Friday, May 17, 2013

စိတ်ရူးပျံလွှတ်တင်မိတဲ့နေ့စွဲများ

ဒုက္ခခြေချင်းလိမ်ဖြစ်တည်မှုများကြား
လျှောထိုးခံထားရတဲ့လမ်းသွယ်တွေများတယ်
ရှာဖွေတွေ့ရှိဖို့မလွယ်မှန်းသိလျက်နဲ့
ကိုယ်က...မီးခွက်ထွန်းပြီးအမှောင်ရှာမိသူ
မျက်လုံးမှာဝင်စိုက်တဲ့ဗလာစာရွက်ထဲ
ကြက်ခြေခတ်တွေရေးဆွဲရင်းပျော်နေရ
ညီမျှခြင်းချလို့ရခဲ့ရင်
ဒုက္ခဆိုတာလည်း ချိုမြိန်လွန်းတဲ့ပန်းသီးတစ်လုံးဖြစ်တယ်။
ဘီးတပ်တွန်းတာတောင်မရွေ့မှတော့
အလေ့ကျပေါက်ပေါက်လာတဲ့ စိတ်ရူးကို
ထိပ်ဖူးတပ်ပြီးလွှတ်တင်လိုက်မယ်
လူလူချင်း..
မျက်နှာငယ်ပြနေရတဲ့ရပ်ဝန်းများရဲ့ တစ်ဖက်ကမ်းဆီ..။


ရတုသစ်

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks