မျက်ရည်ဝဲမှုန်ဝါးခဲ့ညများမှာ ငါလွမ်းနေလည်းမင်းမှမသိနိုင်တော့တာ
အချစ်တွေအတွက်ခံစားခဲ့နေ့များစွာ..ပြန်ရချင်လည်း ဘယ်သူမှမပေးနိုင်တော့
ပူလောင်မွန်းကြပ်တဲ့..သာယာခြင်းကင်းမဲ့ အိပ်မက်ဆိုးတစ်ခုလိုပဲ...။
အတိတ်ဆိုတာ စိတ်ကူးဖြစ်ပေမယ့် ပြန်တွေးလိုက်တိုင်းမနေ့တစ်နေ့ကလိုပဲ
မင်းမမြင်ခဲ့ကြေကွဲငါ့ရင်ဟာ..အသက်ရှုတိုင်း နှလုံးသွေးများဆူဆဲ....
ပြန်လည်အစားထိုးလို့ ဘယ်လိုနည်းနဲ့မှ..ငါမေ့ဖျောက်လို့ရမှာလဲ...
( မင်းချန်ခဲ့တဲ့ စာရွက်ဟောင်းများနွမ်းခြောက်ကာ...မင်းစွန့်သွားတော့
တွယ်ရာမဲ့တဲ့ စိတ်အစဉ်ဟာ..တမ်းတရင်းနဲ့ ငါဒီအခန်းကျဉ်းလေးထဲမှာ
..ဟိုးတစ်ချိန်တုန်းက အတူပျော်ဖူးခဲ့နေ့ရက်များ....ဒီအချိန်ရင်ခုန်လာ
ဟိုးတုန်းက အနမ်းတွေ ခဏလောက်တော့ရချင်လို့..နားလည်ပေးပါ.....)
3 comments:
ဒီသီချင်းလေးကိုပဲ ဖလက်ရှ်ဆောင်းဂ် အဖြစ် လိုချင်ပါကြောင်းး)
သီချင်းလေးကို လာရောက်ခံစားသွားပါတယ်ဗျာ
ကျွန်တော်လည်း သည်သီချင်းကိုလိုချင်ပါတယ် mp3 ဖိုင်နဲ့ဖြစ်ဖြစ်ပေါ့ ကျွန်တော့်မေးထဲပို့ပေးလို့ရမလား saiaarkaroo@gmail.com ကိုပါ
အားရင်ပေါ့ ကျေးဇူးတင်ပါတယ်
ပျော်ရွှင်နိုင်ပါစေနော်
ကိုရွှေအင်တာနက်လိုင်းကြောင့် နားထောင်လို့ရဘူး ရတုရေ။
Post a Comment