အလှကြည့်ကာ
မြတ်နိုးပါမှ
ပန်းမှာမွှေးဆင့်..လေညာလွင့် ။
ပန်းလေးဘ၀
မညှိုးရအောင်
ကူမစောင့်ပေး
မြေစာကျေွးလျှက်
ရန်ဘေးကင်းအောင်
သူကြံဆောင်လည်း
သိအောင်မပြော..သူ့သဘော ။
ပန်းလေးလန်းစွင့်
ရနံ့လွှင့်၍
ပြုံး၀င့်နေလျှင်
သူပျော်ရွှင်သည်
ခူးချင်သောစိတ်..သူပြန်ပိတ် ။
ဥယျာဉ်မှူးသူ
စိတ်တွင်းဖြူကို
ငြူစူမှာလား
စိုးထိတ်အားကြောင့်
လှအားရွှန်းလက်
ပန်းပွင့်ခက်ကို
လှမ်းလက်ရုပ်သိမ်း
စိတ်ကိုထိန်းမည်
ချစ်ကိန်းသည့်စိတ်..တိုးတိုးတိတ်် ။
။။။။။။။။။။။။။။။။။။။။။
ရတုသစ်

2 comments:
ဥယျာဉ်လေးစိတ်ထားဖြူစင်လှပါ၏
လှအားရွှန်းလက်
ပန်းပွင့်ခက်ကို
လှမ်းလက်ရုပ်သိမ်း
စိတ်ကိုထိန်းမည်
အမလေးလေ .....
နုနေထှာနော် ကိုရွှေရတု.....:P
စတာနော်...ကဗျာလေးက လှပနုရွနေတာပဲ
ကြိုက်တယ် သိလားးးးးးးးးးး :)
Post a Comment