Friday, May 17, 2013

အိပ်မက်အိမ်

စိတ်စပရိန်ကိုနှိပ်ထားရတော့
ဘ၀က
နှိပ်ချမှုအောက်ကျိုးနွံသေ၀ပ်ခဲ့
အလွတ်တန်းလျှောက်နေတဲ့ကြိုးမို့
ခြေမကျိုးအောင်ဂရုစိုက်နေရ
အကျမနာအောင်နိမ့်နိမ့်လေးပဲလျှောက်ရမလား ။

ကြိုးစားသမျှအရာထင်ကျန်ရစ်ဖို့
ရင်ဘတ်ကိုခပ်နက်နက်လှီးဖဲ့ထားရပေါ့
ဆန်းပြားတဲ့လောကဓံသတ်ကွင်းအလယ်
ငါ ၀ယ်မရခဲ့တာ ကိုယ်ချင်းစာတရားများ...။

အသွားမတော်သူလမ်းမှားပြဖို့
လောကကြီးက ဗီလိန်ဆန်လွန်းတယ်
ရေမွန်းသူ ခဲဆွဲချဖို့
လောကကြီးက အာဏာပါးကွက်သားဆန်လွန်းတယ် ။

တွန်းတွန်းထိုးထိုး တိုး  တက်ရတဲ့အခါ
ခြစ်ရာ ပွန်းရာတော့ ရှိမှာပဲ
သဲလည်းစင် ခြောက်ပစ်ကင်းရှာမယ်ဆို
ငါ့ ကိုချန်ထား ရစ်ခဲ့ပါ
အပြစ်အနာအဆာကြားကြီးပြင်းရတော့
အလင်းမှာချည်း ငါမရှိနိုင်ဘူး
တူးစိုက်ထားတဲ့ မှတ်တိုင်တိမ်တိမ်မှာ
အိပ်မက်ဟာ တိမ်ထဲမှာပဲ အိမ်တစ်လုံးဖြစ်သွား
ခမ်းနားခြင်းများက
ဟိုး..ရှေး ရာဇ၀င်တွေထဲမှာ...။

ရတုသစ်
(15032013 / နေ့ 9း 45နာရီ )

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks