အလွမ်းရဲ့ကမ်းတစ်ဖက်မှာဘာရှိမလဲ
စောင့်စားဆဲ သည်မှာဖက်က
လွင့်..အက်..ကြေမွ
ခပ်ရှရှ နင့်ခဲ့ဖူး သူမို့
ရင်တစ်ခြမ်းက ရင့်နေပြီ..။
လွှင့်လိုက်ပါကွယ်..ဝေးဝေးလံလံ
ငါ့..အာရုံခံ စက်ကွင်းထဲနဲ့ဝေးရာပေါ့
သွေးအေးသွားမယ့် ဒဏ်ချက်တစ်ခုအတွက်
အဆိပ်တက်နေခဲ့ရရင်လဲ..ကျေနပ်တယ် ။
မပြေလည်တဲ့အကြောင်းတရားတစ်ခုအတွက်
ငါ့..မျက်ဝန်းတွေကို
မင်း..မျက်ဝန်းတွေကို..
မိုး..မစိုအောင်နေကြပါစို့လားကွယ်..။
ရတုသစ်
http://yatuthit.blogspot.com/ 
1 comment:
ဟုတ်တယ်နော်....
တခါတခါ မိုးနတ်လဲ အလွမ်းရဲ့
တဖက်ကမ်းမှာ ဘာရှိနေမလဲ
သိပ်သိချင်နေမိတယ်....:)
Post a Comment