တည့်တည့်ပြောကြည့်ခြင်း ( ၁ )
********************
ဂရုစိုက်တယ်ဆိုတာ
သစ်ပင်စိုက်သလို
ရေလောင်းပေါင်းသင်ဖို့မလိုဘူးမဟုတ်လား ။
ဂရု က စိုက်စိုက် မစိုက်စိုက်
ပတ်ဝန်းကျင်ဆိုတာကတော့
အချိန်တန်ရင် အညှောက်ပေါက်တာပဲ ။
တည့်တည့်ပြောကြည့်ခြင်း ( ၂ )
*********************
ခေါင်းပေါ်မှာဆံပင်ရှိတာမရှိတာထက်
ခေါင်းထဲမှာဦးနှောက်ရှိဖို့တော့လိုမယ်
ခေါင်းအခွံကြီးထဲဖွဲတွေချည်းထည့်ထားရင် ပူမှာပဲ
အဲဒီဖွဲက မီးလောင်ရင်အတော်နဲ့ငြိမ်းတာမဟုတ်ဘူး
တငွေ့ငွေ့ တအူအူ ဖြစ်လာဦးမှာ
ခေါင်းတွေအလေးချိန်စီးဖို့ဦးနှောက်ကိုအားဖြည့်ဖို့လိုပြီ ။
တည့်တည့်ပြောကြည့်ခြင်း ( ၃ )
********************
စိတ်ဆိုးတယ်ဆိုတာ ချောင်းဆိုးသလိုအသံမထွက်ဘူး
စိတ်ဆိုး/မဆိုးသိဖို့အသံနားထောင်ရုံနဲ့လုံလောက်ပါ့မလား
အပွေးမြင်အပင်သိလို့ဆိုကြပေမယ့်
အတွေးမစင်တော့လည်း အမြင်ချိ တော့တာပဲ
သင်ရိုးမကုန်သေးတဲ့ စိတ်နဲ့
စိတ်ကိုဆိုး ဆိုးကြည့်ရတော့
အရောင်တွေပဲ အစွန်းထွက်ကျန်ရစ်တယ်...။
ရတုသစ်
********************
ဂရုစိုက်တယ်ဆိုတာ
သစ်ပင်စိုက်သလို
ရေလောင်းပေါင်းသင်ဖို့မလိုဘူးမဟ
ဂရု က စိုက်စိုက် မစိုက်စိုက်
ပတ်ဝန်းကျင်ဆိုတာကတော့
အချိန်တန်ရင် အညှောက်ပေါက်တာပဲ ။
တည့်တည့်ပြောကြည့်ခြင်း ( ၂ )
*********************
ခေါင်းပေါ်မှာဆံပင်ရှိတာမရှိတာထက
ခေါင်းထဲမှာဦးနှောက်ရှိဖို့တော
ခေါင်းအခွံကြီးထဲဖွဲတွေချည်းထည်
အဲဒီဖွဲက မီးလောင်ရင်အတော်နဲ့ငြိမ်းတာမဟု
တငွေ့ငွေ့ တအူအူ ဖြစ်လာဦးမှာ
ခေါင်းတွေအလေးချိန်စီးဖို့ဦးနေ
တည့်တည့်ပြောကြည့်ခြင်း ( ၃ )
********************
စိတ်ဆိုးတယ်ဆိုတာ ချောင်းဆိုးသလိုအသံမထွက်ဘူး
စိတ်ဆိုး/
အပွေးမြင်အပင်သိလို့ဆိုကြပေမယ့်
အတွေးမစင်တော့လည်း အမြင်ချိ တော့တာပဲ
သင်ရိုးမကုန်သေးတဲ့ စိတ်နဲ့
စိတ်ကိုဆိုး ဆိုးကြည့်ရတော့
အရောင်တွေပဲ အစွန်းထွက်ကျန်ရစ်တယ်...။
ရတုသစ်
No comments:
Post a Comment