ည

“ဧရာဝတီကိုပြန်ကြည့်မိတဲ့ည”

သဘာဝတရားကို
မျက်လှည့်ပြခံထားရတဲ့အဖြစ်နဲ့
ရေစီးရေလာကောင်းချင်ယောင်ဆောင်ထားရှာရသူ
သူ့အပူကို မျှဝေဖို့ထက်
သမိုင်းအဆက်ဆက် လက်တွဲခဲ့သူတွေအကြောင်း
သူကိုယ်တိုင် ရင်ထုမနာဖြစ်လို့
နှစ်ချို့နေသောအိပ်မက်များထဲ
သူ့မျက်ရည်ကို သဲသောင်တွေပေါ်သွန်ချထားခဲ့ပြီ
“ဧရာဝတီ”တဲ့
သူ့နာမည်သူ ပြန်မေ့ပစ်ချင်နေလောက်အောင်
လောက်တရွရွထိုးကိုက်ခံနေရတဲ့မြစ်
သမိုင်းဖျက်မဲ့ပိုးကို တဆစ်ဆစ်နာကျင်ကြောင်း
တဖွဖွ အော်ဟစ်ကြိမ်းမောင်းနေတဲ့ရေရှင်
သူ့ရာဇ၀င် သူပြန်လွမ်းနေတာ မြင်ခဲ့ရတယ်။           ။


                                                              ရတုသစ်


Bookmark and Share

အင်္ဂါ​နေ့မှာ ကဗျာ​လေးဖတ်​ဖို့ ​ရေးတဲ့ကဗျာ

အင်္ဂါနေ့မှာ ကဗျာလေးဖတ်ဖို့ ရေးတဲ့ကဗျာ
______________________________

အရာရာထက် ကဗျာဆန်ခဲ့တယ်
အားလုံးထက် နူးညံ့တဲ့အရာလည်းဖြစ်တယ် ။

ကိုယ်ကဗျာရေးဖို့မတတ်နိုင်တဲ့ ကဗျာလေးတစ်ပုဒ်ဟာ
ဒီနေ့တစ်နေ့လုံး
လှပသာယာတဲ့အပြုံးလေးတွေနဲ့ ဝေဆာနေလိမ့်မယ် ။

ကမ္ဘာကြီးအကြောင်း မပြောသေးဘူး
ဘဝအမောတွေအကြောင်း မပြောချင်ဘူး
လောကတစ်ခုဆီကနေ ဟောဒီလောကထဲ
ကိုယ့်ကဗျာလေး ရောက်ရှိခဲ့တဲ့နေ့ဟာ လှတယ်။

မျက်နှာသစ်ပါ ၊သွားတိုက်ပါ
ရေမိုးချိုးသန့်စင်ပြီးတဲ့အခါ မိဘတွေကို ကန်တော့ပါ
ဘုရားရှိခိုးပါ ၊မေတ္တာပို့ပါ ၊ဆုတောင်း အမျှဝေပါ
ဖြစ်တည်နေရခြင်းကို ကျေးဇူးစကားဆိုပါ ။

လိပ်ပြာလေးတွေ ပျံဝဲနေမှ မဟုတ်ဘူး
ပန်းရနံ့လေးတွေ သင်းပျံ့နေမှ မဟုတ်ဘူး
လေညင်းလေးတွေ တိုက်ခတ်နေမှ မဟုတ်ဘူး
ကိုယ့်ကဗျာလေး ပြုံးလိုက်တဲ့အခါ
စကြဝဠာကြီးဟာ ကဗျာဖြစ်သွားတယ် ။

ဒီနေ့ဟာ သာယာသောနေ့တစ်နေ့ ဖြစ်ပါစေ
ဒီနေ့ဟာ ငြိမ်းချမ်းသောနေ့တစ်နေ့ ဖြစ်ပါစေ
ဒီနေ့ဟာ ချိုလွင်သော ကဗျာတစ်ပုဒ်ရဲ့ပြဌာန်းရာနေ့ ဖြစ်ပါစေ

ကိုယ့်ကဗျာလေးဟာ
ဒီနေ့ရဲ့ အသစ်ဖြစ်ပေါ်လာတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တယ်
အဲဒီယဉ်ကျေးမှုလေးဟာလည်း ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။

ရတုသစ်
18082015
3:00AM



Bookmark and Share

Wednesday, August 26, 2015

ဖြေဆို​နေရတဲ့ ဘဝအဘိဓမ္မာ

ဖြေဆိုနေရတဲ့ ဘဝအဘိဓမ္မာ
_____________________

ကမ္ဘာ့တစ်ဖက်ခြမ်းမှာ
ရေတွေခန်းခြောက်လို့ သောက်စရာတောင် မရှိ
ကမ္ဘာ့တစ်ဖက်ခြမ်းမှာ
ရေတွေချောက်လှန့်လို့ ပြေးစရာ မြေမရှိ

ဒုက္ခပင်လယ်ဝေကြသူချင်းအတူတူ
လူစိတ်မရှိတဲ့ အစိုးရလက်အောက်မှာ လူဖြစ်ခဲ့ရ
ဘဝတွေက မြန်မာနိုင်ငံသားဖြစ်ရတာကို
နာကျင်စရာ
ဘဝတွေက အစိုးရဆိုးနဲ့တွေ့နေရတာကို
ကြေကွဲစရာ

ဘယ်မှပြေးစရာမရှိတော့ ရေထဲဆက်ပြေးရတယ်
ဘာမှယူမသွားနိုင်ခဲ့တော့ အသက်ကလေးပါ ထားခဲ့ရတယ်

သိကြားမင်းရဲ့ကျောက်ဖျာဆိုတာလည်း
ဒီအချိန်ထိ ရေခဲတုံးဖြစ်နေတုန်းပဲ
ဘိုးမာဃရဲ့ ဝရဇိန်ဆိုတာကလည်း
အခုထိ သံချေးတက်နေတုန်းပဲ

ဘယ်သူတွေ မိုက်လုံးကြီးကြီး
ငါတို့ပြည်သူတွေ
အရှုံးဖက်က အမြဲရှိခဲ့ကြပါတယ်။

ရတုသစ်
02082015
4:42PM


Bookmark and Share

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

B
L
O
G
G
E
R
Y
A
T
U
T
H
I
T
Free Backlinks