Monday, October 12, 2015

ဆက်လက်မသီဆိုချင်တော့တဲ့ သီချင်း


ဆက်လက် မသီဆိုချင်တော့တဲ့သီချင်း
___________________________

ဘုရားကျောင်းက ခေါင်းလောင်းသံလေးကို
သူ့မြည်သံလေးအတိုင်း ထားခဲ့ရတယ် အတိတ်မှာ
စိတ်ထဲ တဒေါင်ဒေါင်တဒင်ဒင်မြည်နေတဲ့ ညနေခင်းလေးနဲ့
လေညင်းရဲ့ မြို့ပြမဆန်ခဲ့ပုံ လတ်ဆတ်မှုများနောက်ကွယ်
မျက်ရည်လွယ်ရင် လွယ်သလို ထိရှစေမယ့် ပုံပြင်တစ်ပုဒ်ကို
အဆုတ်ထဲ ဒုတ်ဒုတ်ထိအောင်ရှိုက်သွင်းလို့
အလင်းနဲ့အမှောင်ကို ခွဲခြားသိသယောင်နေပြခဲ့
ဘဝလို့ ရေးချလိုက်တဲ့အခါ
အမာရွတ်ထင်နေတဲ့ အတိတ်တွေချည်း ကိုယ်ထင်ပြတယ်
ညဦးယာမ်သီချင်းတစ်ပုဒ်ကိုတော့
ခေါင်းလောင်းလေးက ဆက်ဆိုပါလိမ့်မယ် ။

ရတုသစ်
29072015
5:56PM



No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks