Saturday, May 18, 2013

မရဏာနုဿတိ Message

ကိုယ့်ကိုယ်ကို ၀ပ်ရှော့ပို့နေတာတောင်
စိတ်ကဘယ်လိုမှ မထူထောင်သေးဘူး
အမှောင်မှာလျှောက်တိုင်းခြေရာ ထင်လွန်းလို့
ခြေဗွေရာတွေကို ဓားနဲ့မွှန်းပစ်ရမလား
ရယ်ရွှန်းပတ်ရွှန်း လုပ်ရမယ့်ဇာတ်မှာ
ကိုယ်တို့ဟာ..
မျက်ရည်အတောမသတ်အောင် ငိုခဲ့ရ ။

ကမောက်ကမတွေကိုပဲ ဘ၀ လို့ဆိုလေမလား
မရေမရာတွေကပဲ ဘ၀ဖြစ်နေမလား
တရစ်ချင်းညှစ်လာတဲ့ခေတ်လက်ချောင်းတွေကြား
အသက်ရှူလမ်းကြောင်းလည်းမကောင်းတော့ဘူး ။

တစ်ရက်ပြီးတစ်ရက်
ဘယ်နေ့ထွက်မှန်းမသိတဲ့ဝိညာဉ်အတွက်
ကြိုတင်လက်မှတ်တစ်စောင်မှာထားမှဖြစ်မယ် ။

""မကြာမီ..အသက်တွေ တိုလာတော့မည်ဖြစ်ပါသောကြောင့်
မိတ်ဆွေတို့၏ ခရီးစဉ်များ ကြန့်ကြာမှုမရှိစေရန်
သတိကြီးစွာထား၍ လက်မှတ်အစစ်များဝယ်ယူထားသင့်ပါကြောင်း""...။

ရတုသစ်
18052013

1 comment:

မိုးနတ်ကြယ်စင် said...

ဝိုးးးးးးးးးးး အမှန်တရားတွေကို
ချပြသွားတာပါလား ကိုရွှေရတု....မိုက်စ်ပါ
ဒါထက် ရှင့်အိမ်တယ်လန်းနေပါလားနော်...
မနာလိုဖြစ်မိတယ် တကယ် :PPPPPPPPP

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks