ညီမလေး..
ဘ၀အမြင် ၊မကျယ်ခင်က
လိုအင်အမှား ၊စိတ်ကစား၍
ကုစားမရ ၊ချစ်ဒုက္ခသို့
မကျရောက်ရေး ၊ အမြဲတွေးနော်...။
ညီမလေး..
အလှပန်းပွင့် ၊လှမစွင့်ခင်
ရွက်ဖွင့်မိုက်မဲ ၊ချစ်ရေ၀ဲမှာ
နစ်မွဲဘ၀ ၊ညှိုးခွေလျပြီး
ပြိုကျပျက်သုဉ်း ၊အလှတုံးအောင်
မိုက်တုံးမိုက်ခဲ ၊စိတ်မစွဲနဲ့
အမြဲမှတ်ကာ ၊သိဖို့ရာက
ကညာပျိုလှ ၊ပန်းဘ၀ဟာ
ကြီးစွတန်ဖိုး ၊ထိုက်တန်ရိုးမို့
မြတ်နိုးထိန်းသိမ်း ၊မင်း စိတ်ထိန်းနော်...။
ညီမလေး..
ပန်းလှဝတ်ရည် ၊ခြောက်ခန်းသည်ကြောင့်
ဝတ်ရည်စုပ်ပျား ၊မကပ်ငြား သို့
လှ အား သွေး ဆီ ၊ ခန်းခြောက်ပြီဆို
မဒီကညာ ၊မပီပါကွယ့်
များစွာ သားကောင်း ၊ ဖယ်ရှားပြောင်းလို့
မိုက်နှောင်းနောင်တ၊ဖြေမရအောင်
ဘ၀ တန်ဖိုး ၊မင်း မချိုးနဲ့
ရင်ကျိုးမှာက ၊မင်း ဘ၀ မို့
ဆန္ဒဆိုးတွေ ၊၀င်ရောက်မွှေရင်
စိတ်ဖြေသိမ့်ကာ ၊နေတတ်လာအောင်
မင်း ဘာသာ မင်း ၊ စိတ်အားတင်း နော်...။
ညီမလေး..
ဘ၀အခြေ ၊မြင့်မားလေမှ..
မင်းစေညွှန်ရာ ၊ဖြစ်လို့လာမှ..
ကြင်နာမည့်သူ ၊ရွေးကောက်ယူရင်
အပူကင်းဝေး ၊နှလုံးအေး ပြီး
ချိုမွှေးသံသာ ၊တေးထံတျာ ကို
သာယာကျူးရင့် ၊အပြုံးဝင့်လို့
သခင့်ရင်ခွင် ၊မင်းခို ၀င်ကာ
ချိုရွှင်မျက်နှာ ၊အလှဖြာပေါ့
ငယ်ခါနုနယ် ၊ လှပျိုရွယ်မှာ
တကယ် ဘ၀ ၊မသိရခင်
ဘ၀တုယောင် ၊ မတည်ထောင်နဲ့
အမှောင်သာလွှမ်း ၊အလှနွမ်းလို့
ပင်ပန်းညှိုးငယ် ၊ပျက်စီးမယ် ကွယ့်
ဖတ်ဆယ် မရ ၊မင်း ဘ၀ ကို
ကယ်မသူဟာ ၊ဝေးနေမှာ ပဲ
စိတ်မှာကြပ်ကြပ် ၊သတိကပ်လို့
မင်းမှတ်ထားပါ ၊ ညီမလေး ရာ...။
ရတုသစ်
( 23 /9 /2012)
ဘ၀အမြင် ၊မကျယ်ခင်က
လိုအင်အမှား ၊စိတ်ကစား၍
ကုစားမရ ၊ချစ်ဒုက္ခသို့
မကျရောက်ရေး ၊ အမြဲတွေးနော်...။
ညီမလေး..
အလှပန်းပွင့် ၊လှမစွင့်ခင်
ရွက်ဖွင့်မိုက်မဲ ၊ချစ်ရေ၀ဲမှာ
နစ်မွဲဘ၀ ၊ညှိုးခွေလျပြီး
ပြိုကျပျက်သုဉ်း ၊အလှတုံးအောင်
မိုက်တုံးမိုက်ခဲ ၊စိတ်မစွဲနဲ့
အမြဲမှတ်ကာ ၊သိဖို့ရာက
ကညာပျိုလှ ၊ပန်းဘ၀ဟာ
ကြီးစွတန်ဖိုး ၊ထိုက်တန်ရိုးမို့
မြတ်နိုးထိန်းသိမ်း ၊မင်း စိတ်ထိန်းနော်...။
ညီမလေး..
ပန်းလှဝတ်ရည် ၊ခြောက်ခန်းသည်ကြောင့်
ဝတ်ရည်စုပ်ပျား ၊မကပ်ငြား သို့
လှ အား သွေး ဆီ ၊ ခန်းခြောက်ပြီဆို
မဒီကညာ ၊မပီပါကွယ့်
များစွာ သားကောင်း ၊ ဖယ်ရှားပြောင်းလို့
မိုက်နှောင်းနောင်တ၊ဖြေမရအောင်
ဘ၀ တန်ဖိုး ၊မင်း မချိုးနဲ့
ရင်ကျိုးမှာက ၊မင်း ဘ၀ မို့
ဆန္ဒဆိုးတွေ ၊၀င်ရောက်မွှေရင်
စိတ်ဖြေသိမ့်ကာ ၊နေတတ်လာအောင်
မင်း ဘာသာ မင်း ၊ စိတ်အားတင်း နော်...။
ညီမလေး..
ဘ၀အခြေ ၊မြင့်မားလေမှ..
မင်းစေညွှန်ရာ ၊ဖြစ်လို့လာမှ..
ကြင်နာမည့်သူ ၊ရွေးကောက်ယူရင်
အပူကင်းဝေး ၊နှလုံးအေး ပြီး
ချိုမွှေးသံသာ ၊တေးထံတျာ ကို
သာယာကျူးရင့် ၊အပြုံးဝင့်လို့
သခင့်ရင်ခွင် ၊မင်းခို ၀င်ကာ
ချိုရွှင်မျက်နှာ ၊အလှဖြာပေါ့
ငယ်ခါနုနယ် ၊ လှပျိုရွယ်မှာ
တကယ် ဘ၀ ၊မသိရခင်
ဘ၀တုယောင် ၊ မတည်ထောင်နဲ့
အမှောင်သာလွှမ်း ၊အလှနွမ်းလို့
ပင်ပန်းညှိုးငယ် ၊ပျက်စီးမယ် ကွယ့်
ဖတ်ဆယ် မရ ၊မင်း ဘ၀ ကို
ကယ်မသူဟာ ၊ဝေးနေမှာ ပဲ
စိတ်မှာကြပ်ကြပ် ၊သတိကပ်လို့
မင်းမှတ်ထားပါ ၊ ညီမလေး ရာ...။
ရတုသစ်
( 23 /9 /2012)
1 comment:
ညီမလေးအတွက် မှာတမ်းလေးလာဖတ်သွားတယ် ရတုရေ..
ခင်မင်နေတဲ့..မိုးနတ်
Post a Comment