Monday, February 4, 2013

ထောက်လှမ်းရေး


မင်း မမှားခဲ့ပါ ဘူး
ငါ မမှန်ခဲ့တာ .
စေတန်ရဲ့မာယာမှာလမ်းလွဲရင်း
မသိခြင်း ကို သိချင်မိကြပေါ့ ။

အခုတော့..
အလွမ်းဟာ အလွမ်းအတိုင်း
တံတိုင်းတစ်ဖက်ဆီမှာ ။

စည်းတစ်ဖက်ခြားသွားမှ
ငိုပြ မနေတော့ဘူး ။

လူးလွန့်မိတဲ့ စိတ်ကို ခေါက်သိမ်းလို့
ယိမ်းကချင်တဲ့ ရင်ဘတ်အတွက်
ပန်းသီးနဲ့သစ်တော်သီးခွဲဖို့ခက်တဲ့ခေတ်ထဲ
ငါ့ အသည်းမှာ...
ရေဒါ တပ်ထားပါရစေ ။ ။

              . . .ရတုသစ်
(ထောက်လှမ်းရေး)
************
မင်း မမှားခဲ့ပါ ဘူး
ငါ မမှန်ခဲ့တာ .
စေတန်ရဲ့မာယာမှာလမ်းလွဲရင်း
မသိခြင်း ကို သိချင်မိကြပေါ့ ။

အခုတော့..
အလွမ်းဟာ အလွမ်းအတိုင်း
တံတိုင်းတစ်ဖက်ဆီမှာ ။

စည်းတစ်ဖက်ခြားသွားမှ
ငိုပြ မနေတော့ဘူး ။

လူးလွန့်မိတဲ့ စိတ်ကို ခေါက်သိမ်းလို့
ယိမ်းကချင်တဲ့ ရင်ဘတ်အတွက်
ပန်းသီးနဲ့သစ်တော်သီးခွဲဖို့ခက်တဲ့ခေတ်ထဲ
ငါ့ အသည်းမှာ...
ရေဒါ တပ်ထားပါရစေ ။    ။

. .                        .ရတုသစ်

2 comments:

roseayemaung said...

မင်း မမှားခဲ့ပါ ဘူး
ငါ မမှန်ခဲ့တာ .
စေတန်ရဲ့မာယာမှာလမ်းလွဲရင်း
မသိခြင်း ကို သိချင်မိကြပေါ့။

ကဗျာလေးကောင်းတယ်..

မိုးနတ်ကြယ်စင် said...

အလဲ့ ဘယ်ဆိုးလို့လဲ ..
ကောင်းသားပဲ အဲ့အကြံ >>>
နာလဲ နာ့အသည်းမှာ ရေဒါတပ်ထားအုံးမှပဲ :P
နို့ .... ခေတ်ကြီးကိုက ပန်းသီးနဲ့ သစ်တော်သီး
ခွဲခြားမရတဲ့ ခေတ်ကြီးကိုးးးးးးးးးးးးးးးးးးးး :)))

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks