* မိုးတစ်စက်ဖြစ်ဖို့..မိုးတိမ်ဘယ်နှအုပ်စတေးခဲ့ရသလဲ ?
ဝေခွဲမရဖြစ်မှုများနဲ့ ခေါင်းစားတယ်...
ဟောင်းမသွားတာဆိုလို့..အလွမ်းများသာ...
ဒိုင်ယာရီစာအုပ်လေးကတော့ဝါကျင့်ကျင့်ဆိတ်ငြိမ်ဆဲ..။
* အချစ်တစ်ခုတည်းနဲ့ အသက်ရှင်ချင်တဲ့သူတွေထဲ
ငါ့ကိုဆွဲဆွဲ မထည့်ပါနဲ့...
ငါ့ အလွမ်းနဲ့ ငါ လိပ်ပြာလုံချင်လို့ပါ...။
* ရင်တွင်းမှာ ဗလာခံစားချက်နဲ့
အေးစက်နေသူတွေ ဘယ်လောက်ရှိမှန်း..ငါ..မသိ
ပြန်ကြည့်မိတိုင်း ငါ့ရင်မှာအလွမ်းတွေဖျတ်ဖျတ်လူးဆဲ
* " မလွမ်းဘူးသူ..မလာရ"
ငါ့ဧည့်ခန်းက သူစိမ်းဆန်ကောင်းဆန်လိမ့်မယ်..
ခေါင်းငြိမ့်/ ခေါင်းခါခြင်းနှစ်ခုကြားမှာ
ေ၀ဝါးလာတဲ့စိတ်နဲ့ ငါ..ခေါင်းမာတတ်ခဲ့ပြီ...။
* မာယာတွေကစက်ဆုတ်စရာကောင်းသလောက်
ပြောင်မြောက်တဲ့ပရိယာယ်ဖြူဖြူတွေက
ချစ်သူကိုဘယ်လောက်အေးမြစေမလဲ ?
ငါ..ခွဲခြမ်းစိတ်ဖြာကြည့်တတ်ခဲ့
လွမ်းတတ်တဲ့ ရင်ခွင်ဟာနူးည့ံမှန်း သူမသိမှာစိုးမိပေါ့..။
* အနီရောင်ဖျော့နေတဲ့အရုဏ်ဦးသစ်များတိုင်း
နားကြားမလွဲတတ်ဘူး..ဆိုရင်..
ငါ့ အလွမ်းကို နားဆင်လှည့်ပါ...။
* တကယ့် အလွမ်းမှာ အဆိပ်မရှိမှန်း
လွမ်းတတ်လာတဲ့ တစ်နေ့
လက်တွေ့သိရပါလိမ့်မယ်...။
* တကယ့် အလွမ်းဟာ သိမ်မွေ့တတ်မှန်း
လွမ်းတတ်လာတဲ့ တစ်နေ့
ကိုယ်တွေ့ကြုံရပါလိမ့်မယ်...။
ရတုသစ်
(24/ 8 / 2012/ 9:53 PM )
No comments:
Post a Comment