ဆုံတွေ့ကြခြင်းရဲ့ အဆုံးသတ်က
တစ်ခန်းရပ် ပြဇာတ်တစ်ပုဒ်လို တိုလျ
လမ်းခွဲချိန် ခဏလေးမှာတောင်
အမှောင်ကျသွားတဲ့...... ငါ့ဘ၀ကို
အမှောင်ကျသွားတဲ့...... ငါ့ဘ၀ကို
ဘယ်လို......ရှင်သန် ထမြောက်စေရမှာလဲ?
မင်းပြောသွားတာတော့ လွယ်တယ်
"အနေဝေးရင် သွေးအေးသွားမယ်" ဟုတ်လား
"အနေဝေးရင် သွေးအေးသွားမယ်" ဟုတ်လား
ချစ်ခြင်းများစွာနဲ့ သမုဒယကြိုးတွေ
တသီတတန်းမို့ ယောင်ယမ်းပြီးမင်းကို ငါ
တသီတတန်းမို့ ယောင်ယမ်းပြီးမင်းကို ငါ
အစမ်းချစ်ခဲ့တာ မဟုတ်ဘူးလေ.......
မေ့ပစ်ဖို့ခက်နေတတ်တဲ့ ငါ့နှလုံးသားက
မေ့ပစ်ဖို့ခက်နေတတ်တဲ့ ငါ့နှလုံးသားက
တစ်ခါတစ်ရံမဟုတ်ပဲ
မင်း ဘာကြောင့် ?
ကတိုက်ကရိုက် ပြေးထွက်သွားတာလဲ ?
အမြဲတမ်းကိုသတိရနေမိတော့
အလွမ်းနဲ့ဆော့ကစားရချိန်မှာ မောဟိုက်လာတယ်...။မင်း ဘာကြောင့် ?
ကတိုက်ကရိုက် ပြေးထွက်သွားတာလဲ ?
ဆွေးမြေ့ခြင်း ခရီးကြမ်းများကို
ငါ..အပန်းတကြီး လျှောက်လှမ်းဖို့
ငါ..အပန်းတကြီး လျှောက်လှမ်းဖို့
မင်းဖန်ဆင်းထားခဲ့ပေါ့
ဘာပဲဖြစ်ဖြစ် ငါ့ဘက်က ချစ်ခြင်းအသင်္ချေပါပဲ
ဘာပဲဖြစ်ဖြစ် ငါ့ဘက်က ချစ်ခြင်းအသင်္ချေပါပဲ
မင်းရက်စက်သွားခဲ့တယ် ဆိုရင်လဲ
ရက်စက်ခံလိုက်ရမှန်း မသိရလောက်အောင်
ရက်စက်ခံလိုက်ရမှန်း မသိရလောက်အောင်
ခပ်ညံ့ညံ့ နှလုံးသားက
အမုန်းတရားကို မျက်ကွယ်ပြုရင်း
အမုန်းတရားကို မျက်ကွယ်ပြုရင်း
အလွမ်းသီချင်းတွေ အထပ်ထပ်ဆိုလို့
ဆက်လက် စိုက်ပျိုးရှင်သန်နေဦးမယ်.........။အချစ်အတွက်.....ငိုခဲ့တဲ့ မျက်ရည်တွေနဲ့...
သစ္စာတွေ မအိုအောင်
ရတုသစ်
(15/3/2011)
No comments:
Post a Comment