Saturday, February 16, 2013

ကဗျာမရေးနိုင်သူတစ်ယောက်အကြောင်း

ကဗျာရေးရန်
အတွေးကြံဖြင့်
ရင်အံဝှက်ဖွင့်
စိတ်ကူးလွှင့်လည်း
လွမ်းရင့်လွန်ကျူး
စိတ်..မမြူး၍
တလူးလိမ့်လိမ့်
ဟို ဒီ လှိမ့်လျှက်
ဖြေသိမ့်စရာ
မတွေ့ပါပဲ
တေးကာရန်ပျောက်
အာရုံနောက်ကာ
နွမ်းခြောက်လွင့်ကြွေ
ရော်ရွက်တွေအား
ငေးနေမှိုင်မိ..နွမ်းရိရိ  ။

လွမ်းမိသည့်တာ
ဝေဒနာကို
ကဗျာအဖြစ်
ပြောင်းလဲပစ်ဖို့
ဖွင့်လှစ်ရင်မှာ
ကာရန်ရှာသော်
ခြေရာလည်းပျောက်
ရေလည်းနောက် သို့
ဝေးရောက်လွင့်ပျံ
သိပ်မဟန်ပဲ
ကာရန်ချိုမြ
ပျောက်ကုန်ကြသည်
နွမ်းလျဝေရီ..စိတ်မကြည်..။

မအီ မသာ
စိတ်အနာကို
ခြေရာရှာကြည့်
အဖြေညှိလည်း
လွမ်းပိ သည့်စိတ်
တရိပ်ရိပ်မို့
လိပ်လိပ်ရင်မှာ
တက်တက်လာသည့်
ကျဉ်နာ ခံခက်
ဒဏ်ရာနက် ကို
ကျော်တက်နိုင်ရန်
အားမတန်ပဲ
စိတ်မာန်ကိုလျှော့
နွမ်းရိဖျော့လျှက်
အသော့မြန်စွာ
စိတ်မောကာဖြင့်
ရင်လွှာကိုပိတ်
ခပ်မဆိတ်သာ
တိုးတိတ်တွင်းကြေ
အသည်းမြေကို
မျက်ရေ လောင်းလျှက်
နေရခက်သည်
လွင့်ပျက်ကာရန်..တေး မမှန်  ။   ။

                   ရတုသစ်
    ( 15-2-2013 ။ 11:30 pm)
(http://yatuthit.blogspot.com/)

1 comment:

မိုးနတ်ကြယ်စင် said...

အင်းးးးးးးးးးးးး
ကဗျာမရေးနိုင်လို့တဲ့ သနားစရာ :D

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks