Friday, April 22, 2016

ကယ်တွေက မညာဘူး ၊ ငါက အလိမ်ခံခဲ့ရတယ်

ကြယ်တွေက မညာဘူး ၊ ငါက အလိမ်ခံခဲ့ရတယ် __________________________________

ကြယ်တွေဟာ
ကမ္ဘာ့ ဘယ်နေရာမှာ သွားကြွေနေပြီလဲ
ငါ မသိ ၊

ကြယ်မိုးတွေ
ရွာချလာမယ်ဆိုတဲ့ မျှော်လင့်ခြင်းနဲ့
ငါ စောင့်မိ ၊

ရူးမိပြန်တယ်ကွယ်

ထစ်ခနဲဆို ကြွေလွယ် ကွဲရှလွယ်ဖြစ်တုန်းမို့
လေဟာနယ်မှာ ဗဟိုချက်မဲ့နေတဲ့ စိတ်နဲ့
တစ်ညလုံး ကူးခတ်နေမိတယ် ၊

ညကြီးမင်းကြီး
ဝရံတာက ပန်းပင်လေးတွေ ရေထလောင်းမိတယ်
ကြီးကောင်ဝင်လာတဲ့ စိတ္တဇနဲ့
ဘယ်လို ပြန်အိပ်စက်ရပါ့မလဲ တွေးမိတယ်
တစ်ခါတစ်ခါ
ကိုယ့်အတွေးနဲ့ကိုယ် ချောင်ပိတ်ရိုက်ခံခဲ့ရတယ်၊

ကြေကွဲစရာကောင်းပေမယ့်
ကွဲကြေမနေဖို့ မျှော်လင့်မိပါတယ်
ကြယ်ကြွေချိန်မှာ တောင်းဆုပြုရင်
ဆုတောင်း ပြည့်တတ်တယ်လို့ ကြားဖူးတယ်။

ရတုသစ်
23042016
3:20AM


No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks