Saturday, September 15, 2012

လူတွေထဲက လူ

လူတစ်ယောက်အဖြစ်မွေးဖွားလာခဲ့
လူတွေနဲ့လူတို့ပတ်ဝန်းကျင်မှာ
လူ့အသိစိတ်ဓာတ်တွေမြှင့်တင်ရင်း..
လူ့သဘာဝအတိုင်းလူအကျင့်ကိုဆည်းပူးလို့
လူပီသအောင်ကြိုးစားခဲ့
လူထဲကလူတစ်ယောက်အဖြစ်နဲ့
လူတွေထဲက အခုထိ ရုန်းမထွက်နိုင်သေးဘူး..။

လူသားဆန်ဖို့ဘာတွေ  လိုအပ်သလဲ
လူ လူချင်း စာနာမှုလား
လူ လူချင်းနားလည်နွေးထွေးမှုလား
လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးကြိုးစားမှုလား
လူနဲ့ဆိုင်တဲ့ လူ့ရပ်ဝန်းမှာ
လူအကြောင်းတွေတသီတတန်းတွေးရင်း
လူလိုကျင့်မိတော့မှ..
လူပီသမှန်းမသိ ပီသလာခဲ့ပေါ့

လူ လူနဲ့တစ်လူ လူတက်နေဖို့အရေးကြီး
လူကြီးတာ/ငယ်တာနဲ့မဆိုင်မှန်းသဘာဝအရသိတတ်ပြီ
လူပီပီနဲ့ လူသတီအောင်နေထိုင်တတ်မှ
လူ့အသိုင်းအ၀ိုင်းကလူခေါ်ချင်တယ်။

လူအမည်ခံလူတွေနဲ့ရောထွေးနေတဲ့လောကမှာ
လူလိုနေ လူလိုစား လူလိုသွား
လူသားတစ်ယောက်အဖြစ်လူတွေထဲတိုးဝင်ရင်း
လူ့အခင်းအကျင်းက အခုထိ မလွတ်ကင်းနိုင်သေးဘူး..။

                                             ရတုသစ်


No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks