အလွမ်းအပိုင်းအစများ ( က )
*******************
လွမ်းစိတ်ကိုတိုးတိုးတိတ်တ်ိတ်
နွေလရိပ်မှာလှမ်းချိတ်ထားမိ
ချစ်ရိပ်လေးများသမ်းလေမလား
အထင်က ၀ိုးတဝါးပါကွယ်
ပိတောက်တွေတိတ်ဆိတ်လို့
ငုဝါတွေတောင် အိပ်မောကျခဲ့
ရိပ်ကနဲဖြတ်သွားတဲ့လေညင်းမှာ
သူ့သတင်းလေးများပါလေမလား
နားစွင့်မိ..
ညဆိပ္မိထားတဲ့ သူတစ်ယောက်
စိတ် အကျအပေါက်များစွာ...
ဒဏ်ရာက ခုထိ အထာမကျသေးဘူး ။
ေ၀ဒနာလို့ နာမည်ပေးရမလား
အမှတ်မှားသွားတဲ့ အသည်း
ဒီထက်တော့ ပို ကွဲနိုင်မယ်မထင်
ယဇ်ပလ္လင်မှားပြီး ငါတို့ကလည်စင်းပေးခဲ့မိ
ခုတော့ ..
အလွမ်း ၀တ်ရုံတွေကြားမှာ..
မျက်ရည်..ဖြာ..လဲ့...။
====================
အလွမ်းအပိုင်းအစများ ( ခ )
******************
လက်ဆေးမိုးဖြိုးဖြိုးဖြောက်ဖြောက်နဲ့
ပိတောက်တို့ရေ..
ဖြည်းဖြည်းချင်းပွင့်ေ၀ မွှေးမြကြပါ ။
ငါ့ ဒိုင်ယာရီထဲက အလွမ်းလေး
ပန်းရနံ့နဲ့ရောထွေးသွားမှာ..စိုးတယ် ။
တိတ်တခိုးမြတ်နိုးခဲ့ရသူ
ငါ့ မြို့တော်ဆီ
မျက်နှာ မမူခဲ့ဘူး ။
သူ..သွားလမ်းဖြောင့်ဖြူးရင်
ပြီးပြီ
သီအိုရီလွဲနေတဲ့ ကျဆိမ့်တစ်ခွက်နဲ့
ညဥ့်နက်နက်ထိ..ကြွေမယ် ။
ငါ့ စိမ်းလန်းခြင်းတွေမှာ
သူသာ..ရေသောက်မြစ်ဖြစ်တဲ့အကြောင်း
ဇန်နဝါရီစာမျက်နှာဟောင်းတစ်ခုထဲ
အသည်းနဲ့အတူ ညီမျှခြင်း ဆွဲထားလိုက်တယ် ။
==============================
အလွမ်းအပိုင်းအစများ ( ဂ )
*****************
သူ..ရောက်လာခဲ့တယ်
ပြီးတော့
သူ ပြန်သွားခဲ့ နှုတ်ဆက်သံတိုးဖွဖွလေးမှာ
အနာဂတ်တွေ သံပတ္ကုန္သြားရျပီ ။
ဘ၀ခရီးသည်တွေပါ
လွမ်းရမှာ ကြိုသိရင်
ဧည့်လာဂမုန်းပင် ဘယ်သူစိုက်ချင်မလဲ ။
ကြေကွဲ..မှုန်သီ
နှုတ်ဆက်ခြင်း မျက်ရည်စများ
စိမ်းကားလို့ေ၀းသွားကြတာမှမဟုတ်ပဲ
ဒီအလြဲကို ကျေနပ်လက်ခံလိုက်ရုံ ။
ရင်ခုန်သံ စစ်စစ်နဲ့အချစ်စစ်စစ်
မရှာဖွေပဲ
အလိုလို ခူးခြွေဖြစ်ခဲ့ကြ
ဘာပဲဖြစ်ဖြစ် ..
အလွမ်းစစ်စစ်တွေကျန်ရစ်တယ် ။ ။
=======================
အလွမ်းအပိုင်းအစများ ( ဃ )
******************
မန်းကျုံး ရေပြင်ရှေ့
အငွေ့ပျံခြေရာများ လွင့်၀ဲချိန်
တိမ်တွေဆီ သတင်းပို့ခဲ့ရ ခဏတဖြုတ်..
နေမင်းကို မျက်နှာဖုံး အုပ်ပေးပါ ။
သူ့ခြေရာလေးတစ်စွန်းတစ်စ
ပုဝါစလေးထဲ တယုတယသိမ်းဆည်းဖို့
လေညင်းတို့ဆီ တိုင်တည်ခဲ့ရ
ခဏလောက်ငြိမ်သက်ပေးရင်ကောင်းမယ်
လေညင်းသဲ့သဲ့မှာ..
သူ့ခြေမှုန်လေးတွေပဲ့ပါသွားမှာ စိုးလို့ ။
တိတ်တခိုးလေးပါ
သူ့ခြေရာအပိုင်းအစမှာ
အမွတ္တရေတြ ကျန်နေခဲ့မှန်း
ကျုံးဘေးလမ်းမကြီးတောင် သိတယ်
သူကေတာ့...
မထုံ..တက်တေး.. ပြေး..ထွက် ။
===================
အလွမ်းအပိုင်းအစများ ( င)
*******************
နွေပါပဲ
နွေစစ်စစ်ထဲ
စိန်ပန်းတွေ ရဲရဲတောက်ရွာချ
ပိတောက်တွေရွှေယောင်ဆောင်ကြပေါ့
တခုတ္တရ
မချွန်မြခဲ့တာတောင်
အလွမ်းက ရှနေအောင် စူးတယ် ။
အလွမ်းဆို
တစ်မူးတောင်ပိုမရှူချင်ခဲ့ဘူး
ပြင်ဆင်ပြီးသား ကျိန်စာမှာ
မျက်ရည်သာ
မှတ်တမ်းအဖြစ်ကျန်ရစ်ခဲ့ ။
တဆစ်ဆစ်တို်က်စားမှု
သမားတော်မကယ်နိုင်တဲ့အလွမ်း
စိမ်းလန်းဖူးေ၀နေဆဲ
ဘယ္မလဲ..ချစ်သည်း..ရေ..
မျက်ရည်လင်္ကာတစ်ပိုဒ်နဲဲ့ထိုးစိုက်သွား
လမို္က္ညမ်ားထဲ
ရေရေလည်လည်ကြေကွဲမိ
ငရဲဘုံသားတစ်ယောက်လို..။ ။
==============================
အလွမ်းအပိုင်းအစများ ( စ )
******************
မျှော်လင့်ချက်တွေ ဆွံ့အနေပုံများ
အလွမ်းရဲ့ဖြားယောင်းမှုမှာ သေ၀ပ်ငြိမ်သက်လို့
လွမ်းဖို့ချစ်ခဲ့တာမှ မဟုတ်ဘဲ
ပြတ်စဲခံထားရတဲ့ နေ့အသေများ
ရှင်သန်ချင်စိတ် ခွန်အားတောင်ပျောက်ရှတယ် ။
အဇ္ဈတ္တသန္တာန်ထဲ
ယုံကြည်ချက်ရိုးရိုးရဲရဲလွန့်လူးခဲ့
နွယ်ဦးမွန်မို့ချစ်ထွဋ်တင်ခဲ့ရသူလေ ။
အလွမ်းမြှူသံတစ်ရှိုက်မှာ
ရင်ဘတ်ကိုလာလာ စိုက်တဲ့မြားတွေ
ရေတွက်မနေချင်တော့ဘူး
အဆိပ်လူးချင်လူးထားလိုက်
ထိုးစိုက်သမျှမြားချက်တွေထဲ
သေပွဲ၀င်ဖို့ထိ ပြတ်သားထားရဲ့ ။
တကယ်လို့များ...
ငါ..သေသွားတဲ့အခါ
နင့်နာမည်လေး တစ်လုံးဖြစ်ဖြစ်
ငါ့ ၀ဲဘက်ရင်အုံမှာ ကမ္ပည်းထိုးရစ်ပါ ။ ။
==============================
အလွမ်းအပိုင်းအစများ (ဆ )
******************
သုံးရက္သား လခြမ်းကွေးထဲ
စိတ်ကိုကြိုးတပ်လို့လှမ်းဆွဲမိ
သတိရစိတ် တအုံနွေးနွေးမှာ
သူ့ မျက်ခုံးရေးရေးလေး လာထင်တယ် ။
မြင်သိမှုအားလုံး
သူ သိမ်းကြုံးယူငင်ထားလေသလား
ကြားနေကျ သူ့အသံလေးပဲ
နားဧရိယာတစ္ခုလုံးတပ္စြဲထားခဲ့ ။
ရှေးစကားတွေမဟုတ်ဘူး
ပုံပြင်တွေ မဟုတ္ဘူး
ဒဏ္႑ာရီတွေ မဟုတ္ဘူး
ခုထက္ထိ...
သူ့ စကားသံလေးတွေနဲ့ညစဉ်ဖြတ်ကူးရတုန်း ။
မမုန်းခဲ့ပါဘူး..ဆို
ခုလို ရက်စက်ဖို့ ဘယ်သူအမိန့်ပေးတာလဲ ။
တမာသီးလည်းမစားခဲ့ဘူး
တမာရိပ်လည်း မနားခဲ့ဘူး..တဲ့
တူးနေအောင် ခါးသွားလိုက်ပုံတွေ
" မယုံနိုင်ဘူး..မယုံနိင်ဘူး.."
အရူးအမူး အော်ဟစ်ရင်း
ညထဲ နစ်၀င် ကျွံဆင်းခဲ့
မိုးလင်းမှာတောင်..
စိမ့်နေအောင် ကြောက်တယ် ။
=======================
အလွမ်းအပိုင်းအစများ ( ဇ )
******************
ညရဲ့တေးသီချင်းမှာ
ဘာ ဂီတသံမွ ပါမလာခဲ့ဘူး
ဒီထက် ပိုမထူးတဲ့ အော်ပရာကြီးပဲ
ထည်လဲ နွှဲခဲ့ရ
ဘ၀က..
မစခင်..ကန့်လန့်ကာချနှင့်ပြီ ။
လွင့်ခါနေတဲ့ ဆံနွယ်လေးထဲ
ပျံ၀ဲချင်နေတဲ့လိပ်ပြာတစ်ကောင်ပေါ့
ကြောင်တောင်ကန်းတယ်လို့ ပြောချင်ပြော
ကိုယ့် သဘောနဲ့ကိုယ်ဆို
မင်း ထက်ပိုပြီး ဘာမွ မမြင်ခဲ့သူလေ ။
အလွမ်းပြေ ဓာတ်ပုံလေးတောင်
မျက်ရည်နစ်လို့ ဆေးသားကြောင်နေရ
ခဏ ခဏ ထုတ်ကြည့်နေလျက်နဲ့
တရိပ်ရိပ်တက်နေတဲ့ ကိုက်ခဲမှုမှာ
မင်းနာမည်လေး တမ်းတဖို့မပျက်ကွက်ခဲ့ဘူး ။
အမွတ္တမဲ့ သတိရလို့
ငါ့ ကိုဖျတ်ကနဲတွေးမိရင်
ဥပေက္ခ္ခ္ခာ လွင်ပြင်ကိုကျော်ဖြတ်ခဲ့ပါ
အရာရာ ပေးဆပ်ထားသူမို့..
မင်း အတွက် တံတား တစ်စင်း ဖြစ်ခွင့်ရချင်တယ် ။
=======================
အလွမ်းအပိုင်းအစများ ( စ် )
*******************
အတိတ်တွေဆီပဲ
စိတ်ကနောက်ပြန််ဆွဲနေခဲ့
ရှေ့ဆက်မယ့်ခြေလှမ်းတွေ
တွေ ေ၀ မှုန်ဝါး လွန်းလှပေါ့ ။
ဖြစ်ထွန်းခြင်းဆိုင်ရာမှတ်တမ်းအချို့
တည်းဖြတ်ဖို့အမိန့်မကျသေးဘူး
ရေးရေးလေးမြင်ခဲ့တဲ့ စိမ်းလန်းခြင်းဟာ
ခွဲခွါခြင်းထောင့်ချိုးလေးမှာ
မှေး..စက်..ပျော်..၀င် ခဲ့ရ
ရွတ..ရွတ..နင့်သီးမှုထဲ
အသည်းကို
စွဲချက်မတင်ချင်တော့ဘူး ။
ချိုလွင်သော ဂီတ ကို နားဆင်ပါ
သစ်လွင်သော ခံစားမှုကို စားသုံးပါ
ရွှင်ပြုံးသော နှလုံးသား ကိုဖန်တီးပါ ။
အထီးကျန် တစေၦတစ်ကောင်အဖြစ်
ကိုယ်တိုင် ကြေကွဲရစ်ပါ့မယ်
၀ဋ်မြစ်မှန်သမျှ
သူ့ဘ၀မှာ..မတွယ်ငြိစေလို..။
အပိုတွေ မဟုတ်ခဲ့ရပါဘူး
ဒီလိုသာ...
အမြဲတမ်းဆုခြွေမိ
ဂြိုဟ်ပြေ နံပြေ ဘုရားထံတော်မှာ... ။ ။
==========================
အလွမ်းအပိုင်းအစများ ( ည )
*******************
"ထာ၀ရပဲ " တဲ့
၀ဲလွင့်နေမယ့် အလွမ်းတွေ
နိဒါန်းမစသေးခင်
တိုးတိတ် ညင်သာ ပြောဖူးခဲ့
အရူးအမူး ပျော်ရွှင်လိုက်ရတာ ..။
အခု..ဘယ်မှာလဲ
တည့်တည့်ကြီးလွဲသွားတဲ့ ဆုံမှတ်ထဲ
သူ့ အသည်းတွေ အတိတ်မေ့ပြီထင် ။
မကြင်နာလို့ စိမ်းလေသလား
တမင်ခွါလို့ တိမ်းလေသလား
ဥပါဒါန်၀ဲဂယက်မှာ
အဖြေရှာဖို့ခွန်အားမရှိတော့ဘူး။
မကြာခဏ လွဲဖူးတာတောင်
ဒီတစ်ခါ လြဲတဲ့ အလြဲ
ငါ့အတွက်..အလွဲကြီးဖြစ်လာခဲ့
မချိမဆံ့ ရင်နာရပြီလေ..။
လိပ်ပြာမနိုးတော့တဲ့ ရင်ဘတ်အကန့်မှာ
သူ့ ပုံရိပ်တွေသာ..
တောင်ပံ တဖျတ်ဖျတ် ဖြန့်ကျန်ရစ်တယ်..။
ရတုသစ်