___________________
ရေပြင်က
တိမ်ကို လှမ်းလှမ်း မျှားတယ်
နွမ်းလျဆူဝေနေသော
အတိတ်နွမ်းနွမ်း၌
လက်သိပ်ထိုးကျွမ်းမြည့်ခြင်းများ
ရင်ဘတ်အလျားပေါ်
တခမ်းတနားဖိတ်လျှံကျခဲ့ရဲ့
တိမ်တွေရဲ့ခြေသံကိုနားစွင့်မိခဲ့သူ
ရေကန်ထဲ
ခဲတစ်လုံးပစ်ချဖို့ထိ မမိုက်ကန်းခဲ့နိုင်
လေညင်းနဲ့အပြိုင်
ကောင်းကင်ကို ပြုံးပြနိုင်ခဲ့ပြီ။
#ရတုသစ်
28082014
2:25PM
No comments:
Post a Comment