Sunday, November 19, 2017

သမားရိုးကျအချစ်

သမားရိုးကျအချစ်
_____________

ရှုံးမယ်မှန်း သိသိနဲ့
အရူးအမူးတိုက်ခဲ့မိတဲ့ စစ်ပွဲတစ်ပွဲပါပဲ။

အသည်းကို အလျော်အစားလုပ်ထားရတော့
ဘဝနဲ့ချီပြီး ပြန်ပြောပြရတဲ့အခါ
ဟာသတစ်ပုဒ်လို ဖြစ်သွားတတ်ပြန်ရော။

ဒီ ဇာတ်လမ်းကျောရိုးက
သံသရာရှည်ချင်သလောက် ရှည်တယ် ။


ရတုသစ်
19112014
10:15PM

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks