လ
အေးမြ
မွဳန္ပ်ပ် ။
နှင်းမြူကြားမှ
ချောင်းကြည့်ရစဉ်
အလှတစ်မျိုး
ထင်မိရိုးသာ
နှင်းခိုးသောက်လျှက်
မတောက်လက်လည်း
မှုန်ညက်နံ့သာ
လိမ်းကျံလာသို့
စိတ်မှာတွေးထင်
နမ်းကြည့်ချင်သည်
ရွှေရင်ခုန်ထိတ်...တဒိတ်ဒိတ် ။
ည
တွေးလှ
ထုံကူးရ ။
ဆောင်းဟေမာန်ည
ချမ်းမြမြ၀ယ်
ထွေးရမည့်သူ
မရှိမူ ၍
စိတ်ဆူဝေကာ
ရင်ခုန်လာသော်
မှုန်စွာညက်ညော
ကြယ်တို့တောမှ
ချစ်သောလမင်း
ပပ၀င်း ကို
ချစ်တင်းစကား..ထပ်ထပ်ကြား..။
တွေး
ရင်အေး
ငြိမ့်ငြိမ့်လေး ။
စိတ်ကူးထွက်ပြေး
လမင်းလေးဆီ
ချစ်ရေးချစ်ခွန်း
ဖွဲ့သီညွှန်းလျှက်
ဝေရွှန်းလက်ဖိတ်
မေတ္တာစိတ်ဖြင့်
တိုးတိတ်ချဉ်းကပ်
ရင်လွှာအပ်သော်
အေးဓာတ်စိမ့်ဖြာ
ထုံကူးလာသည်
ရင်လွှာသိမ့်သိမ့်..အေးစိမ့်စိမ့်..။
ရတုသစ်
(22/12/2012။ 9း 00 ည)

အေးမြ
မွဳန္ပ်ပ် ။
နှင်းမြူကြားမှ
ချောင်းကြည့်ရစဉ်
အလှတစ်မျိုး
ထင်မိရိုးသာ
နှင်းခိုးသောက်လျှက်
မတောက်လက်လည်း
မှုန်ညက်နံ့သာ
လိမ်းကျံလာသို့
စိတ်မှာတွေးထင်
နမ်းကြည့်ချင်သည်
ရွှေရင်ခုန်ထိတ်...တဒိတ်ဒိတ် ။
ည
တွေးလှ
ထုံကူးရ ။
ဆောင်းဟေမာန်ည
ချမ်းမြမြ၀ယ်
ထွေးရမည့်သူ
မရှိမူ ၍
စိတ်ဆူဝေကာ
ရင်ခုန်လာသော်
မှုန်စွာညက်ညော
ကြယ်တို့တောမှ
ချစ်သောလမင်း
ပပ၀င်း ကို
ချစ်တင်းစကား..ထပ်ထပ်ကြား..။
တွေး
ရင်အေး
ငြိမ့်ငြိမ့်လေး ။
စိတ်ကူးထွက်ပြေး
လမင်းလေးဆီ
ချစ်ရေးချစ်ခွန်း
ဖွဲ့သီညွှန်းလျှက်
ဝေရွှန်းလက်ဖိတ်
မေတ္တာစိတ်ဖြင့်
တိုးတိတ်ချဉ်းကပ်
ရင်လွှာအပ်သော်
အေးဓာတ်စိမ့်ဖြာ
ထုံကူးလာသည်
ရင်လွှာသိမ့်သိမ့်..အေးစိမ့်စိမ့်..။
ရတုသစ်
(22/12/2012။ 9း 00 ည)

No comments:
Post a Comment