နွေရာသီတရား
သစ်ရွက်မှာထားခဲ့သလား
ဥသြငိုသံကြား ။
ဖြတ်လျှောက်သစ်ရွက်တွေ
ဘ၀..အခြေညွှန်ပြနေ
ဥသြမျက်ရည်ကြွေ ။
ရိုးတံကြွင်းသစ်ပင်
ငှက်နဲ့ခရီးသွား..မခင်
သဘာဝပီပြင် ။
နွေဦး တရားပြ
ရင်မှာလှုပ်ရှား ဆွတ်ကျင် ရှ
မြင်ရ သင်္ခါရ ။
ရတုသစ်
( http://yatuthit.blogspot.com/ )

1 comment:
နွေ....နွေ.....
နွေကို ပူလို့သိပ်မကြိုက်ဘူးရယ်....
သင်္ကြန်ရှိလို့သာ ပျော်တာ...
ပူတာကိုတော့ မခံစားနိုင်ဘူးးးးးးးး
ဒါပေသိ တရားသဘောအရကြည့်မယ်ဆိုရင်တော့
ပူရင် ပူတယ်လို့ မှတ်...
အေးရင် အေးတယ်လို့ မှတ်...
အဲဒါ လူကြီးတွေပြောနေကျ စကားမဟုတ်လား :P
Post a Comment