Tuesday, July 9, 2013

လောကပုစ္ဆာထဲမှာသူရယ်ငါရယ်မရယ်နိုင်ခဲ့ကြဘူး

သူသိမယ်ထင်ထားတဲ့နှလုံးထွင်းအက္ခရာတွေ
အသံဖြစ်အောင်မပြောင်းနိုင်ခဲ့တာတစ်ခုပဲ
ငါ့မှာ
နောက်ဆံကြိုးဆွဲတင်းခံထားရ
ဘဝကို
ကဗျာထဲထည့်ထည့်မပြောတော့ဘူး ။

နားလည်မှုချင်းကူးလူးဆက်သွယ်ဖို့
ငါတို့မှာ
ဂျီတောခ် လောက်နဲ့မရတော့ဘူး
ဇူကာဘာ့ခ်ရဲ့
မျက်နှာစာအုပ်နဲ့လည်းမပြည့်စုံတော့ဘူး
ဂရေဟမ်ဘဲလ်ရဲ့
တီထွင်မှုနဲ့လည်းမလုံလောက်တော့ဘူး ။

သူ့လက်ထိပ်ဖျားကလေးတွေ
လမ်းသလားခဲ့တဲ့ကီးဘုတ်ခလုတ်တွေထ
ငါ့နားလည်ခြင်းတွေအက်ကွဲကုန်သလာ
ဝေဝါးတုန်း
ငါနှိပ်မိသွားတဲ့နံပါတ်တစ်ခုရဲ့တုံ့ပြန်မှုမှာ
သူ့အသံအစစ်ကိုမမြင်ခဲ့ရ
ဘဝအမှန်ကိုပြသဖို့
ကြားခံနယ်တွေ ခရီးကြမ်းကုန်ပြီ ။

ကြောင်အမ်းငေးရီနေတဲ့မျက်လုံးတေ
ရှာဖွေစရာမရှိတော့တဲ့အတိုင်း
ရှိနေတဲ့မရှိခြင်းတွေဆီပဲ
တံတိုင်းမရှိ နံရံမရှိ ငုပ်လျှိုးသွားကြ
ဖွင့်ဟချိန်စောင့်မိတဲ့ရင်ဘတ်ကြီးသာ
အမြုံနာထူပြောခဲ့ပေါ့ ။

သဘောထားမတူခြင်းတွေတူညီနေတာတစ်ခုနဲ့
အနာဂတ်ကိုဘယ်လိုပြုစုရမလဲ
အဖြေတစ်ခုထက်မကရှိနေနိုင်တာကိုက
လောကပုစ္ဆာ မဟုတ်လား ။

သူ စွန့်ပစ်မသွားခင်
ငါ ထွက်ခွါလိုက်ရမလား
ရင်ဘတ်ထဲ အတွင်းအားပျောက်နေပေါ့
``တစ်နေ့တော့ မေ့မှာပါ´´တဲ့
ဘယ်လိုခွါချ ချ
ဒီ အမာရွတ်ကွာမကျတော့တာခက်တယ် ။

ရတုသစ်
၂၈၀၆၂၀၁၃
နေ့ ၂ : ၁၅ နာရီ

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks