Sunday, May 12, 2013

သက္ကရာဇ်တွေခုတ်မောင်းလာတဲ့စွပ်ကြောင်းရာကြီးထဲ...

သက္ကရာဇ်တွေခုတ်မောင်းလာတဲ့စွပ်ကြောင်းရာကြီးထဲ
သမိုင်းကငြင်းချက်ထုတ်ရန်သမ္မန်စာပို့လိုက်တယ်

အပ်နဲ့အပ်ချင်းထိပြီးဗိုင်းရပ်စ်တွေသီးပွင့်လာနေတဲ့ဒြပ်ပေါင်းဖို/မ ချိန်ခွင်လျှာပေါ်
လူဟာ ဗြဟ္မာကတစ်ဆင့် ဆင်းသက်လာတာလား
လူဟာ အာဒံနဲ့ဧ၀က တစ်ဆင့် ဆင်းသက်လာတာလား
လူဟာ မျောက်ကတစ်ဆင့် ဆင်းသက်လာတာလား
မဖြေဘူး ။အဲဒီမေးခွန်းတွေဖြေဖို့အချိန်မရှိဘူး၊အချိန်ကို သေချာချင့်ချိန်
စိုက်ဝင်နေတဲ့ကျည်ဆံကိုအရင်ထွင် ၊ပစ်လိုက်တဲ့သေနတ်ကိုလိုက်လုနေလို့သွေးမတိတ်ဘူး
လူသားဘုရားတွေဟာလည်းမွေးစကအ၀တ်ဗလာ/ကိုယ်တစ်ခု/ဦးနှောက်နှစ်ကန့်စီသာ
စက္ကန့်ခြောက်ဆယ်ပြည့်မှတစ်မိနစ်ရေတွက်ရုံနဲ့အချိန်က ကိုယ့်ကို ပြန်ချိန်ပြီ သတိ
နာရီတွေဆီက ပစ်ခတ်လိုက်တဲ့ကျည်တောင့်တွေထဲမှာ ငရဲ/နိဗ္ဗာန် ဘာကိုတွေ့
ကျုပ်တို့မေ့နေလေ နာရီတွေကခုန်လေပဲ၊ တဂျက်ဂျက် ၊တဒက်ဒက် ၊တချက်ချက်ပစ်ခတ်
ခေါင်းထဲထည့်ပေးထားတဲ့မီးခွက်ကနေ့နေ့ညညထွန်းညှိုဖို့အလင်းဓာတ်အားပဲ ကိုယ့်လူ
နက်တူးနေမယ့်ညညစ်ညစ်ကြီးထဲနွံတွေ ရေနှစ်သတ်ဖို့ ခတ်ထားတဲ့သော့တွေဖြုတ်လိုက်
မှိတ်ထားပါ၊ ပိတ်ထားပါ၊ မီးတွေအိပ်မောကျချိန်ဟာအငြိမ်သက်ဆုံးဖြာထွက်မှုအရောင်
ငရဲဟာ နိဗ္ဗာန်ထက်စွဲမက်ဖွယ်ကောင်းတဲ့သွေးသား ရှိုက်ဖို ကြီးငယ် အသွယ်သွယ်
ခေတ်စံနစ်ရဲ့ပန်ကာထဲ လူတွေကိုယ်တိုင်က ကွိုင်ထုပ်ကြီးတွေလို တ၀ီဝီ တဟီဟီ
အမျှင်တွေထဲမှာသံယောဇဉ်ကိုရှာတွေ့လိုက်တဲ့မျက်လုံးထဲ သပွတ်အူဝင်ခွေနေတယ်
သေခဲ့တယ်၊သေနေတယ် ၊သေဦးမယ် ၊သံဝေဂရွတ်နေရင်းတောင်အသေဟာရှင်တယ်ထင်ရင်းသေခဲ့ရ
ဘယ်လိုဖြေလို့မှမအောင်သေးတဲ့စာမေးပွဲပုစ္ဆာမှာနိဗ္ဗာန်ဆိုတာကြီးက ဟားတိုက်ရယ်မော
ကသောကမျောကိုင်ထားဆဲမောဟစပွန်ဆာကြီးပဲဒရောသောပါးလှပ်လှပ်ကြည့်နေမိ
သတိတွေနားလည်မှုလွဲသွားမှဘ၀က ခါးတဲ့အကြောင်းမောင်းခတ်ကြေငြာမိကြ
သက္ကရာဇ်တွေအပူတပြင်းခုတ်မောင်းလာတဲ့စွပ်ကြောင်းရာအဟောင်းအနွမ်းကြီးထဲ
သမိုင်းစက်ဝန်းကြီးကလိင်သုံးပါးတို့ဆီ ငြင်းချက်ထုတ်ရန် သမ္မန်စာပို့လိုက်တယ်..။    ။


ရတုသစ်

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks