Saturday, May 25, 2013

အမေ့ရွာ

အမေ့ရွာသည်
သာယာငြိမ့်ငြောင်း ၊ကျေးငှက်ပေါင်း၏
ချိုလောင်းသံသာ ၊တေးထံတျာနှင့်
သဘာဝဖွဲ့ ၊ ပီပြင်ခဲ့၏ ။

အမေ့ရွာ၏
မျက်နှာမူရာ ၊ရှေ့ဆီမှာလည်း
ရပ်ရွာအတွက် ၊ကျိုးပြုလျှက်သာ
တစ်ဖက်ဆည်ကန် ၊ တည်ရှိပြန်၏ ။

အမေ့ရွာကို
ဝဲယာ ၀န်းကျင် ၊ထနောင်းပင်နှင့်
စိမ်းရွှင်ထန်းတော ၊ယာတစ်ကြောက
မနောခွေ့ဖွယ် ၊ ၀န်းကာ ကွယ် ၏ ။

အမေ့ရွာသို့
ဝင်ရာ အထူး ၊ ရွာထိပ်ဦးဝယ်
ကြယ်နူးဖွယ်ကောင်း ၊ ရွာဦးကျောင်းကို
နှစ်ထောင်းအားရ ၊ တွေ့မြင်ရ၏ ။

အမေ့ရွာ၏
နေရာ ဗဟို ၊ ကုန်းမိုမိုဝယ်
ကြည်ညို တည်ထား ၊ မြတ်ဘုရားမှာ
ညွတ်တွားမ၀ ၊ သပ္ပါယ်လှ၏ ။

အမေ့ရွာဝယ်
ဘာသာကိုချစ် ၊မျိုးကျစ်လစ်လျှက်
သွေးစစ်နောင်ညီ ၊ ဘာမထီသော
ဇာနည်သားပေါင်း ၊ အင်အားကောင်း၏ ။

အမေ့ရွာ၌
ပျူငှါယဉ်ကျေး ၊ စိတ်ထားဖွေး၍
အေးဆေးတည်ကြည် ၊ မြန်မာပီသော
မဒီကညာ ၊များလှပါ၏ ။

မေ့ရွာခြေနေ ၊ တည်တံ့စေဖို့
ရွာနေလူထု ၊  ဉာဏ်တင်ရှုလော့
ဂရုမထား ၊ မြင်ေ၀၀ါးလျှင်
နှစ်များမကြာ ၊ချိန်အခါ၌
သဘာဝပျောက် ၊  သောက ရောက်လိမ့်
ဦးနှောက်ကိုသုံး ၊ ပေါင်းစည်းလုံး၍
စုရုံးညီညာ ၊ ၀ိုင်းဝန်းကာ မှ
မေ့ရွာ အလှ ၊ မပျောက်ရှမည်
အပ္ပမာဒ တရား ရှိစေသောဝ်
ရပ်ရွာအလှအား မချိစေသောဝ် ။        ။


ရတုသစ်
25052013
ည ၈နာရီ ၅၀မိနစ်

2 comments:

roseayemaung said...

ကို၇တု...ရေ...အားပေးခဲ့ပါတယ်
လွမ်းမိပါတယ်အမေ့အိမ်

မိုးနတ်ကြယ်စင် said...

သတိရမိပါရဲ့ အမေ့ရွာရယ် :)))

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks