Thursday, May 30, 2013

ရွှေခေတ်ဆိုတာ ညီမလေးရဲ့ လက်ထဲမှာ

ညီမလေးရေ..
အပျက်အပျက်နဲ့မျက်စိရှက်ဖွယ် ခေတ်ဆိုးထဲ
မျက်စိမှိတ်ပြီး ဇွတ်မတိုးနဲ့
အဘိုး အဘွားတွေ ထားခဲ့တဲ့ ယဉ်ကျေးမှု
ဂရုစိုက်မယ့်သူ ရှိနေသင့်တယ် ။

အမြင့်ကို လှမ်းနိုင်အောင်ကြိုးစားပါ
စိတ်ထားလှနေအောင် မွေးမြူပါ
မြှူဆွယ်တိုက်ခိုက်လာမယ့် ခေတ်ရိုက်ချက်တွေထဲ
မလဲပြိုအောင်ထိန်းမတ်ထားနိုင်ရင်အကောင်းဆုံးပဲ
သရုပ်ပျက် ၀ဲဂယက်ကြား
လွမ်းမမှားအောင်လျှောက်တတ်ဖို့
စိတ်ဓာတ်နံရံမှာ "မြန်မာ " ဆိုတာ ဆွဲချိတ်ထားပေါ့
သူများတွေေ၀၀ါးတိုင်း
လိုက်လိုက် ပြီး မထွေပြားစေနဲ့
ရိုးသားပါ
နိုးကြားပါ
ကြိုးစားပါ
ရွှေမြန်မာတို့ရဲ့ အမျိုး၊ဘာသာ၊သာသနာအတွက်
ဘယ်တော့မှ ဖျက်ရာမဖြစ်စေချင်ဘူး။


ညီမလေးရေ...
မင်းရဲ့ ဆင်ခြင်နိုင်စွမ်းဟာ
မင်းဘ၀ရဲ့ ဦးတည်ရာ လမ်းကြောင်းပဲ
မင်းရဲ့သမိုင်းကောင်းဖို့
မင်းကိုယ်တိုင် မောင်းနှင်မှ ရမယ်
"မြန်မာ့ယဉ်ကျေးမှုက
ဘယ်တော့မှ မဟောင်းဘူး"
ဆိုတာတော့
နှလုံးသားထဲစွဲနေအောင်မှတ်ထားပါ ။


ရိုးရာပျောက်သွားခဲ့ရင်
"မျိုး မြန်မာ "လည်း မှောက်မယ်
မြန်မာ့သစ္စာဖောက်ဘယ်တော့မှမဖြစ်စေနဲ့
ရွှေခေတ်ဆိုတာ..
ညီမလေးရဲ့ လက်ထဲမှာပဲ ရှိတယ်..။



ရတုသစ်

(မွေးနေ့လက်ဆောင် ကဗျာ က သိပ်တော့မနူးညံ့ဘူး ..ညီမလေးရေ..
ဒီကဗျာကို ဖတ်ရုံတင်မဖတ်ပါနဲ့ သေချာတွေးပြီးဖတ်ပါကွာ... )

1 comment:

မိုးနတ်ကြယ်စင် said...

ညီမလေးရေ...
မင်းရဲ့ ဆင်ခြင်နိုင်စွမ်းဟာ
မင်းဘ၀ရဲ့ ဦးတည်ရာ လမ်းကြောင်းပဲ
မင်းရဲ့သမိုင်းကောင်းဖို့
မင်းကိုယ်တိုင် မောင်းနှင်မှ ရမယ်.... Right!!!

ဒါထက် ဘယ်ကညီမလေးအတွက် ရေးပေးထားတာလဲ
အကို ???

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks