ဝါသနာကို အသက်လောက်ချစ်
နစ်နစ်သွားတဲ့ အနာဂတ်အတွက်
လက်တစ်စုံလောက်ပြန်ငှားခွင့်ရှိရင်
ကျေးဇူးတင်နေမိမှာပါ...မေမေ ။
မရေရာတဲ့ပြေးလမ်းတစ်လျှောက်
အမေ့သားက ရွက်ခြောက်တွေလိုက်ကောက်နေမိ
ခလုတ်ထိလည်း မသိလိုက်မသိဘာသာ
ဝါသနာဟာ အဲဒီလောက် လိုအပ်လို့လား
ညှို့ချက်မိထားတဲ့ နှလုံးသားတွေမှာ အဖြေမရှိ
ကျွန်တော့် လားရာဂတိမှာ
ကဗျာတွေရှိရင်ကျေနပ်နေတတ်ခဲ့
ဒီလိုနဲ့..ကျွန်တော်
အမေ့အတွက်
လူတော် မဖြစ်သေးဘူး..ခုထိ ။ ။
ရတုသစ်
1 comment:
ဒီလိုနဲ့..ကျွန်တော်
အမေ့အတွက်
ကဗျာလေးက ရင်ဘတ်ထဲ တည့်တည့်လာထိတယ်
ိကိုရတုရေ....နှစ်သက်မိပါပေ့...:)))
တစ်ပုဒ်လုံးကို စိတ်သွားတိုင်း ကိုယ်ပါခဲ့တယ်...:P
ခံစားချက်တွေ တိုက်ဆိုင်ပါရဲ့ကွယ်.....
ခင်တဲ့....မိုးနတ်
Post a Comment