Monday, December 10, 2012

ကိုယ့်ရင်ထဲက သည်းသစ္စာ


ချစ်ပြုံးဝင့် ၊ပွင့်စေချင်
ရင်ဘတ်ထဲ ၊မြဲသစ္စာ
ထာဝရ ၊လှပါစေ
ဝေဆာပန်း ၊လန်းဆန်းမွှေး
အေးသည့်ရင် ၊ စဉ်အေးစိမ့်
ငြိမ့်ငြိမ့်လေး ၊တေးဖွဲ့သီ
ရီဝေမူး ၊ မြူးတူးခုန်
တုန်ယင်ဟိုက် ၊လှိုက်ကာဖို
ချိုပြုံး ငဲ့ ၊လဲ့လဲ့ ကြွေ
ပြေပြေလေး ၊ထွေးပွေ့မိ
အိညက်ညော ၊ချောပါးပြင်
စဉ်မွှေးပျံ့ ၊နံ့သာခဲ
ရဲစိတ်နွှေး ၊မွှေးလိုက်လျှင်
ရင်ခွင်သို့ ၊ယို့ယို့ဆင်း
ကြွင်းမဲ့ချစ် ၊နှစ်နှစ်ကာ
သာယာစိတ် ၊ဖိတ်သည့်ရင်
ကြင်နာစစ် ၊ချစ်ခြင်းဖွဲ့
ယဲ့ယဲ့ပြုံး ၊မုန်းမဟူ
တူလျှောက်လှမ်း ၊လမ်းဖြောင့်စေ
ဝေသည့်ချစ် ၊ပြစ်မမြင်
စဉ်ပိုကဲ ၊စွဲမြဲလာ
မာယာမဲ့ ၊ ဖွဲ့သံစဉ်
ရွှင်ကြည်နူး ၊မြူးပျော်ရ
ဘ၀လမ်း ၊ချမ်းမြေ့ပြီ
ရည်ရွယ်ထား ၊အားဆက်ဖို့
တို့ဆင်နွှဲ ၊ မြဲမေတ္တာ
ကိုယ့်ရင်ထဲ ၊သည်း(သဲ)သစ္စာ ။

                 ရတုသစ်
       ( 10-12-2012  10 :35PM)
( ၀ဲရိုက် ၊၀ဲသွင်း ပုံစံလေးရေးချင်စိတ်ပေါက်လာ၍ရေးမိသည်။)


1 comment:

မိုးသူ(တောင်ကြီး) said...

ကဗျာငတ် နေရင်

ကဗျာဖတ်ဖို့ မိုးသူမှာ

ရတုသစ်တို့ လိုမျိုး ဘလော့တွေမှာ

ကဗျာဖတ်၇တာကြည်နူးဖို့ ကောင်းတယ်

ခင်တဲ့

မိုးသူ(တောင်ကြီး)

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks