Sunday, January 6, 2013

မျက်လုံးများရဲ့သံစဉ်

       ပန်းစံပယ်နန်းအလယ်မပေါ်ခိုက်ဟာမို့အလိုက်တော်တန်သင့်ရုံပ

ခံပွင်းကိုကုံးရတယ်
                   ပြေးကြိုတော့ထွေးညို သီချင်းကိုသီဆိုရင်းမျက်နှာ၀မှာအ၀တ်စည်း်ထား

တဲ့စဥ့်အိုးငယ်လေးတွေကိုစည်းချက်မှန်မှန်တီးကာဖျော်ဖြေရေးလုပ်နေရှာတဲ့သားငယ်ရဲ့
မျက်နှာကိုကြည့်ရင်းကျုပ်အတွေးတွေအတိုင်းအဆမဲ့မျောလွင့်နေတယ်။အယောက်နှစ်
ဆယ်လောက်ရှိမယ့်လူအုပ်ကြီးက၀ိုင်းအုံလို့ ။ကျုပ်တို့ရှေ့ကဖလားလေးထဲမှာတော့
တစ်ရာကျပ်တန်၊နှစ်ရာကျပ်တန်နဲ့ငါးဆယ်ကျပ်တန်အနွမ်းလေးတွေခုန်ဆင်းပျပ်၀ပ်နေ
တယ်။၀ိုင်းအုံနေတဲ့လူတွေဆီကခုန်ဆင်းလာတာလေ၊ကျုပ်ကတော့ကျုပ်တို့ရဲ့လုပ်အား
ခနဲ့ရတဲ့ငွေကြေးမို့စိတ်သန့်သန့်နဲ့ယူရဲတယ်ဗျာ။ခိုးဆိုးလုယက်နေတာမှမဟုတ်ပဲလေ။
အခုဟာက။

                     ပြီးတော့ကျုပ်အလုပ်ကိုလည်းသမ္မာအာဇီ၀ဖြစ်တယ်လို့ပဲယူဆထား
တယ်။ကျုပ်ကကိုယ်ကျွမ်းကျင်တတ်မြောက်ရာပညာရပ်လေးနဲ့ပြည်သူလူထုအချို့ကိုခ
ဏလောက်ပဲဖြစ်ဖြစ်အမောအပန်းပြေစေချုင်တဲ့ဆန္ဒထားတယ်။ပရိသတ်ကလည်းတုံ့
ပြန်တဲ့အနေနဲ့ငွေစကြေးစလေးတွေဆုချကြတယ်။နည်းတာများတာကိုထည့်မတွက်ပါ
ဘူး။ကျုပ်တို့ရဲ့ဖျော်ဖြေမှုကိုအသိအမှတ်ပြုတာကိုပဲကျေနပ်လှပြီလေ။ဒါပေမယ့်ဗျာ
ကျုပ်တို့ကလညး်သူလိုငါလိုပဲ သမုဒ္ဒရာ၀မး်တစ်််ထွာနဲ့ဆိုတော့.။
                     ကျုပ်က ကျုပ်ကျွမ်းကျင်တတ်မြောက်ထားတဲ့ပညာလေးကိုသားငယ်
ကိုလည်းသင်ပေးထားတယ်။ကျုပ်နေထိုင်မကောင်းဖြစ်တဲ့အခါတွေဆိုအဆင်ပြေအောင်
ပေါ့ ။သားငယ်ကိုကျုပ်အတွက်ခုတုံးလုပ်လိုက်တာတော့မဟုတ်ပါဘူးလေ။တကယ်ဆို
ကိုယ့်သားသမီးကိုဘယ်မိဘက ဆင်းရဲတွင်းထဲနှစ်ရက်မလဲလေ။
                       အခုဆိုသားငယ်ကကျုုပ်ရဲ့လက်သံအတိုင်းတီးခတ်မှုပိုင်းမှာကြေညက်နေပြီ။
*****************************************************

                       ကျုပ်တို့သားအဖ တီးလိုက်ဆိုလိုက်နဲ့ဖျော်ဖြေနေလိုက်ကြတာအ
တော်ကြာသွားတယ်။ကြာလာတာနဲ့အမျှလူတွေလည်းများများလာတယ်။လမ်းသွား
လမ်းလာတွေနဲ့ပဲများလာတာ။တစ်ချို့ကတော့လှမ်းကြည့်ရုံသက်သက်ပဲ။တစ်ချို့ကျ
တော့အနီးကပ်လာကြည့်ပြီးမှခေါင်းရမ်းပြန်ထွက်သွားတာလည်းရှိရဲ့။ကျုပ်တို့ဖျော်ဖြေ
တယ်ဆိုတာကလည်းတီး၀ိုင်းကြီးတွေလိုကြီးကျယ်တာမှမဟုတ်တာ၊။ဂုန်နီအိပ်လေးခင်း
ပြီးကျင်းပနေတာလေ။ ဘာပဲဖြစ်ဖြစ်ပါ..ကျုပ်ကတော့ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေမိ
တယ်။
                    ခေါင်းရမး်ပြီးထွက်သွားတဲ့လူတွေရဲ့စိတ်ထဲမှာဘာတွေတွေးမိနေမလဲ
ကျုပ်မှန်းဆကြည့်မိသေးတယ်။တူရိယာသံ၊သီချင်းသံတွေနဲ့ဖျော်ဖြေနေပေမယ့်သံစုံ
တီး၀ိုင်းကြီးမဟုတ်လို့၊ ဒါမှမဟုတ်ရင်လည်းနိုင်ငံကျော်အဆိုတော်တွေမဟုတ်လို့။စိတ်မ
၀င်စားပဲထွက်သွားကြတာဖြစ်မယ်လို့မှန်းဆမိပါရဲ့။ကျုပ်မှန်းဆမိိတာပြောတာပဲလေ။
မဟုတ္ဘူးလား ။
                   တစ်ချို့ကတော့ကျုပ်တို့ကို ကယ်ပါတွေလို့ပဲထင်ပြီးနှာခေါင်းရှုံ့ထွက်ခွါ

သွားကြတာလဲရှိတယ်။လူအမျိုးမိျုး စိတ်အထွေထွေဆိုတော့ရှုမြင်သုံးသပ်ပုံခြင်းလည်း
ဘယ်တူပါ့မလဲ၊။သူတို့ထင်သလိုလူစားမျိုးမဟုတ်တာတော့ကျုပ်တို့သားအဖနဲ့လော
ကပါလနတ်တွေသိတယ်။
                 တကယ်ဆိုသူတို့ရေလိုက်လွဲနေကြမှန်းမသိကြဘူး။အယူအဆမှားနေမှန်း
မရိပ်မိကြဘူး။အနုပညာဆိုတာစင်မြင့်ပေါ်မှာသံစုံတီး၀ိုင်းကြီးတွေနဲ့ဖျော်ဖြေမှအနုပညာ
လို့ထင်နေကြတယ်။ဖျော်ဖြေရေးလို့မှတ်ယူနေကြတယ်။ကျုပ်ကတော့ဒီလိုမထင်မိဘူး။
လမ်းဘေးမှာစည်းနဲ့ဝါးတီးပြီးတောင်းရမ်းနေသူတွေရဲ့ဖျော်ဖြေမှုကလည်းအနုပညာပဲမ
ဟုတ်ဘူးလား။ဝါးပိုးဝါးဆစ်ပိုင်းနှစ်ခုကိုမြေပေါ်မှာပုတ်ခတ်ရင်းသီချင်းလေးနဲ့ဖျော်ဖြေ
နေတဲ့သူတို့အနုပညာကလည်းတစ်ခါတစ်ခါလည်ပြန်ငေးကြည့်ရလောက်အောင်ပြောင်
မြောက်လွန်းတာတွေ့ဖူးကြုံဖူးသူတွေသိကြပါလိမ့်မယ်။
                     အနုပညာဆိုတာလူတို့ရဲ့နှလုံးသားကိုဖက်တွယ်ပူး၀င်ပြီးခံစားမှုပေးနိုင်
စွမ်းရှိတဲ့အရာလို့ပဲကျုပ်ထင်မိတယ်။ဟုတ်တယ်လေ။နှလုံးသားကိုထိမှန်ခြင်းမရှိတဲ့အ
နုပညာကို အနုပညာမမြောက်ဘူး လို့လူတွေကသတ်မှတ်တတ်ကြတယ်မဟုတ်လား။ဒါ
က ကျုပ်အထင်ပြောတာပါ။ဆရာကြီးတွေကတော့အနုပညာကိုအမျုးိမျိုးအဓိပ္ပါယ်ဖွင့်ကြ
တာကျုပ်မှတ်သားဖူးပါရဲ့။ ဘာပဲဖြစ်ဖြစ်လမ်းသွားလမ်းလာလူတွေနဲ့ပြည့်နှက်ပြီးအား
ပေးသူများလာတဲ့ကျုပ်တို့သားအဖရဲ့ဖျော်ဖြေမှုကိုလောလောဆယ်အနုပညာမြောက်
နေပြီလို့ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီးတွေးမိတယ်။ဟုတ်တယ်လေ။ အဲဒီလိုပဲ ကျုပ်တွေးမိပါ
တယ်။
************************************************************

                     သားငယ်ကိုခဏနားခိုင်းပြီးကျုပ်တစ်ယောက်ထဲဆက်ဖျော်ဖြေနေမိ
တယ်။သီချင်းကလည်းတစ်ပုဒ်ပြီးတစ်ပုဒ်ဆိုလို့ကောင်းလာတယ်။သီချင်းထဲမှာဈာန်၀င်
စားနစ်မျောနေမိတော့ဘေးကလူအုပ်ကိုလည်းသတိမထားမိတော့ဘူး။ဒါပေမယ့် ဒန််ဖလား
လေးထည်းကပိုက်ဆံအနွမ်းလေးတွေကိုယူပြီးထန်းခေါက်ဖာလေးထဲထည့်နေ
တဲ့သားငယ်ရဲ့လှုပ်ရှားမှုကိုတော့သိနေတယ်။ဆိုလိုက်တီးလိုက်နဲ့သီချင်းဆယ်ပုဒ်ကျော်
သွားတယ်။အားနည်းနည်းခြောက်လာလို့ရေသန့်ဗူးထဲကရေကိုမော့လိုက်ရသေးတယ်။
ရေသန့်ဗူးဆိုပေမယ့်ဗူးခွံကိုပဲပြောတာ။ရေကတော့ဘုန်းကြီးကျောင်း၀င်းထဲမှာသွားခပ်
ထားရတာလေ။အဓိကကတော့ရေငတ်ပြေဖို့ပဲမဟုတ်လား။ကျန်းမာရေးတွေဘာတွေ
ဘာတွေလည်းဂရုမစိုက်နိုင်ဘူးလေ။ရှိတဲ့ရေ တွေ့တဲ့ရေသုံးလိုက်ရတာပဲ။
                        နောက်တစ်ပုဒ်ဆက်ဆိုမလို့ပြင်နေတုံးမှာပဲကောင်လေးတစ်ယောက်
ရှေ့ထွက်လာပြီး ဦးကြီး တွံ့တေးသိန်းတန်ရဲ့ နှမလက်လျှော့နေလေတော့ သီချင်းရရင်
ဆိုပြပေးပါလားဗျာ ပြောလာတယ်။အားပေးသူရှိလို့့တော့ကျုပ်တို့ကလည်း နတ်ရူးဘုံ
မြှောက်ခြေထောက်ကဆိုတဲ့အစားထဲကပဲ။မမောနိုင်မပန်းနိုင်တီးမိဆိုမိတော့
တာပဲလေ။ဒါကကျုပ်အကျင့်ပဲ။
                     ခ်စ္သူရွိရာဒီဌာနဆီသို့..မှန်းဆ တမ်းတပါသော်လည်းတစ်ခါ်
တစ်ခေါက်ဖြင့် မလာရောက်ဝံ့သူပါကွယ်
                    သီချငး်ထဲမှာစီမျောလိုက်ပါရင်းကျုပ်မျက်၀န်းမှာမျက်ရည်ကြည်တွေ
တောင်ေ၀့လာမိတယ်။သီချင်းဆုံးသွားတော့ကောင်လေးရဲ့မျက်နှာမှာကျေနပ်မှုကိုဖျတ်
ဖျတ်ကနဲတွေ့လိုက်ရတယ်။သီချင်းတောင်းတဲ့ကောင်လေးကနှစ်ရာတန်အကြွေတစ်
ရွက်ဆုချသွားတယ်။ဘေးကလူအုပ်ထဲကလက်ခုံသံတွေလည်းတဖြောင်းဖြောင်းထွက်
လာတယ်။အဲဒီအချိန်မှာကျုပ်ကိုကျုပ်တောင်ဘ၀င်မြင့်ချင်ချင်ဖြစ်လို့။စင်တင်တီး၀ိုင်းကြီး
တွေနဲ့မဖျော်ဖြေနိုင်ပေမယ့်လက်ခုပ်တီးအားပေးမယ့်သူတွေရှိနေသေးတယ်ဆိုပြီးပေါ့။
                      ကောင်လေးထွက်သွားတော့နောက်လူတွေကလည်းသူတို့ကြိုက်တဲ့
မြန်မာသီချင်းလေးတွေတောင်းဆိုလာကြတယ်။ကျုပ်ရတဲ့သီချင်းဆိုရင်တော့ဆိုပြလိုက်
တယ်။မရတဲ့သီချင်းဆိုရင်မရတဲ့အကြောငး်တောင်းပန်ရတာပေါ့။သီချင်းတောငး်သူနဲ့သီ
ချင်းဆိုတဲ့ကျုပ်တစ်သားထဲကျလို့ ။လက်ရှိဘ၀ကိုတောင်မေ့သွားမိပါရဲ့။
                   မကြာလိုက်ပါဘူး ။မုန်တိုင်းက၀င်တော့တာပဲ။ပြဿနာကစတော့တာာပဲ
။ ဦးလေးကြီး ကျွန်တော့်ကို တောဂေါ်လိီသီချင်းလေး ဟဲ ပြစမ်းပါဗျ။
အဲဒီလိုပြောပြီးရောက်လာတဲ့ကောင်လေးတစ်ယောက်ကြောင့်ကျုပ်ပြာယာခတ်သွားရ
တယ်။စောစောကအပျော်တွေခုန်ပျံထွက်သွားတယ်။တစ်ဆက်ထဲပဲဒေါသစိတ်ကငယ်
ထိပ်ကိုရောက်နေသလားထင်ရတယ်။ခေါင်းထဲမှာမိုက်ပြီးပြာေ၀သွားတယ်။ကောင်လေး
ကလွဲလို့ဘာကိုမှမမြင်တော့ဘူး။ဒေါသအမှောင်တွေဖုံးပြီးမဲမဲမြင်ရာရိုက်ခွဲပစ်လိုက်ချင်မိ
တယ်။ လက်သီးကိုကျစ်ကျစ်ဆုပ်ပြီးအံကြိတ်ထားမိတယ်။
                      ဘာကြ ၊မင်း ဒါတမင်စော်ကားတာပဲကွ ၊ဒီမွာ မြန်မာသံစဉ်တွေပဲဆို
နေတာ မင်းမသိဘူးလား။ ဒီသီချင်းမျိုးလာဆိုခိုင်းတာငါ့ကို တမင် ရန္စတဲ့သေဘာပဲကြ
                       ပြောပစ်လိုက်တယ်။ဒေါသစိတ်ရဲ့တုန်ခါမှုနဲ့အသံကစည်းဝါးမကျဘူး
။ပြတ်တောက်ပြတ်တောက်ထွက်ကျလာတယ်။ကောင်လေးကလည်းမခေ။မူးနေတာ
လည်းဖြစ်မှာပေါ့။ကျုပ်ကိုပက်ကနဲပြန်ပြောတယ်။
              ဘာဗ်..ဒီသီချင်းကလည်းမြန်မာသီချင်းပဲဗျအင်္ဂလိပ်လိုဆိုထားတာမှမ
ဟုတ္တာ..ဒီလောက်ခေတ်စားထားတဲ့သီချင်းကိုမှမရပဲနဲ့ခင်ဗျားကြီးတီးလိုက်၊ဆိုလိုက်၊
သီချင်းတောင်းခိုင်းလိုက်လုပ်နေတာ မရွက္ဘူးလားဗ်..အခုသီချင်းတောင်းတော့ခွေးအ
လှည်းနင်းမိသလိုဖြစ်နေပြီ..မမိုက်ပါဘူးဗျာ
                အဲဒီအချိန်ထ်ိကျုပ်သည်းခံနေလိုက်သေးတယ်။ဒီလောက်နဲ့ရပ်သွားမယ်
မှတ်လို့။အဲဒီကောင်လေးကိုလည်းသူ့အပေါင်းအဖော်တွေကဆွဲခေါ်နေကြတယ်။ဒါပေ
မယ့်ယက်ကန်ယက်ကန်ပါသွားရင်းပြောလိုက်တဲ့ကောင်လေးရဲ့စကားကကျုပ်ဒေါသကို
အထွဋ်အထိပ်ထိရောက်အောင်ပို့ပေးလိုက်သလိုပဲ။
                  ဟေ့ကောင်တွေ..ဖယ်စမ်းကွာ..ငါ့ကိုလာမချုပ်နဲ့မင်းတို့မမြင်ဘူးလား
လက်တွေခြေတွေကောင်းနေလျှက်နဲ့ဘာမှမယ်မယ်ရရလုပ်ကိုင်မစားဘူး..ညာဝါးစား
ဖို့ပဲတတ်တယ်..သူတောင်းစားပဲကွ..အကြံအဖန်တွေ
                     ကျုပ်မတ်တပ်ရပ်လိုက်ပြီးကောင်လေးဆီသွားရင်ဆိိုင်မိတယ်။သွား
လေရာယူတတ်တဲ့ဝါးဆစ်ပိတ်ဒုတ်ကိုကျစ်ကျစ်ပါအောင်ကိုင်ထားရင်းပေါ့လေ။အခြေ
အနေကရုတ်ရုတ်သဲသဲနဲ့ပိုပြီးတင်းမာသွားတယ်။စောစောကဘေးမှာ၀ိုင်းနေတဲ့လူတွေ
လည်းမရှိကြတော့ဘူး။၀ရုန်းသုန်းကားနဲ့ထွက်ပြေးပျောက်ကွယ်ကုန်တယ်။
                   ကောင်လေးကလညး်ကျုပ်လိုလူတစ်ယောက်ကပြန်ပြီးအာခံတယ်ဆိုပြီး

ကြိတ်မနိုင်ခဲမရဖြစ်နေပုံပဲ။မျက်နှာကရဲထနေတယ်။ ပြီးတော့..မကြားဝံ့မနာသာစကား
လုံးတွေနဲ့ဆဲရေးတိုင်းထွားပြီးကျုပ်ကိုစော်ကားပြီးရင်းစော်ကားနေတယ်။ကျုပ်ရဲ့သည်းခံ
နိုင်မှုအတိုင်းအတာကကုန်သွားပြီ..။
                       လက်ထဲကဝါးဆစ်ပိတ်ဒုတ်နဲ့ရိုက်ဖို့လက်မြှောက်လိုက်ချိန်မှာပဲအ

သနားခံအကြည့်နဲ့ကြည့်နေတဲ့သားငယ်ကြောင့်ကျုပ်ရဲ့ဒေါသစိတ်ဟာ တစ်ထစ်လျှော့
သွားတယ်။စိတ်လိုက်မာန်ပါလုပ်လို်က်မိရင်ရှုပ်ထွေးမွန်းကြပ်တဲ့လောကကြီးအလယ်မှာ
သားငယ်တစ်ယောက်ထဲယောင်ချာချာဖြစ်ကျန်ခဲ့မှာတွေးမိတော့ကြမ်းနေတဲ့စိတ်ကပြန်
လျော့သွားတယ်။မိုင်တိုင်ရှည်သက်ပြင်းမောကြီးကိုပဲ လေးတွဲ့တွဲ့ညှစ်ချလိုက်ရတယ်။
                 အမှတ်တမဲ့ပြန်ကြည့်လိုက်တဲ့အခါမှာ ကျုပ်ကိုစေ့စေ့ကြည့်ပြီး ထြီကနဲ
တံထွေးထွေးပြီးထွက်သွားတဲ့ကောင်လေးကိုတွေ့လိုက်ရတယ်။ အဲဒီကောင်လေးရဲ့အ
ကြည့်မျိုးကို ကျုပ်ခါးသီးစူးနစ်စွာ ရင်ဆိုင်ခဲ့ရဘူးတယ်။ ဘယ်မှာလဲ ဆိုတာပြန်စဉ်းစား
နေတုန်းအချက်ပြလာတဲ့ ၀မ်းသမုဒ္ဒရာကြောင့် အတွေးစကိုဖြတ်ပစ်လိုက်ရတယ်။ သား
ငယ်လေးလဲ အတော်ဆာလှရော့မယ်လေ။

***********************************************************
                  ကျုပ်တို့ထိုင်နေတဲ့နေရာနဲ့ခပ်လှမ်းလှမ်းမှာ ကရေကရာမုန့်ဆိုင်တန်း
တွေရှိတာမို့သားငယ်ကိုမုန့်သွား၀ယ်ခိုင်းလိုက်တယ်။သားငယ်ရဲ့ညစ်ထေးထေးအ၀တ်
အစားနဲ့ညှင်းသိုးသိုးရုပ်သွင်ကိုကြည့်ပြီးမုန့်ရောင်းနေတဲ့ကောင်မလေးတွေနှာခေါင်းရှုံ့
သွားတာကိုအမှတ်တမဲ့မြင်လိုက်ရတယ် ။ရင်နာရပေမယ့်မျက်နှာလွှဲပြီးမသိကျိုးကျွံပြု
ထားလိုက်ရတယ်။မုန်းရောင်းပေးလိုက်တာကိုပဲကျေးဇူးတင်ရမလိုဖြစ်နေတယ် ။
                  ရွှေတွဲလွဲ၊ငွေတွဲလွဲနဲ့အ၀တ်အစားပြောင်ပြောင်နဲ့လူတွေဆိုရင်တော့
အစ်မကြီး အိမ်ပြန်လက်ဆောင်လေး၀ယ်သွားပါဦးလား
  ဟို အစ္ကို.ကျွန်မတို့ဆိုင်မှာလာအားပေးပါဦး..လာပါ..ကျွန်မတို့ဆိုင်ကဈေးချိုပါ
တယ်..ပစ္စည်းလည်းမှန်တယ်လေ..
ဟိုဖက္က မောင်လေးတို့..ညီမလေးတို့..လာပါဦး မြည်းကြည့်ပါဦး.ကြိုက်မှ၀ယ်လေ
ရပါတယ်..လာပါ..အားပေးသွားပါဦး စတဲ့လောကွတ်ပျူငှါတွေနဲ့ဖော်ရွေနေတဲ့ကောင်
မလေးတွေဟာ သားငယ်ကိုကျတော့ဘာဖြစ်လို့နှာခေါင်းရှုံ့ချင်ကြတာလဲ။
 အတော်ခက်တဲ့လူတွေပါလား ။လူတစ်ယောက်ရဲ့ စံ ကိုအ၀တ်အစား၊ရွှေ၊ငွေ ၊ကအဆုံး
အဖြတ်ပေးတာလား။စိတ်ဓာတ်ကအဆုံးအဖြတ်ပေးတာလားဆိုတာကွဲကွဲပြား
ပြားမသိကြသေးသရွေ့တော့ကျုပ်တို့ဟာ ဒီလိုဆက်ဆံခံနေရဦးမှာပဲလို့တောင်တွေးမိ
လိုက်ပါရဲ့ ။
**********************************************************
                  မုန့်၀ယ်ပြီးပြန်လာတဲ့သားငယ်ကိုလက်ဆွဲပြီးစေတီတော်မြောက်ဘက်က
အရိပ်ကောင်းတဲ့မန်ကျည်ပင်ရိပ်မှာသွားထိုင်လိုက်တယ်။အဲဒီဖက်ကလူရှင်းလို့တော်
သေးတယ်။စေတီတော်ဆိုမှသတိရတယ်။ကျုပ်တို့ရောက်နေတဲ့မြို့ကရွှေဘိုမြို့။ဒီမြို့
မှာတော်သလင်းလပြည့်ကျော်(၁၁)ရက်ကစပြီးသီတင်းကျွတ်လဆန်းရောက်တဲ့ထိအောင်
မြို့ထောင့်စေတီပွဲတော်ဆိုတာနှစ်စဉ်ကျင်းပတယ်။ရွှေဘိုခရိုင်တစ်ခုလုံးမှာအစည်ကား
ဆုံးပွဲလို့ပြောလို့ရတယ်။တောရွာ ဇနပုဒ်ကလူုတွေပါလာရောက်ဆင်နွှဲကြတယ်။
              တစ်ချို့ကလည်းပွဲတော်တိုင်းလှည့်လည်ရောင်းလေ့ရှိတဲ့ဆယ့်နှစ်ပွဲဈေး
သည်တွေဆီကလိုချင်တဲ့ပစ္စညး်တွေ၀ယ််ဖို့ဆိုပြီးတကူးတကလာကြတယ်။တစ်ချို့ကျ
တော့လည်းတီဗီဖန်သားပြင်မှာသာမြင်ရတဲ့နို်င်ငံကျော်မင်းသား၊မင်းသမီးတို့၊အဆိုတော်
တို့ပါလာတတ်တာမို့အပြင်မှာမြင်ဘူးအောင်တမင်တကာလာကြည့်ကြတာလည်းရှိရဲ့။
     ပွဲတော်ကကြိတ်ကြိတ်တိုးနဲ့အရမ်းစည်ကားတယ်။ နေ့ခင်းပိုငး်ထက်ညပိုင်းကပိုပြီး
စည်ကားတယ်။အသွေးအရောင်စုံလှုပ်ရှားနေတဲ့လူအုပ်ကြီးကမြစ်တစ်စင်းစီးဆင်းနေသ
လိုပဲ။အတန်းလိုက် အစုအဖွဲဲ့လိုက်စီးဆင်းနေကြတယ်။
                      ပြောရဦးမယ်။ ဒီမြို့ထောင့်စေတိီဆိုတာနှယ်နှယ်ရရမှမဟုတ်တာ။အ
လောင်းမင်းတရားကြီးဦးအောင်ဇေယျတည်ထားကိုးကွယ်ခဲ့တဲ့အထင်ကရစေတီတော်
ကြီးပေါ့။(၁၁၁၉)ခုနှစ်၊ပြာသိုလ်လဆန်း(၂)ရက်နေ့ကစပြီးတည််ခဲ့တယ်လို့သမိုင်းတွေ
မှာပါတယ်။(၁၁၂၀ )ပြည့်ုနှစ်၊သီတင်းကျွတ်လပြည့်ကျော်(၃)ရက်နေ့မှာအပြီးသတ်
တည်ဆောက်နိုင်လို့(၁၀ဲ)လကြာတယ်လို့ပြောရမယ်ထင်တယ်။စေတီတော်တည်ချိ်န်
ပေါ့။ မော်ဓောမြင်သာ မြို့ထောင့်စေတီလို့ဘွဲ့တော်ရှိပေမယ့်လွယ်လွယ်ပဲမြို့ထောင့်
စေတီလို့ခေါ်နေကြတာ။ကြာတော့နှုတ်ကျုးိနေကြပြီထင်ပါရဲ့။တစ်ချို့ဆိုဘုရားပွဲတော်
သာလာကြတာ။ဘုရားပွဲကျင်းပတဲ့စေတီတော်ရဲ့ဘွံဲ့တော်အပြည့်အစုံကိုမသိသူတွေအ
များသား။ကျုပ်ကတော့ရောက်လေရာမှာအမှတ်သညာလေးနဲ့နေပြီးစပ်စုတတ်လွန်းတဲ့
အကျင့်လေးရှိထားတော့ဒီသမိုငး်ကိုသိထားပြီးသားဖြစ်နေတယ်။ ဒီဘုရားပွဲတော်ရက်ဆို
အရောက်လာဖြစ်အောင်လာတယ်။ကျုပ်တို့လိုဘ၀သမားတွေအဖို့ဒီပွဲမျိုးကလက်လွတ်ခံ
လို့မဖြစ်ဘူးလေ။ဒီပွဲမှာလာခဲ့ရင်း စောစောပိုင်းကကောင်လေးနဲ့ပြဿနာဖြစ်ရတာပဲ။
ကျုပ်အလုပ်၊ကျုပ်ပညာကိုစော်ကားတဲ့ကောင်လေးကိုဆုံးမချင်ပေမယ့်သားငယ်ကြောင့်
ကျုပ်စိတ်လျှော့လိုက်ရတာ။ရင်ဘတ်ထဲမှာတော့တင်းကြပ်ကြပ်နဲ့။ခံစားရခက်တုံးပဲ။
******************************************************
               မန်ကျညး်ပင်ရိပ်မှာထိုင်ပြီးသားငယ်၀ယ်လာတဲ့ကရေကရာမုန့်လေးကိုစား
ရင်းကျောင်းစာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတဲ့စာချိုးလေးကိုသတိရမိလို့ပြုံးလိုက်မိပါသေးရဲ့။
 ကွပ်ပျစ်စာပေ၀ိုင်းဆိုတဲ့စာတစ်ပုဒ်ထဲမှာပါတယ်။ဆိုကောငး်လို့အရကျက်ထားမိ
တာ။ခုတော့ ကရေကရာစားရင်းဆိုကြည့်နေမိတယ်။
                ကေရကရာ ၊ရွှေညာကမုန့်မျိုး
                  ပေါက်ပေါက်ကယ်ချိုပါလှ
                   အုန်းယိုက တိုး ။ ဆိုတဲ့ စာချိုးလေးပေါ့။ သဘောကျလို့ခဏခဏရွတ်
မိတယ်။သားငယ်ကိုဆိုပြတော့သားငယ်ကလည်းသဘောတွေ့နေလေရဲ့။
           လူရှင်းတဲ့ မန်းကျည်းပင်ရိပ်မှာပဲ အိပ်စက်အနားယူဖို့ဆုံးဖြတ်လိုက်တယ်။အိပ်
ချိန်လည်းတန်နေပြီလေ။နေ၀င်စအခိျန်လောက်ထဲကဆိုလိုက်၊တီးလိုက်နဲ့နေခဲ့တာမို့
အသံတွေပြာပြီးလက်တွေလည်းညောင်းနေပြီ။ခင်းပြီးသွားတဲ့ဂုန်နီအိပ်အခင်းပေါ်မှာပဲ
လှဲလိုက်တဲ့သားငယ်ကိုဘာဘူစောင်အနွမ်းလေးခြုံပေးပြီးသားငယ်ရဲ့နီကြောင်ကြောင်ဖြစ်နေ
တဲ့ ဆီေ၀းဆံပင်တွေကိုသပ်ပေးနေမိတယ်။သားငယ်အိပ်သွားပြီဆိုမှစေတီတော်ကို
ဦးသုံးကြိမ်ချပြီးရင်ထဲရှိနေတာတွေဆုတောင်းလိုက်တယ်။နဖူးပေါ်လက်တင်ရင်းစဉ်းစားခန်း
ဖွင့်နေမိတာမို့အိပ်ဖို့ခက်နေမိတယ်။အတွေးတွေလုံးချာလည်ရင်းသက်ပြင်းတွေအထပ်ထပ်
ချနေမိတယ်။အဆိုးဆုံးတွေးမိတာကတော့ကျုပ်နဲ့ပြဿနာဖြစ်ခဲ့တဲ့ကောင်
လေးရဲ့အကြည့်နဲ့ပတ်သက်တဲ့အတွေးပဲ။
                    ခြင်ကိုက်လို့လူးလွန်းလိုက်တဲ့သားငယ်ရဲ့လှုပ်ရှားမှုကိုနားစွင့်ရင်းမိခင်
ရင်ငွေ့နဲ့ေ၀းကွာခဲ့ရရှာတဲ့သားငယ်ကိုသနားမိတယ်။တစ်ဆက်တည်းသားငယ်ရဲ့မိခင်
ကိုအတွေးကလျှပ်တပြက်ငင်မိတယ်။မတွေးချင်ပဲမေ့ပစ်ထားတဲ့အကြောင်းအရာကိုပြန်
တွေးဖြစ်ဖို့အတွေးသံသရာကလည်ချိန်ရောက်လာပြီထင်ပါရဲ့လေ။
***********************************************************
                  သားငယ်ရဲ့မိခင်နာမည်က မစိမ်းနု ။သူနဲ့ကျုပ်အကြောင်းမပါခင်ကကျုပ်
အလုပ်ဟာနာမည်အတော်ရစပြုနေပြီဖြစ်တဲ့ဆိုင်း၀ိုင်းတစ်ခုမှာခြောက်လုံးပတ်တို့၊စည်းဝါး
တို့အလှည့်ကျတီးတဲ့သူပေါ့။ကျုပ်ရဲ့လက်သံနဲ့လက်ဆကိုကြိုက်ပြီးဆိုင်းဆရာကသူ့
ဆိုင်း၀ိုင်းမှာအမြဲနေဖို့ကမ်းလှမ်းတယ်။အဲဒီဆိိုင်း၀ိုင်းမှာပဲမြဲနေတုံးကျုပ်နောက်မှရောက်
လာတဲ့လူရွှင်တော်ပေတိုးရဲ့နှမမစိမ်းနုနဲ့ကျုပ််ဟာ အိုးချင်းထား အိုးချင်းထိထုံးစံ အတိုင်း
ရည်ငံခဲ့မိတယ်။မစိမ်းနုက ဆိုင်း၀ိုင်းမှာနောက်ပို်င်းအဆိုတော်လေ။ကျုပ်တို့ရဲ့
အခြေအနေကိုသိတဲ့ဆိုင်းဆရာကလည်းသူ့၀တ္တရားရှိတဲ့အတိုင်းလက်ဆက်ပေးခဲ့တယ်။
သူ့၀ိုင်းမှာပဲဆက်နေဖို့ပြောတာပဲ။ကျုပ်ကလည်းသဘောတူလက်ခံခဲ့တယ်။ဆိုင်းဆရာရဲ့ကျေး
ဇူးတွေကျုပ်အပေါ်မှာရှိသေးတယ်။ကျေးဇူးဆပ်ရင်းသူ့၀ိုင်းမှာပဲဆက်နေပေးခဲ့
တယ်။ အစပိုငး်မှာတော့ဘာပြဿနာမှမရှိဘူး။ဖြစ်လည်းမဖြစ်ခဲ့ဘူး။အိပ်ထောင်ရေးက
လည်းသာယာခဲ့တယ်လို့ပြောရမယ်။သားငယ်နှစ်နှစ်သားလောက်ရောက်မှပြဿနာရဲ့
မြှားဦးကတည့်တိုးကြီးလှည့်လာတယ်။မိီးခွက်ထွန်းမရှာပဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့
ပြဿနာကကျုပ်တို့ရဲ့သာယာနေတဲ့ကမ်ဘာငယ်လေးကိုဂြိုဟ်ဆိုး၀င် မွှေ သြားခဲ့
တယ်။အဲဒီနေ့ကိုကျုပ်ဘယ်လိုမှမေ့ပစ်လို့မရခဲ့ဘူး။တစ်သက်လုံးမမေ့နိုင်တော့မယ့်နေ့လို့
တောင်ပြောလို့ရမယ်ထင်တယ်။
                     ဟိုးရှေးခေတ်ကလို ဆိုင်း၀ိုင်းတွေကိုဂရုစိုက်မှုသိပ်မရှိတော့တဲ့ကျုပ်တို့
ခေတ်မှာကျုပ်တို့ရဲ့ဆိုင်း၀ိုင်းလေးဟာလည်းလောကဓံလေအလှုပ်မှာကြွေပြုတ်ခဲ့တယ်။ဖရို
ဖရဲဖြစ်သွားတယ်။လယ်ပိုင်ယာပိုင်လည်းမရှိတဲ့ကျုပ်တို့လိုလူတွေအတွက်အလုပ်ရဖို့အခက်
တွေ့နေတယ်။ဆိုင်းတီးတာကလွဲလို့ဘာမှမလုပ်တတ်တော့ပိုဆိုးတယ်။ပန်းရံ၊လက်သမားအကူ
စတဲ့အလုပ်တွေလုပ်တော့လည်းအဆင်မပြေဘူး။အလုပ်အဆင်မပြေသေးတာနဲ့အမျှအိမ်ထောင်
ရေးပိုင်းကလည်းအက်ကြောငး်ပေးလာတယ်။ကျုပ်ကတော့အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ရ
သမျှအလုပ်လေးတွေပေါ်ပင်လိုက်လုပ်တယ်။၀င်ငွေနဲ့ထွက်ငွေကတော့မမျှတော့ဘူး။ရရစားစား
ဘ၀မှာမ၀တ၀ပဲစားရတော့တယ်။ပိန်လှိီလာတဲ့သားငယ်ကိုကြည့်ပြီးကျုပ်ရင်ထဲမှာမချိအောင်ခံစား
ခဲ့ရတယ်။အဲဒီအချိန်မှာစား၀တ်နေရေးကြပ်တည်းမှုဒဏ်၊နှစ်လုံး၊သုံးလုံးဒဏ်တွေမိလာတဲ့မစိမ်းနုဟာ
ခြေလှမ်းမမှန်တော့ဘူး။ဘယ္သူက..လုံးပိုင်ရတယ်ဆိုအဲဒီလူဆီပြေးပြီးသား။ဘယ်သူက.အလည်
ထိုင်ပီတယ်..ဆိုလည်းဆည်းကပ််ဖို့၀န်မလေးဘူး။ကျုပ်အတန်တန်တားပေမယ့်မရတော့ဘူး။လောဘ
စိတ်ကတံခွန်ထူနေပြီ။ဆင်းရဲတွင်းကိုစိတ်ပျက်မှုအားကောင်းနေပြီ။၀တ်ချင်စားချင်၊လှချင်ပချင်စိတ်
ကမကုန်သေးသူဆိုတော့ပိုဆိုးတယ်ထင်ပါရဲ့။အလုပ်မည်မည်ရရမရှိသေးတဲ့ကျုပ်ကိုအာခံလာတယ်
။စောင်းချိတ်စကားတွေနဲ့နားပူအောင်လုပ်လာခဲ့တယ်။သည်းခံစိတ်မွေးပြီးကျုပ်နေခဲ့တယ်။သားငယ်
ရဲ့ရှေ့ရေးမှာမိခင်လိုနေသေးတယ်မဟုတ်လား။လင်မယားရန်ဖြစ်လို့ကွဲကြရင်လည်းကြားထဲကသား
ငယ်လေးပဲမြေဇာပင်လိုဖြစ်သွားမှာကျုပ်မလိုလားဘူး။ကျုပ်ရ့ဲသည်းခံစိတ်ကိုအတတ်နိုင်ဆုံးမွေးမြူ
ထားရတယ်။
             တစ်နေ့။အဲဒီတစ်နေ့ကကျုပ်တို့ဘ၀လေးကိုဂြိုဟ်ဆိုးကအပြတ်မွှေသွားတဲ့နေ့ပါပဲ။ ကွာရှင်းစာချုပ်နှစ်စောင်နဲ့အတူရောက်လာတဲ့မစိမ်းနုကိုတစ်ခါမှမမြင်ဘူးတဲ့လူစိမ်းတစ်
ယောက်ကိုကြည့်မိပုံမျိုးနဲ့ကျုပ်ကြည့်နေမိတယ်။စာချုပ်မှာလက်မှတ်ထိုးပေးဖို့ပြောလာ
တော့မှအသိ၀င်ပြီးတောင်းပန်မိတယ်။သားငယ်လေးကိုအကြောင်းပြပြီးတောင်းပန်ပေ
မယ့်လည်းမရတော့ဘူး။ဘယ်လိုအကြောင်းတရားတွေကသားနဲ့လင်ကိုပစ်ပယ်ချင်တဲ့အထိဆွဲဆောင်
သွားတယ်ဆိုတာကျုပ်စဉ်းစားလို့မရခဲ့ဘူး။လောကဓံရဲ့ဒဏ်ရာတွေကိုမခံစားနိုင်တော့ဘူးထင်ပါရဲ့။
ကျုပ်သက်ပြင်းပဲအကြိမ်ကြိမ်ချနေမိတော့တယ်။ဘယ်လိုသဘောမျိုးနဲ့ဖြောင်းဖြရမှန်းလည်းမသိတော့ဘူး
။နောက်ဆုံးကျုပ်ကိုဘာမှအသုံးမကျတဲ့သူတစ်ယောက်လိုစွပ်စွဲလာတယ်။အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့
တာ၀န်ကိုမကျေပွန်မှတော့မပေါင်းနိုင်တဲ့အကြောင်းတွေပြောလာတယ်။ကျုပ်ရဲ့မာနကိုထိပါးလာတော့
ကျုပ်အသိစိတ်ကလက်မခံပေမယ့်စာချုပ်မှာလက်မှတ်ထိုးပေးလိုက်တယ်။ဖြစ်ချင်ရာဖြစ်ဇွတ်နှစ်ပြီးရေး
ပေးလိုက်ရတော့တာပဲလေ။သားငယ်ကိုတော့မပေးလိုက်နိုင်ဘူးလို့အပြီးပြတ်ပြောပစ်လိုက်တယ်။
ဒီလိုအချိန်သူနဲ့ပါသွားရင်လည်းသားငယ်ရဲ့ရှေ့ရေးကမတွေးရက်စရာမဟုတ်လား။
               ကျုပ်ကိုကွာရှင်းပြီဆိုမှတော့သူ့မှာကပ်စရာ၊မှီစရာရှိနေလို့ဖြစ်မှာပဲလို့ထင်မိ
တယ်။တရားမ၀င်တဲ့နည်းလမ်းနဲ့ကြီးပွားနေတဲ့ကောင်တစ်ယောက်နဲ့ငြိနေတယ်ဆိုတာသဲ့သဲ့တော့
ကြားမိထားတယ်။ကျုပ်မယုံမိခဲ့ဘူး။အခုအဲဒီသတင်းဟာခိုင်မာသွားပြီထင်မိတယ်။ကျုပ်အတွက်တော့
ရှေ့ဆက်ဘ၀ခရီးဟာတစ်ဆစ်ချိုးမကပြောင်းလဲသွားခဲ့ရပြီလေ။ကျုပ်သားငယ်အတွက်ရှင်သန်နေရဦးမယ်။
သားငယ်ကိုလူပီပီသသဖြစ်စေချင်သေးတယ်။ဒါပေမယ့်.။
******************************************************
                      ကံဇာတ္ဆရာက ကျုပ်တို့ရဲ့ဇာတ်၀င်ခန်းကိုတမင်အကျည်းတန်ထားတယ်ထင်ပါရဲ့။အခုထိ လူမွေးလူရောင်မပြောင်သေးဘူး။အမှောင်မပြယ်သေးဘူး။မိုးမလင်းသေးဘူး။ကျုပ်တတ်နို်င်သလောက်
တော့ကြိုးစားနေမိတယ်။သမ္မာအာဇီ၀ကျတယ်ဆိုပေမယ့်အခုကျုပ်လုပ်နေတဲ့အလုပ်ဟာလူတကာအမြင်
မကြည်နိုင်ဘူး။အလုပ်တစ်မျိုးပြောင်းဖို့လည်းမလွယ်သေးဘူး။ဘယ်လိုအခွင့်အလမ်းနဲ့ကျုပ်တို့ရဲ့ဘ၀
ပွင့်လန်းရပါ့မလဲမျှော်လင့်ရင်းဆုတောင်းနေမိတာအကြိမ်ပေါင်းမရေတွက်နိုင်တော့ဘူးလေ။
              မစိမ်းနုနဲ့လမ်းခွဲပြီးတဲ့နောက်သားငယ်ကိုလက်ဆွဲပြီးနယ်တကာစုံလျှောက်
ရင်းဘ၀ကိုဖြစ်သလိုဖြတ်သန်းနေမိတယ်။အလုပ်ရှားတဲ့ခေတ်မှာလုပ်တတ်တဲ့အလုပ်ပဲ
လုပ်ကိုင်ရင်းခရီးနှင်နေမိတယ်။သားငယ်တောင်(၅)ပြည့်ပြီးသွားပြီလေ။သားငယ်ကို
ကျောင်းအပ်ပြီးပညာသင်စေချင်ပေမယ့်လက်ရှိအလုပ်ကရတဲ့လုပ်အားခကကျောင်းအပ်နိုင်တဲ့ထိ
မပြည့်စုံသေးဘူးဖြစ်နေတယ်။ကျုပ်ဘယ်လိုလုပ်ရမလဲ။သားငယ်ကိုကြည့်လိုက်တော့အိပ်မောကျနေလိုက်တာ အပြစ်ကင်းစင်နေတယ်။ကျုပ်ကိုယ်တိုင်ကလေနှင်ရွက်ခြောက်လိုဖြစ်နေတဲ့ဘ၀မို့စိတ်ထဲမှာသားငယ်အတွက်
တာ၀န်မကျေသေးသလိုအမြဲတမ်းခံစားနေရတယ်။မချင့်မရဲလည်းဖြစ်နေမိတယ်။မတည်ငြိမ်နိုင်သေးတဲ့ဘ၀
ကိုဘယ်လိုရပ်တန့်ရမလဲတွေးရတာကြာတော့ကိုယ့်ကိုယ်ကိုသိမ်ငယ်လာမိသလိုပဲ။မတည်ငြိမ်နိုင်သေးတာ
ကလည်းမစိမ်းနုကိုမေ့ရာမေ့ကြောင်းကြိုးစားရင်းခရီးနှင်နေမိလို့ပါပဲ။ဒါဟာကျုပ်ရဲ့အတ္တကြီးမှုတစ်ခုလိုဖြစ်
နေပြီလားမသိ။ကျုပ်ရဲ့စိတ်ဒဏ်ရာကိုကုစားဖို့သားငယ်ကိုဆွဲခေါ်ထားသလိုဖြစ်နေပြီလားမသိ။မစိမ်းနုကိုမေ့
ပစ်ချင်ပါတယ်ဆိုမှသတိရနေမိလို့ခက်ပြီလေ။
              သတိရမှုနဲ့တစ်ဆက််တည်းမေ့မရနိုင်ဆုံးကတော့လမ်းခွဲခါနီးမှာကျုပ်ကိုစေ့စေ့ကြည့့်သွားတဲ့
မစိမ်းနုရဲ့မျက်လုံးများ။ဟုတ်ပါရဲ့..အခုမှသတိရတယ်။ကျုပ်နဲ့စကားများခဲ့တဲ့ကောင်လေးရဲ့အကြည့်
မျိုးဘယ်မှာမြင်ဘူးပါလိမ့်လို့စဉ်းစားနေမိတာ။လက်စသတ်တော့မစိမ်းနုရဲ့အကြည့်မျိုးနဲ့သွားတူးနေတာ
ကိုး။ဒီလိုဆိုမဖြစ်ဘူး။ရှေ့ဆက်ပြီးဒီလိုမျက်လုံးအကြည့်တွေကိုမခံချင်တော့ဘူး။သားငယ်ကိုနှိုးပြီးခရီးဆက်
ဖို့ပြင်လိုက်မိတယ်။အိပ်ရေးပျက်သွားရှာမယ့်သားငယ်ကိုတော့သနားမိပါရဲ့။ဒါပေမယ့် ဒီလိုအကြည့်
တွေနဲ့ေ၀းရာရောက်မှအိပ်ရေး၀အောင်ပြန်အိပ်ခိုင်းဖို့ဆုံးဖြတ်ထားလိုက်တယ်။ငွေနည်းနည်းလေးပိုရ
တာမို့ဘုရားပွဲပြီးတဲ့အထိနေချင်သေးပေမယ့် အဲဒီစိတ်ကူးကိုပြန်ရုတ်သိမ်းပစ်လိုက်တယ်။
             လူဆင်းရဲချင်ဆင်းရဲပါစေ။စိတ်ဆင်းရဲမခံချင်တော့ဘူး။အဆိပ်သင့်ခဲ့ဖူးတဲ့နှ
လုံးသားကိုထပ်ပြီးအဆိပ်သင့်မခံနို်င်တော့ဘူး။ဒီမျက်လုံးမျိုးတွေနဲ့ေ၀းရာကိုကျုပ်သွားမှ
ဖြစ်တော့မယ်။ထပ်မဆုံချင် ၊မကြုံချင်တော့ဘူး။ခရီးဆက်ကာနီးမှာစေတီတော်ကိုဦးခိုက်
ပြီးရင်ဘတ်ထဲကဆန္ဒအတိုင်းဆုတောင်းလိုက်မိတယ်။
       ကွာရှင်းတဲ့နေ့ကမစိမ်းနုရဲ့ကြည့်ပုံမျိုးနဲ့ရန်ဖြစ်ခဲ့တဲ့ကောင်လေးရဲ့ကြည့်ပုံမျိုးတွေကအမြန်
ဆုံးကင်းေ၀းရပါလို၏..မြတ်စွာဘုရား..
ဘာ့ကြောင့်လဲဆိုတော့ အဲဒီမျက်လုံးအကြည့်တွေဟာ.။

**********************************************
         ဖြစ်ချင်တာရယ်၊ဖြစ်နေတာရယ်၊ဖြစ်သင့်တာရယ် တစ်ထပ်တည်းမကျနိုင်သေး
တဲ့ဘ၀ခရီးကြမ်းကိုနှင်နေရင်း မစိမ်းနုတို့ရဲ့အကြည့်မျိုးလိုမျက်လုံးသံစဉ်တွေနဲ့ေ၀းတဲ့
နေရာကိုကျုပ်ရှာဖွေမှဖြစ်တော့မယ်။အဲဒီသံစဉ်ဟာနားနဲ့မကြားပေမယ့်ရင်ဘတ်ထဲက
ကြားနိုင်တယ်။ရင်ဘတ်ကိုဒုက္ခပေးနိုင်တယ်။ဘ၀ကြီးတစ်ခုလုံးကိုတောင်ဖျက်ဆီးပစ်နိုင်မယ်ထင်တယ်
။ေ၀းရာကိုတဖြည်းဖြည်းပြေးရတော့မှာပဲ။ဒါပေမယ့်..ကြာလေ..ကျုပ်တို့ကမ်ဘာငယ်လေးကကျဉ်းလေ
၊နေချင်စရာရှားလေဖြစ်လာခဲ့တယ်။
           ဒီမျက်လုံးများရဲ့သံစဉ်ကိုဘယ်အချိန်ကာလထိနားစွင့်နေရဦးမလဲဆိုတာတွေး
မိရင်း သက်ပြင်းတွေသာ အဆက်မပြတ်ကြွေကျလာတယ်။

                              ရတုသစ်

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks