စွယ်တော်ဘုရားရင်ပြင်ရှေ့
ငုပ်တုတ်မေ့နေတဲ့အရူးတစ်ယောက်
စွယ်တော်ပွင့်ကြွေလေးတွေကောက်ချင်နေမိပေါ့။
ခပ်ဖျော့ဖျော့အလင်းရဲ့တစ်ဖက်ခြမ်းမှာ
ဖျန်းလက်စမိုးစက်လေးတွေတောင်
အတောင်ပံချိုးခံထားရတဲ့ငှက်တွေလို
မြစ်ငယ်ရဲ့မြေသားထက် ပျပ်ဝပ်ကြွေဆင်းရ ။
သောက်နေကျ ကျဆိမ့်တစ်ခွက်ရဲ့ ရသ
ခါးသက်သက်…ရှ တတနဲ့
ဒီညအတွက်..အိပ်မက်ပေးပြီ ။
အေးဆေးတိတ်ဆိတ်ခြင်းအမှောင်ထဲ
ကြယ်ကြွေတွေ…
ယောင်ယောင်မှားမှားကောက်ချင်နေမိသူ
မဟူရာကွင်းပြင်ကြီးကိုမော့ကြည့်ရင်း
" အလွမ်းများ" သီချင်းလေး တိုးတိုးညည်းဆို
စိန်ပန်းပွင့်တွေတောင် ငိုလို့
အလိုလိုပြိုကျချင်တဲ့ကောင်တစ်ယောက်
နှလုံးသားမှောက်ခုံလန်နေတယ်…မမဝေ…။
ရတုသစ်
(စွယ်တော်ဘုရားရင်ပြင်.. )
ငုပ်တုတ်မေ့နေတဲ့အရူးတစ်ယောက်
စွယ်တော်ပွင့်ကြွေလေးတွေကောက်ချ
ခပ်ဖျော့ဖျော့အလင်းရဲ့တစ်ဖက်ခြမ
ဖျန်းလက်စမိုးစက်လေးတွေတောင်
အတောင်ပံချိုးခံထားရတဲ့ငှက်တွေလ
မြစ်ငယ်ရဲ့မြေသားထက် ပျပ်ဝပ်ကြွေဆင်းရ ။
သောက်နေကျ ကျဆိမ့်တစ်ခွက်ရဲ့ ရသ
ခါးသက်သက်…ရှ တတနဲ့
ဒီညအတွက်..အိပ်မက်ပေးပြီ ။
အေးဆေးတိတ်ဆိတ်ခြင်းအမှောင်ထဲ
ကြယ်ကြွေတွေ…
ယောင်ယောင်မှားမှားကောက်ချင်နေမ
မဟူရာကွင်းပြင်ကြီးကိုမော့ကြည့်
" အလွမ်းများ" သီချင်းလေး တိုးတိုးညည်းဆို
စိန်ပန်းပွင့်တွေတောင် ငိုလို့
အလိုလိုပြိုကျချင်တဲ့ကောင်တစ်ယေ
နှလုံးသားမှောက်ခုံလန်နေတယ်…မမေ
ရတုသစ်
(စွယ်တော်ဘုရားရင်ပြင်.. )
No comments:
Post a Comment