Sunday, May 5, 2013

တည့်တည့်ပြောချင်နေတာလေးတွေ ( ခ )

တည့်တည့်ပြောကြည့်ခြင်း ( ၄ )
********************
နာမည်လား
နံမည်လား
စာလုံးအကြီးကြီးရေးထားလိုက်ရုံန
ဲ့ကြီးမယ်ဆိုရင်တောင်
အဲဒီစာလုံးကြီးရေးဖို့
နေရာတစ်ခုတော့လိုမယ် ။
နာမည်ကြီးပြီဆိုလေ့လာလိုက်
နာမည်အလိုက်အနာခံခဲ့ရတာတွေရှိတယ
် ။
တစ်ပွဲတိုးဆေးထိုးခံလိုက်ရုံနဲ့
ကြီးလာတဲ့အမည်မျိုးက
သိပ်မဟန်ဘူး..သိပ်မခံဘူး
ပုပ်ပွတယ်..နံစော်တယ်
အဲဒါ..
နာမည်မဟုတ်ဘူး..နံမည်... ။ ။




 တည့်တည့်ပြောကြည့်ခြင်း ( ၅ )
********************
တ၀ုတ်ဝုတ်နဲ့ ထိုးထိုးပြီးဟောင်နေတာ
ခွေးပဲဟောင်တာမဟုတ်ဘူး
ဟောင်တယ်..ဟောင်တယ်
လူတွေလည်းဟောင်တယ်
စိတ်တွေလည်းဟောင်တယ်
စာရိတ္တတွေလည်းဟောင်တယ်
အသံမမြည်ဘူး
ဒါပေမယ့် အနံ့တော့ရတယ်
ထိုးထိုးပြီးဟောင်နေတဲ့ အနံ့တွေ ။




 တည့်တည့်ပြောကြည့်ခြင်း ( ၆ )
********************
တသွေးထဲ သွေးခံထားရတဲ့သွေးတွေ
ဓားတွေလို ထက်ရှ မလာတော့ဘူးလား
ကျောက်သွေးသမားလက်ထဲကကျောက်တုံး
တောင်
သွေးတတ်ရင်...
ပြောင်ပြောင်လက်လက်အရောင်ထွက်သေ
းတယ် ။

အို ၊အေ ၊ဘီ ၊အေဘီ ၊အေပလပ်စ်၊အေမိုင်းနပ်စ်ဆိုတာသေ
ွးလား
သွေးဆိုတာ အင်္ဂလိပ်လိုအသံထွက်တွေလား
အားနည်းလာတဲ့နှလုံးသားတွေထဲ
ရေတွေပဲ ဒလဟော စိမ့်ဝင်ကြ
လေတွေပဲ တရစပ် တိုက်ခတ်ကြ ။

အတ္တကတော့
အပ်အပ် မအပ်အပ် အရိုးကြည့်မရှောင်ဘူး
သံမဏိသွား တွေလို ။

စားစရာမြင်တိုင်းကျဲသွားတဲ့သွေးထဲမှာ
အနီရောင်တွေမှိန်ဖျော့သွားကြပေါ
သွေး..နေရစ်ခဲ့ ရာဇ၀င်ထဲမှာ
သွေး..နေရစ်ခဲ့ ဒဏ္ဍာရီထဲမှာ
သွေး..နေရစ်ခဲ့ လူ့ပတ်ဝန်းကျင်အချို့မှာ
ဒီသွေးက ဘယ်လိုသွေးလို့မှ
ထက်ရှလာမှာမဟုတ်တော့ဘူး ။ ။


ရတုသစ်

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks