Thursday, April 4, 2013

ဖွင့်ထားတဲ့ပြတင်းတံခါးဟာအနာဂတ်တွေ၀င်လာဖို့ဖြစ်တယ်

လွင့်ကျလာတဲ့လရောင်မှာ
အမှောင်အားလုံးကိုရက်စက်ပစ်ဖို့
လက်နက်တွေတပ်ဆင်မထားဘူး

နွေလူးထားတဲ့ ရွက်ကြွေတွေအပေါ်
ဖျော်ဖြေခြင်းတေးတွေ တိုးတိုး သီဆို
ညပေါင်းများစွာ..ငိုခဲ့ရသူ ။

အပူကိုမျိုမှ ဘ၀လှမတဲ့လား
လမင်းဆီမှာ မေးကြည့်ထားစို့
ဝေတချို့ ကြွေတချို့ ပွဲခင်းထဲ
အေးမြမှုတွေ ဆင်းရဲလိုက်တာ..။

ဘ၀နာမှ အသိသာတယ်တဲ့လား
အများယောင်လို့ယောင်လိုက်တဲ့ လမ်း
ခုထိ..
စမ်းရေ မတွေ့သေးဘူး
ပန်းတွေ မဝေသေးဘူး ။

နွေးထွေးချင်တာလား
အေးဆေးချင်တာလား
တစ်ခုခုကိုရွေးရတော့မယ့် အချိန်
ငါ့ နှလုံးအိမ်မှာ မှတ်ချက်ပျောက်နေခဲ့
လမ်းကောက်တိုင်း လမ်းဆိုးမှမဟုတ်တာ
ပြဿနာတိုင်းကိုဖြေဖို့ အဆင်သင့်မဖြစ်သေး
တွေးတိုင်း နာနေရမယ့် ဒဏ်ရာကို
ရှာဖွေဖို့ မေ့ထားလိုက်ရင်ကောင်းမယ် ။

အလောင်းအစားဆန်တဲ့ လောကကစားပွဲ
သွေးရဲချိန်မှ ဆက်ကစားကြတာပေ့ါ
ခုတော့..
ကြိုးလျော့နေတဲ့ သွေးကြောတွေပြန်တင်းဖို့
နှလုံးသားကို
ပြတင်းတံခါးတစ်ခုလို ဖွင့်လှစ်ထားဦးမယ်
အရူးဂီတသံကို နား၀င်ပီယံဖြစ်ချိန်အထိ ။ ။

ရတုသစ်
05042013
12:58AM

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks