Wednesday, September 26, 2012

လူရိုင်းတို့နဲ့..ဝေးရာ..


* လောကဓံလမ်း ၊မုန်တိုင်းကြမ်းက
   ရမ်းရမ်းကားကား ။ပြုမူသွားတယ်...
   နုထွားကြွေကျ ...င့ါ ဘ၀ ။

* ၀န်းကျင်လုံးလုံး ၊ ၀ိုင်းရံဖုံးတဲ့
   အမုန်းမျက်စိ ၊ ရက်စက်ကြည့်တွေ...
   ခံမိနေရ... ငါ့ ဘ၀  ။

* ဘာတွေလုပ်လုပ် ၊ သူတို့နှုတ်က
   သွားပုပ်လေလွင့် ၊မုန်းမာန်ဝင့်ကာ ..
   ခွန်းဆင့် ခံရ...ငါ့ဘ၀  ။

* သို့သော်လည်းပဲ ၊ ငါ့စိတ်ထဲမှာ
   အမြဲလိုလို ၊ ရင်မှာသိုသိပ်
   အံကိုကြိတ်လျက် ၊လူစိတ်မွေးဖွား
   ခွင့်လွှတ်ထားကာ ၊ ပြေးသွားပါမည်...
   ကြင်နာမှုတို့..ရှိရာဆီ...။

                   ရတုသစ်

2 comments:

Yoemyaykya said...

ကွန်မန့်တွေကပေးပြီးပျောက်ပျောက်နေတယ်ရတုရေ
ကဗျာလေးကညှို့ငင်အားကောင်းတယ်

မိုးနတ်ကြယ်စင် said...

ဒီကဗျာလေးက တစ်မျိုးလေးနော်..ရတု..ခံစားလို့တော့ကောင်းသား...
ဆက်ရေးထား..အားပေးနေတယ်သိလား....
ခင်မင်နေတဲ့..မိုးနတ်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks