Friday, January 4, 2013

အိမ် သုံး အိမ်

(အမေ့အိမ်)

နူးညံ့ခြင်းဧည့်ခန်း
မေတ္တာတော်ပန်းပွင့်တွေခြွေ
ဘ၀အမောပြေ ။


(အဖေ့အိမ် )

တက်ကြွခြင်းသင်တန်း
ဇွဲစိတ်သန် စွမ်းအားပေးဝေ
ဘ၀တောက်ပစေ  ။


(သား/သမီးအိမ်)

မသိခြင်းဆိပ်ကမ်း
အပူ၊အနွမ်း လွှင့် လေပွေ
ဘ၀ မော ၊နွမ်း ၊ကြေ ။


                   ရတုသစ်
                (3/1/2013 )

(အမြင် ကွဲလွဲချက်ရှိကောင်းရှိနိုင်ပါသည် ။ )

2 comments:

မိုးသူ(တောင်ကြီး) said...

အိမ်သုံးအိမ်ရဲ့ စကားလုံးတွေကို

ရင်ထဲထည့်သွားပါတယ် ကိုရတုသစ်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

မိုးနတ်ကြယ်စင် said...

ဖတ်သွားတယ် မှတ်သွားတယ် ကိုရတု...:)

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks