" မြတ်ဘုရားထံတော်ဝယ် "
မက်ဆေ့ခ်ျဟောင်း
ပြန်ပြောင်းလို့ဖတ်မိလျှင်
ဘယ်ရင်အုံကျွမ်းရှရှ
လွမ်းတ,တုန်ရင် ။
ဘုံတစ်ခွင်
ကြုံချင်တော့ဘူး လွမ်းဒဏ်များ…
လောင်ကျွမ်းရန်အားမရှိပြီကွယ့်
ထားကတိကိုမျက်ကွယ်မပြုနိုင်လို့
တစ်သက်ဝယ်ပျက်ပြယ်မသွားပါကြောင့်း
လက်ဆယ်ဖြာဦးတင်သ,ပါပေါ့
ဖူးမြင်ကာ ရှေ့တော်မှောက်ကို
ရောက်ခဲ့ပြီဘုရား ။ ။
ရတုသစ်
26012014
11:35AM
Posted via Blogaway