Saturday, November 3, 2012

နွမ်းယဲ့စေညွှန်းပါနဲ့နှင်းရယ်

ဆောင်းမနက်
နှင်းစက်စက်ဖြာဝေ ၊
မြောက်ပြန်လေ ညင်းသွဲ့သွဲ့
ဆင်းတဲ့ခါပေ ။
နှင်းမိုးခြွေ
ချမ်းစေတဲ့သည်ဆောင်း ၊
ရွှေ့ပြောင်းလည်မလွန်ဖို့
အားသွန်ကာဆုခြွေတောင်းတယ်
ဆောင်းပီစေကြောင်း ။

ဖြူလွလွ
ကြဲချတဲ့နှင်းမှုန် ၊
အေးကျဉ်တုန်ရင်ကိုခိုက်
ထွေးပိုက်လက်စုံ ။
ခြုံသာခြုံ
မလုံပါအေးဆဲ ၊
ရင်ထဲသူခိုဝင်ဖို့
မငြိုငြင် ရင်ဖွင့်ကမ်းမယ်
လှမ်းခဲ့စဉ်မြဲ ။

နှင်းခြွေလက်
ခွဲထွက်မယ့်ချိန်ခါ ၊
စိတ်ထဲမှာမလိုလား
မြစ်တားချင်တာ ။
တတ်နိုင်ပါ
သူ့ရာသီ စက်ဝန်း ၊
လှည့်ယွန်းတစ်ပတ်ပြောင်းတော့
နောက်ကြောင်းပြန် လက်ကျန်လွမ်းနဲ့
နွမ်းယဲ့စေညွှန်း ။

                 ရတုသစ်
           (  3 / 11 /2012 )
Bookmark and Share

3 comments:

မိုးနတ်ကြယ်စင် said...

ကဗျာလေးက ကောင်းလိုက်တာ..
မကြာခင်ရောက်တော့မဲ့ဆောင်းကိုတောင်
မြန်မြန်ရောက်စေချင်လှပြီ..
မရောက်တာအတော်ကိုကြာသွားပြီရတုရေ..
မိုးနတ်အခြေအနေလဲ ခုလောက်ဆိုသိလောက်ရောပေါ့
အဲဒါကြောင့်ပါ..မရောက်ဖြစ်ပေမဲ့ စိတ်ထဲမှာအမြဲရှိနေပါတယ်....
ခင်မင်နေတဲ့..မိုးနတ်
(PS . မိုးနတ်လဲကဗျာရူးပါရှင်)

roseayemaung said...

ကဗျာလေးအ၇မ်းကောင်တယ်နော်
ဖတ်ရှုခံစားသွားပါတယ်...

Yoemyaykya said...

ဆောင်းရာသီကို အကြိုက်ဆုံးပဲ။အကြိုက်ဆုံးပဲ။ အနွေးထည်နဲ့ ပဲများရလို့။ဟိဟိ။

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

B
L
O
G
G
E
R
Y
A
T
U
T
H
I
T
Free Backlinks