လောကီဘုံ
______________
ညထဲ တီးတိုး
သက်ပြင်းညှိုးလေး
ပုန်းလျှိုး ကွယ်ပျောက်ခဲ့ချင်တယ်
သောကများ ထူ
ဒေါသဆူခဲ့
ရင်ပူရသော ဘဝတွေ…
လိုအင်ဆန္ဒ
မပြည့်ဝဘူး
တောင့်တပြီးမှ ရှက်မိတယ်
ဘယ်ကို သွားမယ်
ဘယ်နားမယ် လို့
စိတ်ဝယ် တွေးလည်း မသေချာ…
ဖြစ်ချင်ရာဖြစ်
စိတ်မညစ်နဲ့
အော်ဟစ်နေရင်း ငိုဖူးတယ်
တရွေ့ရွေ့ပင်
အားတင်းနှင်လည်း
မတွင်လေသော ခရီးတွေ…
မိုးလင်းခဲ့တယ်
မိုးချုပ်မယ်လေ
ပျော်ဖွယ်ချိန်များ ဘယ်ဆီမှာ…
တစ်နေ့ တစ်နေ့
ငြီး ငြီး ငွေ့ရ
မီး တွေ့လေသော ဖယောင်းလို…
တတ်နိုင်ဘူးလေ
အရူးတွေမို့
ဒီနေရာပဲ ပျော်ကြတယ်။
#ရတုသစ်
26092017
8:07PM
No comments:
Post a Comment