မင်း ဖတ်ဖြစ်ဖို့လိုတဲ့ကဗျာ
____________________
စိတ်ကူးနဲ့
မင်းပါးပြင်ပေါ်က သနပ်ခါးလေးကို
လှမ်းနမ်းဖို့တောင် ဝေးနေတယ်။
အလွမ်းဟာ
ပန်းလား ခေါင်းလားမသိဘဲ
ကံကြမ္မာကို ကစားပွဲထဲ ခေါ်သွင်းလို့ ။
လေညင်းနဲ့ရန်ဖြစ်ထားသူပန်းကလေးငဲ့
မင်းအကြောင်း သတင်းစကားလေးတွေမကြားရတဲ့အခါ
ငှက်ကလေးတွေကိုတောင် မနာလိုဖြစ်မိပြီ ။
စိတ်ပြေလက်ပျောက်ရှိလိမ့်နိုးနဲ့
စွန်ကလေးကို ကြိုးလျှော့ပေးလိုက်မိတာပါပဲ
ဓာတ်ကြိုးတန်းမှာ ငြိနေတဲ့ စွန်အသေလေးထဲမှာ
ကိုယ့်သတိရခြင်းတွေ လတ်လတ်ဆတ်ဆတ် ။
မနူးမနပ်ကျကွဲသွားတဲ့အိပ်မက်ကလေးပါ
ခံစားချက်နဲ့ ထိခတ်မိတိုင်း
ပွင့်ထွက်လာတဲ့မီးပွင့်ကလေးဟာ ကဗျာဖြစ်တယ်
စာဖတ်ဖြစ်တဲ့အခါ ဒီကဗျာလေးကို ပြန်ဖတ်ပါ
ကိုယ့်အသက်ရှူသံတွေ ထည့်ရေးထားခဲ့တယ်။ ။
ရတုသစ်
22102015
6:25PM
Sunday, October 25, 2015
မင်း ဖတ်ဖြစ်ဖို့လိုတဲ့ ကဗျာ
Subscribe to:
Post Comments (Atom)
အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ
B
L
O
G
G
E
R
Y
A
T
U
T
H
I
T
No comments:
Post a Comment