Sunday, February 24, 2013

ဆက်ပြီး..မှားရန်..လက်ကျန်


အဝေးရောက်ရောက်သွားတဲ့စိတ်ကို
ဘယ် နိမိတ်ပုံနဲ့ပြန်ဖမ်းရမလဲ
အလဲအကွဲ သီအိုရီတွေကြား
ပျံသန်းလို့အားမရသေးဘူး..မေမေ ။

အပေအတေဆန်နေတဲ့ ဘ၀က
အမျှဝေရုံနဲ့ အခြေအနေလှလာမှာမဟုတ်ဘူး
ပြန်တူးနေရတဲ့ ကိုယ့်သင်္ချိုင်းအတွက်
အိပ်မက်တွေ ဆေးစိမ်ဖို့လိုသေးလား
အားမတန်လို့ မာန်ကိုလျှော့လိုက်တဲ့အခါ
မြေလွှာမှာ တွင်း(ကျင်း)ကတိမ်နေတုံး ။

ဖုံးထားတာတွေ ဖော်ခဲ့ရမလား
ဖော်ထားတာတွေ ဖုံးခဲ့ရမလား
သကြားရောထားတဲ့ဆေးခါးတွေသောက်ရတာများတော့
ပျားရည်စိမ်မုသားတွေကြားမှာ နေသားကျနေရ
အို..အလှသစ္စာရေ..
နဝေတိမ်တောင်ရက် လ နှစ် တွေကိုခုတ်ပိုင်းပေးခဲ့ပါ
ဘ၀ဟာ တိုတိုလေးဆိုတာ ရေးထားတဲ့စာသားတွေကြား
ကျွန်တော်နားက အမြင်အာရုံချို့တဲ့လွန်းနေတယ် ။ ။


                      ရတုသစ်
    ( http://yatuthit.blogspot.com/ )

3 comments:

စံပယ်ချို said...

သကြားရောတဲ့ဆေးခါး တခါတရံသောက်နေရဆဲ

မိုးနတ်ကြယ်စင် said...

အဟက်ဟက်...
စကားလုံးတွေက ရိုးမလိုလိုနဲ့ ဆန်းလှချည်လား
ကိုရွှေရတု :P

roseayemaung said...

တင်စားထားတဲ့စကားလုံးတွေအ၇မ်းမိုက်တယ်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks