တစ်စက်ချင်း...တစ်ပေါက်ချင်း..
လိမ့်ဆင်း..ကြွေသက်..တိမ်မျက်ရည်များ..
ခါးသက်ပေမယ့်..အေးပါတယ်...။
''အပူသည်'' မို့လား ..မသိ
ထိရှမိတဲ့မိုးရေစက်ကို ထီးမိုးလို့မပစ်ပယ်ရက်ခဲ့..။
တစ်..စက်..ချင်း..မွမဟုတ္ဘူး..
အပူရုပ်ပျောက်လောက်အောင် ရွာသွန်းစမ်းပါစေ..
မိုးရေနဲ့ရောပြီး ငိုရတဲ့ လူမသိ..သူမသိ အလွမ်းများ..
ခံစားနေမိလို့ပါကွယ်...။
ေ၀ဒနာအခမ်းအနားက မသားနားပေမယ့်
မိုးခါးရေနဲ့ရောပြီး အလွမ်းဇာတ်ခင်းရတာ...
ကဗျာမဆန်သလို ဖြစ်နေပြီလား..
လွမ်းတာတောင် ကဗျာဆန်ဆန်လွမ်းချင်နေသူအတွက်
မိုးစက်တွေကပဲ မိတ်ဆွေရင်းဖြစ်လာတယ်..။
ရွာသာ ရွာပါကွယ် ..မိုးရယ်..
တိတ်တခိုး ငိုကြွေးနေသူရဲ့ မျက်ရည်တွေကိုဆေးပေးပါ
ဒဏ်ရာ သက်သာလိမ့်နိုးနဲ့
ပင်လယ်ပျိုးမယ့် မိုးသည်းထဲမှာ...ငို..
ဒီအလွမ်းမျိုး ဘယ္သူ ''ချို'' ပါ့မလဲ
သင်းကွဲတေလေရဲ့ မိုးရေထဲလမ်းလျှောက်မှုဟာ
ရယ္စရာ..ဖြစ်ကောင်းဖြစ်လိမ့်မယ်..
တကယ်ရင်တွင်းက အဖြစ်ကိုမသိသူများ..
ဟားချင်..ဟားပေါ့...မမှုပါဘူး..
အရူးလို့..ဆိုချင်ဆို..မပြိုလဲဘူး..
စိတ်ကူးတည့်ရာ..သီချင်းတစ်ပုဒ်ကိုဟစ်ရင်း
မျက်ရည်မြစ်တွေစီဆင်းသွားစမ်းပေါ့
အလွမ်းတွေညှိုးနွမ်းမှာ စိုးကြောက်စိတ်နဲ့
မိုးမတိတ်ဖို့..တိတ်တိတ် ဆုခြွေမိခဲ့
''မသေသော..အလွမ်း'' တွေ စိမ်းလန်းနေဖို့
မိုးရေထဲ မှာလမ်းလျှောက်ရင်း...
အလွမ်းပျိုးခင်းတွေထွန်ယက်နေမိဆဲပါပဲကွယ်.။
ရတုသစ်
(19.8.2012---8:43 PM)
No comments:
Post a Comment