အမှတ်တရဆိုတဲ့ခေါင်းစဉ်နဲ့
သံယောဇဉ်ကိုအဆိပ်ကျွေးပြီးမှ
ချွသိပ်စေမယ့်အယောင်ဆောင်ချောကလက်တွေက
ဟက်တက်ကွဲကြေခဲ့ရတဲ့အသဲကို
တစ်စစီဆုတ်ဖြဲပစ်ခဲ့တယ် ။
ကျိန်စာလား သေတမ်းစာလား
ခွဲခြားပြီးမဖတ်တတ်သေးခင်
ရင်ခွင်ကပြာလွင်မိခဲ့ပေါ့..
အချစ်ကြောင့်ပျော့ညံ့မိတဲ့ဘ၀တစ်ပိုင်းကို
မုန်တိုင်းလို့ကမ္ပည်းထိုးထားတယ်..။
ရုပ်ဆိုးကျန်ရစ်တဲ့နောက်ချန်စာမျက်နှာများထက်မှာ
ချောကလက်ရောင်တွေ လက်ခဲ့
အရှက်မဲ့တဲ့ မုသားချိုတွေ ဝါးမျိုရင်း
အချစ်စစ်ကိုနုပ်နုပ်စင်းခဲ့လေရဲ့..။
ဖြူစင်ခြင်းဝေးဝေးလာတဲ့
ညစ်ထေးထေးမေတ္တာများ
လည်သူစားဝါဒအောက်မှာ က ကြိုးပျောက်ခဲ့ကြပြီ..။
ဒုတ်ိယမြောက်ဒိုင်ယာရီတစ်အုပ်ရဲ့
ရွက်ဆုပ်စာမျက်နှာ(14)အတွက်
ရမ္မက်၀ိုင်ပြင်းရှရှတစ်ခွက်
ပက်လက်မျောသွားတဲ့ အချစ်စစ်တွေနဲ့
ယဇ်ပူဇော်ခဲ့ကြ
ဒဏ်ရာရလာတဲ့နှလုံးသားမှာ
အရှုံးများသာစွန်းထင်းခဲ့
မိုးမလင်းသေးခင်နေ၀င်သွားတဲ့ အချစ်တွေအတွက်
ရင်အက်အက်နဲ့နှုတ်ဆက်လိုက်ပါတယ်..။
ရူးမိုက်ခြင်းမကင်းသေးတဲ့သံသရာအကျဉ်းသားမို့
နှလုံးသားပါနေသေးတဲ့ ဘ၀တိုင်း
Valentineday နဲ့ ဝေးပါရစေ..။
ဆွေးမြည့်ခြင်းတွေပဲပေးတတ်ခဲ့လွန်းလို့
အစွန်းရောက်တယ်လို့ ဆိုချင်ဆို
ရင်ပြိုအောင်မုန်းတဲ့နေ့တစ်နေ့အဖြစ်
Valentinedayကို သတ်မှတ်ပစ်လိုက်ပြီကွယ်..။
ရတုသစ်
(15/2/2011)

1 comment:
မိုက္စ္
Post a Comment