*မြောက်ပြန်လေနှင် ၊ ဆောင်းရိပ်ဆင်၍
ရှစ်ခွင်မှိုင်းညို့ ၊ နှင်းစို့စို့ဝယ်
လွမ်းဖို့ဖန်လာ ၊ဤ ခြင်းရာကြောင့်
ရင်မှာဆွေးမြေ့၊တစ်ငွေ့ငွေ့ဖြင့်
ဝဲဝေ့ပြိုကျ ၊မျက်ရည်စတို့
လွမ်းရမည့်ရေး ၊ကဗျာတေးကာ
ပူဆွေးရတက် ၊ရင်မှာအက်၍
စက်စက်နီစွေး ၊ နှလုံးသွေးလည်း
ကွာဝေးမည့်ဒဏ် ၊သေချာဖန်လို့
ပွင့်အန်ထွက်ကျ၊ လွမ်းနာရပြီ
မွမွကွဲကြေ..အသည်းမြေ..။
*ချစ်လျက်နှင့်လေ ၊ကြမ္မာပွေသော်
နီးနေလျက်က ၊ ဝေးကြရပြီ
ဘ၀တစ်ကွေ့ ၊ ခဏတွေ့လည်း
မမေ့နိုင်သူ ၊ရင်မှာ ပူ၍
ဝေဆူလျှံတက် ၊ မျက်ရည်စက်တို့
လက်လက်ကြွေကျ ၊လွမ်းပါရလည်း
သူကမသိ ၊ နေနိုင်ဘိသည်..
ချစ်မိသူမှာ..လွမ်းရှည်ကြာ..။
*သြော်...
ဝဋ်ကြွေးလို့ပဲ ၊ စိတ်မှာစွဲကာ
ရင်ထဲဘယ်ထိ ၊လွမ်းဒဏ်ပိလည်း
ချစ်မိသူသာ ၊တမ်းတပါ၍
ရင်မှာလွမ်းရ ၊ ဤဒုက္ခကို
ချိုမြသလို ၊ ရင်မှာသိုလျှက်
လိုလိုလားလား ၊ သိမ်းလို့ထားမည်..
လွမ်းများဝေဆာ..နေစဉ်သာ...။
ရတုသစ်
( ၂၂-၁၁-၂၀၁၂ )
http://yatuthit.blogspot.com/

ရှစ်ခွင်မှိုင်းညို့ ၊ နှင်းစို့စို့ဝယ်
လွမ်းဖို့ဖန်လာ ၊ဤ ခြင်းရာကြောင့်
ရင်မှာဆွေးမြေ့၊တစ်ငွေ့ငွေ့ဖြင့်
ဝဲဝေ့ပြိုကျ ၊မျက်ရည်စတို့
လွမ်းရမည့်ရေး ၊ကဗျာတေးကာ
ပူဆွေးရတက် ၊ရင်မှာအက်၍
စက်စက်နီစွေး ၊ နှလုံးသွေးလည်း
ကွာဝေးမည့်ဒဏ် ၊သေချာဖန်လို့
ပွင့်အန်ထွက်ကျ၊ လွမ်းနာရပြီ
မွမွကွဲကြေ..အသည်းမြေ..။
*ချစ်လျက်နှင့်လေ ၊ကြမ္မာပွေသော်
နီးနေလျက်က ၊ ဝေးကြရပြီ
ဘ၀တစ်ကွေ့ ၊ ခဏတွေ့လည်း
မမေ့နိုင်သူ ၊ရင်မှာ ပူ၍
ဝေဆူလျှံတက် ၊ မျက်ရည်စက်တို့
လက်လက်ကြွေကျ ၊လွမ်းပါရလည်း
သူကမသိ ၊ နေနိုင်ဘိသည်..
ချစ်မိသူမှာ..လွမ်းရှည်ကြာ..။
*သြော်...
ဝဋ်ကြွေးလို့ပဲ ၊ စိတ်မှာစွဲကာ
ရင်ထဲဘယ်ထိ ၊လွမ်းဒဏ်ပိလည်း
ချစ်မိသူသာ ၊တမ်းတပါ၍
ရင်မှာလွမ်းရ ၊ ဤဒုက္ခကို
ချိုမြသလို ၊ ရင်မှာသိုလျှက်
လိုလိုလားလား ၊ သိမ်းလို့ထားမည်..
လွမ်းများဝေဆာ..နေစဉ်သာ...။
ရတုသစ်
( ၂၂-၁၁-၂၀၁၂ )
http://yatuthit.blogspot.com/

2 comments:
ဟေ့လူကြီး နောက်တစ်ခေါက် ထပ်ဖတ်သွားတယ်ဗျ.။
စက်စက်နီစွေး ၊ နှလုံးသွေးလည်း
ကွာဝေးမည့်ဒဏ် ၊သေချာဖန်လို့
ပွင့်အန်ထွက်ကျ၊ လွမ်းနာရပြီ
မွမွကွဲကြေ..အသည်းမြေ.
ကောင်းထှာ... ကြိုက်စ်...
Post a Comment