တိမ်စိုင်များ
ရွေ့လျားသွားကြပြီ
ခရီးသွားအချင်းချင်းတောင်မနာလိုဖြစ်ရ
ပါးလ် ငြင်သာလိုက်ကြတာ ။
ကိုယ့်မှာသာ
မရေရာခြင်းများနဲ့လေးလံနေရ
သမုဒယစိုက်ခင်းထဲ
အငုံအကင်းဖြစ်ဖို့စောင့်ရတာ
ကြာပြီ ။
သီ၀ရီတွေအဆိုအရ
"ဒီမျိုးစေ့က ရေလောင်းရုံနဲ့အပင်မပေါက်ဘူး" တဲ့
အချစ်ဦးမို့..
ကိုယ်ရူးခဲ့တာ မမှားဘူး
ယုံတယ် ။ ။
ရတုသစ်

1 comment:
ဟားးးးးးးးး မိုက်လှချေလား ကိုရွှေရတု .....
ကဗျာလေးက ရိုးရိုးလေးနဲ့ ကောင်းနေတယ်..:)
ဆက်လက်ထုဆစ်နိုင်ပါစေနော်
ခင်တဲ့....မိုးနတ်
Post a Comment