Sunday, October 25, 2015

မင်း ဖတ်ဖြစ်ဖို့လိုတဲ့ ကဗျာ


မင်း ဖတ်ဖြစ်ဖို့လိုတဲ့ကဗျာ
____________________

စိတ်ကူးနဲ့
မင်းပါးပြင်ပေါ်က သနပ်ခါးလေးကို
လှမ်းနမ်းဖို့တောင် ဝေးနေတယ်။

အလွမ်းဟာ
ပန်းလား ခေါင်းလားမသိဘဲ
ကံကြမ္မာကို ကစားပွဲထဲ ခေါ်သွင်းလို့ ။

လေညင်းနဲ့ရန်ဖြစ်ထားသူ ပန်းကလေးငဲ့
မင်းအကြောင်း သတင်းစကားလေးတွေမကြားရတဲ့အခါ
ငှက်ကလေးတွေကိုတောင် မနာလိုဖြစ်မိပြီ ။

စိတ်ပြေလက်ပျောက်ရှိလိမ့်နိုးနဲ့
စွန်ကလေးကို ကြိုးလျှော့ပေးလိုက်မိတာပါပဲ
ဓာတ်ကြိုးတန်းမွာ ငြိနေတဲ့ စွန်အသေလေးထဲမှာ
ကိုယ့်သတိရခြင်းတွေ လတ်လတ်ဆတ်ဆတ် ။

မနူးမနပ်ကျကွဲသွားတဲ့အိပ်မက်ကလေးပါ
ခံစားချက်နဲ့ ထိခတ်မိတိုင်း
ပွင့်ထွက်လာတဲ့မီးပွင့်ကလေးဟာ ကဗျာဖြစ်တယ်
စာဖတ်ဖြစ်တဲ့အခါ ဒီကဗျာလေးကို ပြန်ဖတ်ပါ
ကိုယ့်အသက်ရှူသံတွေ ထည့်ရေးထားခဲ့တယ်။ ။

ရတုသစ်
22102015
6:25PM



Monday, October 12, 2015

ဆက်လက်မသီဆိုချင်တော့တဲ့ သီချင်း


ဆက်လက် မသီဆိုချင်တော့တဲ့သီချင်း
___________________________

ဘုရားကျောင်းက ခေါင်းလောင်းသံလေးကို
သူ့မြည်သံလေးအတိုင်း ထားခဲ့ရတယ် အတိတ်မှာ
စိတ်ထဲ တဒေါင်ဒေါင်တဒင်ဒင်မြည်နေတဲ့ ညနေခင်းလေးနဲ့
လေညင်းရဲ့ မြို့ပြမဆန်ခဲ့ပုံ လတ်ဆတ်မှုများနောက်ကွယ်
မျက်ရည်လွယ်ရင် လွယ်သလို ထိရှစေမယ့် ပုံပြင်တစ်ပုဒ်ကို
အဆုတ်ထဲ ဒုတ်ဒုတ်ထိအောင်ရှိုက်သွင်းလို့
အလင်းနဲ့အမှောင်ကို ခွဲခြားသိသယောင်နေပြခဲ့
ဘဝလို့ ရေးချလိုက်တဲ့အခါ
အမာရွတ်ထင်နေတဲ့ အတိတ်တွေချည်း ကိုယ်ထင်ပြတယ်
ညဦးယာမ်သီချင်းတစ်ပုဒ်ကိုတော့
ခေါင်းလောင်းလေးက ဆက်ဆိုပါလိမ့်မယ် ။

ရတုသစ်
29072015
5:56PM



အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks