Thursday, October 24, 2013

တိုက်ပွဲ

တိုက်ပွဲ
 
ကဗျာနဲ့ကဗျာ
ဆရာနဲ့ဆရာ
ဆရာနဲ့ကဗျာ
ကဗျာနဲ့ဆရာ
ဘာကိုယုံကြည်မလဲ
ဆရာသရဏံ ဂစ္ဆာလည်း ငါ မမိဘူး
ကဗျာသရဏံ ဂစ္ဆာလည်း ငါ မမိဘူး

ကိုယ့်ဘာသာမိချင်ရာမိ
ငါ့ အတ္တ နဲ့ ငါ တောင်
လမ်းဖြောင့်အောင် လျှောက်ဖို့ခက်နေသေးတာ
ဘာကို ထပ် မိအောင်ဖမ်းရဦးမလဲ
ငါ့ အသည်း
အဲဒီလောက်ထိ အပေါစားမဆန်ဘူး
စိတ်လိုလက်ရ ငြင်းဆန်ချင်တဲ့အခါ
မင်း အနုသယထဲက
ပ၀ါပါးလေးသာ ခွါချထားခဲ့ပါ
ငါ
ကြိုးဝိုင်းထဲက စောင့်နေမယ် ။


ရတုသစ်
Bookmark and Share

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

B
L
O
G
G
E
R
Y
A
T
U
T
H
I
T
Free Backlinks