အဆိပ်သုတ်ထားတဲ့သစ်သီးတစ်လုံး အတွက်
အတုံးအရုံး ပြိုကျ ပဲ့ထွက်
သန်းခေါင်ထက်ညဟာ ပိုနက်ခဲ့ပေါ့..။
ဗရုတ်ဗရက်နဲ့ ဝေ့တက်လာတဲ့ အာသ၀များက
ပြတ်ရှမယ့်ဓားသွားထက်ထက်လို
တလက်လက်စူးရှလာခဲ့တယ်..။
မတူးဆွခင် ကျင်းကနက်ပြီးသားမို့
တစ်ရက်ထက်တစ်ရက် နက်လာတဲ့ ၀ပ်ကျင်းမှာ
အကျဉ်းသမားအဖြစ်ကို ကိုယ်တိုင် ငုံ့လျှိုးမိနေရဲ့ ။
မက်မပြေတဲ့ အာသာဆန္ဒများနောက်
ချောင်းပေါက်မတတ်တကောက်ကောက်လိုက်ရင်း
အလင်းမဲ့နာရီတွေ တစ်ပတ်ပြီး..တစ်ပတ်
သတ်မှတ်ချက်မရှိတဲ့ဘ၀ဟာ ခိုင်မာခဲ့တယ်..။
မပြိုင်ခင်ကရှုံးနှင့်တယ်..ဆိုပြီး
မရုန်းထွက်ချင်သရွေ့
ရှုံးပွဲတွေ့နေတဲ့ ကိလေသာကြိုးဝိုင်းထဲမှာ
ပြိုလဲရမယ့် ဘ၀ က အသင်္ချေများစွာ...။
ဘဝါ ဘဝကိုလည်းမအောက်မေ့တတ်တော့
အလင်းငတ်နေတဲ့မျက်ဝန်းတွေက
အမှောင်ယွန်းချင်တိုင်း ယွန်းခဲ့ရ
သမုဒယညှို့စောင်းသံမှာ ဆန့်တငင်ငင်ဖြစ်
မနိုးတမ်း အိပ်ပစ်ချင်နေမိတာ ဆန်းသလား
မဆန်းပြားတဲ့ လူအနွံထဲမှာ
သည်းသည်းမဲမဲလူးလွန့်မှေးစက်ရင်း
အလင်း/အမှောင်ဝိရောဓိ အတွက်
အဖြေခက်တဲ့ပုစ္ဆာတွေ ရှုပ်ထွေး အေးစက်
အိပ်မက်တွေတောင်ကြွေခဲ့ရပေါ့..
မဟူရာညက အမှောင်ကြီးမှောင်ဆဲမို့
ဒီ ဝဲ က အခုထိ မလွန်မြောက်နိုင်သေး..
ဒီ ည က အခုထိ မိုးမလင်းနိုင်သေးဘူးလေ..။
ရတုသစ်
( 24 / 9 /2012..10-13 pm)
အတုံးအရုံး ပြိုကျ ပဲ့ထွက်
သန်းခေါင်ထက်ညဟာ ပိုနက်ခဲ့ပေါ့..။
ဗရုတ်ဗရက်နဲ့ ဝေ့တက်လာတဲ့ အာသ၀များက
ပြတ်ရှမယ့်ဓားသွားထက်ထက်လို
တလက်လက်စူးရှလာခဲ့တယ်..။
မတူးဆွခင် ကျင်းကနက်ပြီးသားမို့
တစ်ရက်ထက်တစ်ရက် နက်လာတဲ့ ၀ပ်ကျင်းမှာ
အကျဉ်းသမားအဖြစ်ကို ကိုယ်တိုင် ငုံ့လျှိုးမိနေရဲ့ ။
မက်မပြေတဲ့ အာသာဆန္ဒများနောက်
ချောင်းပေါက်မတတ်တကောက်ကောက်လိုက်ရင်း
အလင်းမဲ့နာရီတွေ တစ်ပတ်ပြီး..တစ်ပတ်
သတ်မှတ်ချက်မရှိတဲ့ဘ၀ဟာ ခိုင်မာခဲ့တယ်..။
မပြိုင်ခင်ကရှုံးနှင့်တယ်..ဆိုပြီး
မရုန်းထွက်ချင်သရွေ့
ရှုံးပွဲတွေ့နေတဲ့ ကိလေသာကြိုးဝိုင်းထဲမှာ
ပြိုလဲရမယ့် ဘ၀ က အသင်္ချေများစွာ...။
ဘဝါ ဘဝကိုလည်းမအောက်မေ့တတ်တော့
အလင်းငတ်နေတဲ့မျက်ဝန်းတွေက
အမှောင်ယွန်းချင်တိုင်း ယွန်းခဲ့ရ
သမုဒယညှို့စောင်းသံမှာ ဆန့်တငင်ငင်ဖြစ်
မနိုးတမ်း အိပ်ပစ်ချင်နေမိတာ ဆန်းသလား
မဆန်းပြားတဲ့ လူအနွံထဲမှာ
သည်းသည်းမဲမဲလူးလွန့်မှေးစက်ရင်း
အလင်း/အမှောင်ဝိရောဓိ အတွက်
အဖြေခက်တဲ့ပုစ္ဆာတွေ ရှုပ်ထွေး အေးစက်
အိပ်မက်တွေတောင်ကြွေခဲ့ရပေါ့..
မဟူရာညက အမှောင်ကြီးမှောင်ဆဲမို့
ဒီ ဝဲ က အခုထိ မလွန်မြောက်နိုင်သေး..
ဒီ ည က အခုထိ မိုးမလင်းနိုင်သေးဘူးလေ..။
ရတုသစ်
( 24 / 9 /2012..10-13 pm)
2 comments:
ဘဝါ ဘဝကိုလည်းမအောက်မေ့တတ်တော့
အလင်းငတ်နေတဲ့မျက်ဝန်းတွေက
အမှောင်ယွန်းချင်တိုင်း ယွန်းခဲ့ရ
သမုဒယညှို့စောင်းသံမှာ ဆန့်တငင်ငင်ဖြစ်
မနိုးတမ်း အိပ်ပစ်ချင်နေမိတာ ဆန်းသလား
တစ်ပုဒ်လုံးကိုကောင်းတယ် အားပေးလျက်ပါ
တစ်ပုဒ်ထက်တစ်ပုဒ်ကောင်းလာပါလား ရတုရေ..အားရပါးရကို
မန့်ခဲ့တယ်နော် ..ကဗျာလေးကို အရမ်းကြိုက်တယ်...သိလား
ခင်မင်နေတဲ့..မိုးနတ်...
Post a Comment