Saturday, December 1, 2012

နာမည်မမှည့်ရသေးတဲ့ဘီလူးတစ်ကောင်ရဲ့အတ္ထုပ္ပတ္တိ

ဖြစ်တည်ခြင်း စကတည်းက အမှောင်ကိုခေါင်းပေါ်ရွက်ထားခဲ့
အိုးရွဲ့ကိုစလောင်းပဲ့နဲ့ဖုံးဖို့ သူ တတ်ကျွမ်းပြီးသား
နှလုံးသားထက်အသွေးအသားအလိုပဲ လိုက်မယ်..။

ကိုယ်တိုင်မမှည့်လည်း နာမည်ကရမှာပဲ
အလုပ်ရဲ့သမိုင်းမှာ နာမည်ကောင်း/ဆိုး ကမ္ပည်းထိုးထားပြီးပေါ့
ဘွဲ့ဖြူပုဆိုးမပိုင်ပေမဲ့ သူ့မှာ မာနတွေဖြိုင်ဖြိုင်ဝေခဲ့
ပုပ်အဲ့အဲ့ ရနံ့ကို သူ နှစ်ခြိုက် တပ်မက်
အချစ်ရဲ့ အခြားတစ်ဖက်မှာ သူနေတယ်..။

မေတ္တာတရားဆိုတာ သူ့အတွက်မရှိလည်း ဖြစ်တဲ့အရာ
ငတေမာ စိတ်ဓာတ်က သူနဲ့ရင်ချင်းဆက်အမြွှာဖြစ်ရဲ့
ဖြစ်ခဲ့သမျှကို သင်ပုန်းချေဖို့ စိတ်မ၀င်စားဘူး
တူးမိတဲ့ သိုက် အဆုံးထိ လိုက်ဖို့ပဲတွေးတယ်..။

သွေး ဆိုတာ အနှစ်သက်ဆုံးဓာတ်စာ..
အာဟာရထဲမွာ သူတစ်ပါးမျက်ရည်ကအချိုမြိန်ဆုံး
အမှောင်ဖုံးနေတဲ့ပြဇာတ်တွေထဲမှာနေသားတကျနေရာယူတတ်ခဲ့
သူတတ်တဲ့ပညာရပ်ထဲမှာကလိမ်ကကျစ်က ကျွမ်းကျင်ဘာသာ
မာယာသာဌေယျတွေရဲ့စည်း၀ိုင်းမှာ သူ စိတ်တိုင်းကျနေမိ
ကတိ/ဂတိဆိုတာသူ့ပါးစပ်ကပြောလွယ်တဲ့ကိုယ်တွင်းဖြစ်အသံ
စိတ်နံရံတွေမှာမသန့်ရှင်းမှုတွေချိတ်ဆွဲထားပေါ့
သူ့အိတ်ကပ်ထဲမှာ မသထာရေစာတွေ အပြည့်သိုလှောင်ထားတယ်..။

အောင်မြင်မှုတစ်ခုအတွက် သူတစ်ပါးနှာခေါင်းနဲ့အသက်ရှူမယ်..
လူလည်ကျရတာသူ့ဂိမ်းဆော့ဖ်၀ဲလ်တစ်ခုဖြစ်နေရဲ့
အလှည့်ကျလည်းမနွဲ့တတ်သလိုလိုနဲ့သူမူယာပိုနေတတ်သေး
မိုးပြေးဆိုတာ ရှပ်ပြေးလေးပဲရွာတယ်ဆိုတာ သူမေ့ထားတယ်..။

အဲလိုပဲ..သူဘာကောင်လဲဆိုတာ..သူမေ့ထားတုန်းပါပဲ..
သူ့အတ္ထုပ္ပတ္တိမှာ သူ့နာမည် ကွက်လပ်ဖြည့်ဖို့လိုနေတုံးပါပဲလေ..။

                              ရတုသစ်
                         ( 29 -11-2012)


2 comments:

စံပယ္ခ်ိဳ said...

ခုလာကမွာ
(
ေအာင္ျမင္မွဳတစ္ခုအတြက္ သူတစ္ပါးနွာေခါင္းနဲ႕အသက္ရွဴ)တဲ႔သူေတြမ်ားေနတာဟုတ္တယ္...............

မိုးနတ္ၾကယ္စင္ said...

ေသြး ဆုိတာ အႏွစ္သက္ဆုံးဓာတ္စာ..
အာဟာရထဲမွာ သူတစ္ပါးမ်က္ရည္ကအခ်ဳိျမိန္ဆုံး
အေမွာင္ဖုံးေနတဲ့ျပဇာတ္ေတြထဲမွာေနသားတက်ေနရာယူတတ္ခဲ့
သူတတ္တဲ့ပညာရပ္ထဲမွာကလိမ္ကက်စ္က ကၽြမ္းက်င္ဘာသာ
မာယာသာေဌယ် ေတြရဲ႕စည္း၀ုိင္းမွာ သူ စိတ္တိုင္းက်ေနမိ
ကတိ/ဂတိဆုိတာသူ႕ပါးစပ္ကေျပာလြယ္တဲ့ကုိယ္တြင္းျဖစ္အသံ
စိတ္နံရံေတြမွာမသန္႔ရွင္းမွဳေတြခ်ိတ္ဆြဲထားေပါ့
သူ႕အိ္ပ္ကပ္ထဲမွာ မသထာေရစာေတြ အျပည့္သုိေလွာင္ထားတယ္..။

ေအာင္ျမင္မွဳတစ္ခုအတြက္ သူတစ္ပါးနွာေခါင္းနဲ႕အသက္ရွဴမယ္..
လူလည္က်ရတာသူ႕ဂိမ္းေဆာ့ဖ္၀ဲလ္တစ္ခုျဖစ္ေနရဲ႕
အလွည့္က်လည္းမနြဲ႕တတ္သလိုလိုနဲ႕သူမူယာပုိေနတတ္ေသး
မိုးေျပးဆုိတာ ရွပ္ေျပးေလးပဲရြာတယ္ဆုိတာ သူေမ့ထားတယ္..။


စကားလံုးေတြက good မွ good..ပဲ..
အဲလိုလူမ်ိဳးေတြအမ်ားၾကီးရွိတယ္ေလ.....

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks