Wednesday, August 29, 2012
မနက်ဖြန်တွေသာ...သီးပွင့်မလာကြ စတမ်း..ဆိုရင်...
*တေးသီချင်းများ...အရေးသီတင်းများ...
အတင်းအဖျင်းများ...ငြင်းခုံထိုးနှက်ခြင်းများ...
ခြင်းကြားနဲ့ဖားကောက်ခဲ့တဲ့...ဝေလီဝေလင်းများ...
*ဆွံ့အ ဆိတ်ငြိမ်..နှုတ်ခမ်းများ...
အိပ်မွေ့ချ..ရေခဲစိမ်ခံရတဲ့..ဒေါသများ...
*ဖြစ်တည်မှု အချို့..အချို့..အတွက်
ကိုယ်တိုင်..ရှို့မြှိုက်ခဲ့ရတဲ့...အချိန်ပြလက်တံများ...
*ပလက်ဖောင်းဘေးကို...မကြာ ခဏ
ပြန်ပစ်ချနေမိတဲ့...စိတ်နယ်လွန်ခြေလှမ်းများ...
*နောင်တ ရ, ရကောင်းမှန်းမသိလောက်အောင်
ဆွဲဆောင်ခြင်းခံခဲ့ရတဲ့...နောင်တများ...
*လျော့ရဲ ရင့်အိုလာတဲ့...သပြေညိုများ...
ဟိုး..အဝေးဆီမှာ..မှိုင်းပျပျ..
ခပ်ဟဟ လေးဖွင့်ထားတဲ့...အလင်းတံခါးချပ်များ...
+ ..- ..×..--ံ့..များ...
...........................များ...
............များ စွာ...
ဘာသာဗေဒ တစ်ခု...တစ်ခုချင်းစီအတွက်
ငါ့ မှတ်ဥာဏ်က မထုံတက်တေး...ငေးရီ..
အရေးမကြီးဘူး...ထင်ပြီး..လွှတ်ချထားတဲ့..အတိတ်တချို့တလေက
မံမီတွေလို...ပိရမစ်ထဲမှာ...အခိုင် အမာ
ပုန်းအောင်းစရာမရှိမှတော့...အိမ်တွင်းပုန်းနေဖို့မလို
လူပျိုလှည့်သလို...လမ်းဟောင်းများထဲ
အသဲနှလုံးချနင်းလို့...ခေါက်တုံ့..ခေါက်ပြန်..
အိမ်နံရံမှာချိတ်ထားတဲ့...ရွက်ဆုတ်ပြက္ခဒိန်လေးပဲ ပါးလာတယ်...။
*တရားရှာ..ကိုယ်မှာတွေ့မယ်ထင်ပြီး
ကိုယ်မှာ ရှာရင်း..တရားမတွေ့ခဲ့သမျှ
ငါ့..၀ိညာဉ်က အသိခေါက်ခက်..အ၀င်နက်ခဲ့ပေါ့...။
*တစ်ရက်တလီ.. တစ်ရက်
စိတ်ချိုးရေတွက်ဆဲ..ငရဲခန်း ထ အပွက်..မှာ..
ရုတ်တရက်...
နားယဉ်စပြုနေတဲ့လေးညှို့သံက....
ငါ့..ဦးခေါင်းတည့်တည့်ရောက်နေပြီ...။
*မနက်ဖြန်တွေသာ...သီးပွင့်မလာကြစတမ်း..ဆိုရင်..
မက်မန်းဝိုင်..ချိုရှရှ တစ်ခွက်နဲ့...
အရှက်ပြေရုံလေး...၀တ်ဆင်ပြီး...
ပစ္စုပ္ပန်ကို..ခေါင်းမြီးခြုံအိပ်နေချင်တော့တယ်...။
***Yatu Thit***(29/8/2012...9:20 PM)
Tuesday, August 28, 2012
ဒီနေ့..အဖေ အိမ်ပြန်တာ..စောလွန်းတယ်...
* "ဘ၀ဆိုတာ ဖြောင့်ဖြောင့်သွားလို့မရရင်..
ကွေ့ကောာက်ပြီးသွားရတယ်...
ဘယ်တော့မှ ဘ၀ကို တသမတ်တည်းမမှတ်နဲ့" တဲ့
အဖေ ပြောခဲ့ဘူးတယ်...။
* အဖေ ဘယ်လိုသွားတယ်ဆိုတာ ကျွန်တော်မမြင်လိုက်ရ
ဖြောင့်ဖြောင့်တန်းတန်းလား ?
ကွေ့ကွေ့ကောက်ကောက်လား ?
ဘ၀ကိုတသမတ်တည်း မမှတ်ခဲ့တဲ့ အဖေ..
လောကရဲ့ တသမတ်တည်းသောနောက်ဆုံးလမ်းပေါ်မှာ...။
* ဆူညံသံတွေတိတ်ဆိတ်..သက်ငြိမ်
ခပ်ကြိတ်ကြိတ် ငိုကြွေးနေတဲ့ အမေနဲ့..
အမေ့ရဲ့သား သမီးများ...
အဖေကိုယ်တိုင်လက်တွဲခေါ်ခဲ့တဲ့ အဖေ့ရဲ့လက်ရုံးများပေါ့...။
* ပြောရဦးမယ်..အဖေ..
အခုတလော..မိုး ခဏ ခဏ ရွာနေတယ်...
မိုးရေလည်း ချိုးဖြစ်တယ်..အရင်လိုပါပဲ..
အဖေ သင်ပေးခဲ့တဲ့ ကိုင်ဇာရဲ့" မိုး "သီချင်းကိုမဆိုရုံလေးပါပဲ...
ဒီမှာလေ..အဖေ..
ဓားတစ်လက်နဲ့ အုန်းသီးတစ်လုံး
ကျွန်တော်တို့ကိုပြုံးကြည့်နေတယ်..
အုန်းသီးခွဲပေးမယ့် အဖေ က ဘယ်မှာလဲ?တဲ့
ကျွန်တော်တို့ဘာမှ မပြောနိုင်ခဲ့...
အဖေ မရှိတဲ့ အိမ်ထောင်တစ်ခုဟာ..ဒီလိုပဲ..
မထီမဲ့မြင်ပြုခံရတတ်သလား.?.အဖေ...။
* အခုတစ်လော..ကျွန်တော် သီချင်းတွေကို ကြောက်တတ်လာတယ်..
ကိုလေးဖြူရဲ့ "အဖေ" သီချင်းကြားရင်သိမ်ငယ်တယ်..
ဓီရာမိုရ် ရဲ့ "အိမ်"သီချင်းကြားရင် မချင့်မရဲဖြစ်မိ
ရဲလေးရဲ့ ရှိုက်သံသဲ့သဲ့နဲ့ "အိမ်"သီချင်းကိုလဲ မကြားရဲဘူး...အဖေ..
အဖေဟာ ဖီးနစ် ငှက်လိုမျိုး မဟုတ်ဘူးဆိုတာ သိလေ
အဖေ့ ကို ပြန်လာစေချင်လေပဲ...။
* သခင်ပျောက်သွားတဲ့ အိမ်ဦးခန်းလေးဟာ
အဖေ့ အငွေ့အသက်နဲ့လဲလျောင်းနေပေါ့..
ချော့ချော့မော့မော့နဲ့ပြောနေတဲ့ နောက်ဖေးခန်းကအမေ့ရဲ့အသံတွေ
ကြားနေရတာ ရင်ဘတ်နဲ့မဆန့်တော့ဘူး..
ညီလေးကကျောင်းမတက်ချင်တော့ဘူးတဲ့
ညီမလေးကလည်းအရယ်အပြုံးမဲ့နေတာ ကြာပြီ
ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ မသိခဲ့လို့လား.?..အဖေရယ် ။
* အဖေ့ အပြန်ကိုစောင့်ရင်း အဖေ့လက်တစ်ဖက်စီမှာ ခိုဆွဲဖို့
အိမ်အ၀င်ပေါက်ဆီကြည့်ကြည့်နေတတ်တဲ့မျက်ဝန်းလေးများ
ဘယ်လို အင်အားနဲ့လင်းလက်တောက်ပစေရမှာလဲ?
ဘ၀သင်္ခန်းစာတွေ မနိုင်မနင်းနဲ့ကျွန်တော်တို့ကို
လောကအလယ်မှာ လူအ အိပ်မက်မက်သလိုအဖြစ်မျိုးနဲ့ထားရစ်ခဲ့
စိတ်ချနိုင်ခဲ့လို့လား.?..အဖေရယ်...။
* ကကြိုးပျောက်သွားတဲ့ရုပ်သေးရုပ်လေးများလို
ကစဥ့်ကလျား ယိမ်းထိုးလို့နေတဲ့ ကျွန်တော်တို့..
ဘယ်လို ကကွက်နဲ့ရှေ့ဆက်ကပြရမှာလဲ?
* ခဏ ခဏ ငိုရလွန်းလို့မျက်ရည်ရဲ့စီးဆင်းရာလမ်းကြောင်း
ရင်ဘတ်မှာ ပြောင်းခဲ့ ပြီ..အဖေ..
* ရီဝေေ၀နဲ့ အိမ်ပြန်ချိန်နောက်ကျတိုင်း
"ဒီနေ့ ..အဖေ အိမ်ပြန်တာနောက်ကျတယ်ကွာ "လို့ ပြောတတ်တဲ့ အဖေ..
အခုတော့.....
လောကရဲ့ဧည့်သည် တစ်ယောက်အဖြစ်
ခြားနားခြင်း မြစ်တစ်ဖက်ကမ်းဆီ ကူးခပ်သွားခဲ့
ဦးခင်ဝမ်း ရဲ့" နှုတ်ဆက်ခဲ့ပါတယ်"သီချင်းလေးညည်းနေမလား..မသိ...။
* မျက်ရည်ပြည့်နေတဲ့ရင်ဘတ်နဲ့
ဝမ်းနည်းပက်လက် ကျွန်တော်ပြောနေမိတယ်...
"ဒီနေ့..အဖေ အိမ်ပြန်တာ စောတယ်..
အိမ်ပြန်တာ စောလွန်းပါတယ်."..အဖေရယ်...။
-----------------------------------------------------------------
***အဖေမရှိတော့တဲ့ သား /သမီး များအတွက်ရည်ညွှန်းပါသည်...။
Yata Thit ( 28/8/2012...9:04 Pm)
Sunday, August 26, 2012
အိမ်ဝေးလူ ရဲ့..ဖြောင့်ချက်
* လောကရဲ့မာယာရောင်စုံတွေကြားမှာ
ပြေးလွှားရုန်းကန်ရင်း
အချစ်ပြတင်းတံခါးလေး ဖွင့်ကြည့်မှ
ခလုတ်ထိခဲ့ရပြီ...အမေ ရယ်...။
* ပုခက်လွှဲပေးခဲ့တဲ့ လက်ချောင်းလေးတွေရဲ့
အဝေးကမ္ဘာမှာ..ရောက်ရှိနေလဲ
အမေ က (ကျွန်တော့်ကို)လှမ်းပြီး လွှဲနေတုံးပေါ့...။
* အမေ့ရဲ့အေးရိပ်ကို ခွါချ
အတ္တနဲ့ကြိုးတစ်ချောင်းကျစ်လို့
သမုဒယသစ်ပင်ဆီတွယ်တက်ကြည့်
အဆိပ်မိလို့ မိမှန်းမသိအောင် ဆွံ့အခဲ့တဲ့ သားပါ..အမေ...။
* အိပ်မက်အသေတွေကိုအသက်ပြန်သွင်းလို့ရရင်
ခဏလောက်ပြန်လိုချင်မိရဲ့..
တကယ့် လက်တွေ့မဆန်တဲ့အဖြစ်မျိုး
တည့်တည့်..တိုး..တိုး လာတာဆိုးတယ်..
အဖိုးမဖြတ်နိုင်တဲ့အမေ့မေတ္တာရိပ်အဝေးကကျွန်တော်ဟာ
ဒေးဗစ်ကော်ပါဖီး ရဲ့လက်ထဲက
ပဉ္စလက်စီးကရက်လေးတစ်လိပ်လို
အလိုလို လောင်ကျွမ်းနေခဲ့ပြီ...။
* ခေါင်းစဉ်ပျောက်နေတဲ့အိပ်မက်တွေပဲ
ထပ်တလဲလဲ နမ်းရှိုက်မိမှ
လမိုက်ညတွေကိုကြောက်တတ်လာတယ်..။
ကိုယ့်မာန နဲ့ကိုယ် ပြန်မာပြီး
ကဗျာတွေနဲ့ ဘ၀ကိုထုဆစ်နေမိ
အခုထိ ရုပ်လုံးကြွမလာသေး..
ခပ်ရေးရေး..မှုန်ဝါးဝါး..ပါပဲ အမေရယ်...။
* လမင်း မရှိ..ကြယ်စင် မရှိ..
အလင်းရဲ့ တမန်တော်တွေ..မေ့ဆေးမိနေတဲ့..ညတွေ..
လေညင်း မရှိ..ရနံ့သင်း မရှိ..
ညရဲ့ အလှကို ထိန်းနေတဲ့ ကိုယ်ရံတော်တွေ..ရီဝေနေတဲ့..ညတွေကြောင့်
မိုင်တိုင်ရှည်လာတဲ့ သက်ပြင်းမောတွေနဲ့
လေထဲက အိမ်လေးလည်း တစ်စစီပြိုလဲ..
ထုဆစ်ဆဲ ရုပ်လုံးတွေလည်း
အရည်ပျော်လုနီး ဆဲဆဲပါပဲ..အမေ...။
* ဖြစ်ချင်တာထက်..ဖြစ်သင့်တာကိုတည်ဆောက်ကြည့်နေဆဲ
ဖြစ်နေတာတွေက ကာရန်မညီဘူး..
အရူးတစ်ယောက်ဆိုတဲ့သီချင်းလို..
ဟို..တစ်စ...ဒီ..တစ်စ ပြန့်ကျဲရှုပ်ပွနေလေရဲ့..။
* အောင်မြင်မှုတွေလိုက်ရှာရင်း
လူပါလွင့်လွင့်သွားတတ်တဲ့
စိမ်းဆတ်ဆတ် သားဆိုးလေးကို
နွေးထွေးနေဆဲ..ဆိုတာသိလေ..
အမေ့ ကို ပို ပိုချစ်လေပဲပေါ့...။
* ဒုက္ခကို ဒုက္ခလို့ သိဖို့မကြိုးစားပဲ
ပျားသကာလို ချိုမြိန်ရင်း
မျက်ကွင်းတွေပဲ ညိုလာတယ်..
ရေတွင်းထဲကလမင်းကိုဆယ်ယူကြည့်တဲ့
ငတိလူမိုက်တစ်ယောက်လိုဖြစ်နေပြီလား..
မစဉ်းစားတတ်တော့ဘူး..အမေ..။
* နေ့လည်းလွမ်း..ညလည်း လွမ်းနဲ့
ယော်ရမ်း ..တမ်းတ မိ
အငမ်းမရအိမ် ပြန်ချင်နေတဲ့စိတ်ကို
ဖြေသိမ့်စရာလိုက်ရှာရင်း
ကဗျာတွေနဲ့..အိပ်..
ကဗျာတွေနဲ့..စား..
ကဗျာတွေနဲ့.. နှစ်ပါးသွားရင်း
ကဗျာသမားတစ်ယောက်အဖြစ်..ရှင်သန်ဖို့
ကျွန်တော်ရုန်းကန်နေဆဲပါပဲ..အမေရယ်..။
+++++++++++++++++++++++++++
( P.S ) အမေ့အတွက်အောင်မြင်မှုတစ်ခုလောက်တော့ သား လွှင့်ထူချင်သေးတယ် အမေ ။
သားရဲ့ အောင်မြင်မှုဟာ အမေ့ရဲ့ ဆံချည်မျှင်ဖြူဖြူလေးတစ်ပင်လောက်တောင်
အဖိုးမတန်နိုင်ဘူး ဆိုတာ..သိနေပေမယ့်..အမေရယ်...သား.......................။
*** YATU THIT *** (26/8/2012...9:20.pm)
Friday, August 24, 2012
လွမ်းတတ်လာတဲ့..တစ်နေ့
* မိုးတစ်စက်ဖြစ်ဖို့..မိုးတိမ်ဘယ်နှအုပ်စတေးခဲ့ရသလဲ ?
ဝေခွဲမရဖြစ်မှုများနဲ့ ခေါင်းစားတယ်...
ဟောင်းမသွားတာဆိုလို့..အလွမ်းများသာ...
ဒိုင်ယာရီစာအုပ်လေးကတော့ဝါကျင့်ကျင့်ဆိတ်ငြိမ်ဆဲ..။
* အချစ်တစ်ခုတည်းနဲ့ အသက်ရှင်ချင်တဲ့သူတွေထဲ
ငါ့ကိုဆွဲဆွဲ မထည့်ပါနဲ့...
ငါ့ အလွမ်းနဲ့ ငါ လိပ်ပြာလုံချင်လို့ပါ...။
* ရင်တွင်းမှာ ဗလာခံစားချက်နဲ့
အေးစက်နေသူတွေ ဘယ်လောက်ရှိမှန်း..ငါ..မသိ
ပြန်ကြည့်မိတိုင်း ငါ့ရင်မှာအလွမ်းတွေဖျတ်ဖျတ်လူးဆဲ
* " မလွမ်းဘူးသူ..မလာရ"
ငါ့ဧည့်ခန်းက သူစိမ်းဆန်ကောင်းဆန်လိမ့်မယ်..
ခေါင်းငြိမ့်/ ခေါင်းခါခြင်းနှစ်ခုကြားမှာ
ေ၀၀ါးလာတဲ့စိတ်နဲ့ ငါ..ခေါင်းမာတတ်ခဲ့ပြီ...။
* မာယာတွေကစက်ဆုတ်စရာကောင်းသလောက်
ပြောင်မြောက်တဲ့ပရိယာယ်ဖြူဖြူတွေက
ချစ်သူကိုဘယ်လောက်အေးမြစေမလဲ ?
ငါ..ခွဲခြမ်းစိတ်ဖြာကြည့်တတ်ခဲ့
လွမ်းတတ်တဲ့ ရင်ခွင်ဟာနူးညံ့မှန်း သူမသိမှာစိုးမိပေါ့..။
* အနီရောင်ဖျော့နေတဲ့အရုဏ်ဦးသစ်များတိုင်း
နားကြားမလွဲတတ်ဘူး..ဆိုရင်..
ငါ့ အလွမ်းကို နားဆင်လှည့်ပါ...။
* တကယ့် အလွမ်းမှာ အဆိပ်မရှိမှန်း
လွမ်းတတ်လာတဲ့ တစ်နေ့
လက်တွေ့သိရပါလိမ့်မယ်...။
* တကယ့် အလွမ်းဟာ သိမ်မွေ့တတ်မှန်း
လွမ်းတတ်လာတဲ့ တစ်နေ့
ကိုယ်တွေ့ကြုံရပါလိမ့်မယ်...။
*****YATU THIT*****
(24/ 8 / 2012/ 9:53 PM )
Thursday, August 23, 2012
တိမ်တွေ..ငိုနေပြန်ပြီကွယ်...
* ဖလှယ်ပေါင်းစပ်မရတဲ့ မျဉ်းပြိုင်နှစ်ခုအဖြစ်
ထုဆစ်ခံထားရတဲ့..ဘ၀က..ခါးသီးစရာ..
မာယာမပါတဲ့ အလွမ်းတွေထိုးသိပ်လို့
ခပ်တိတ်တိတ်ကြေကွဲရင်း..
ငို ပွဲနွှဲနေတဲ့ ငိုချင်းသည် တစ်ယောက်အတွက်
ရက်စက်ခြင်းတွေပဲပေးလာခဲ့
အမှတ်တမဲ့ တိုင်းကိုတောင်အမှတ်တရဖြစ်လွန်းသူက
ရင်ပူနေရတာ မဆန်းတော့ပါဘူးကွယ်...။
* နှလုံးသားဗလာနဲ့..ရင်ခွင်
အမုန်းတရားပါတဲ့..ရင်ခွင်
မတွေ့မြင်ရပါလို..တောင်းဆုဆိုခဲ့မိ..
အဆိပ်မရှိတဲ့..နှလုံးသွေးနဲ့..တိုင်တည်ကြည့်ခဲ့တယ်...။
* ဆုတောင်းတိုင်းမပြည့်တတ်တဲ့ လောကသဘောက
တို့တွေရဲ့နောက်ကျောမှာ..လွယ်ပိုးပြီးသား
တရားမမြင်တတ်သေးတဲ့ အသိစိတ်ကိုပဲ အားမလိုအားမရဖြစ်မိပါရဲ့..။
* ပြိုလဲချင်တဲ့..အလွမ်း
ငိုပွဲဝင်တဲ့..အလွမ်းနဲ့
စမ်းတ၀ါးဝါးလောကအလယ်မှာ..လည်ပတ်ရင်း
အတိတ်တွေကို..အသက်ပြန်သွင်းနေတတ်သူ...
* ပြုစားထားသမျှ..အတိတ်
ကုစားမရတဲ့..စိတ်ကို
ကြိတ်မှိတ်ဖြေသိမ့်ဆဲ
အသဲပိုလေးတစ်ခုလောက် လိုချင်နေမိသူ...
* လွမ်းစိတ်ဖြေတဲ့..နှလုံး
နွမ်းရိပ်ဝေတဲ့..အပြုံး အတွက်
အိပ်မက်ကဗျာ တစ်ပိုဒ် ရွတ်မိသွား
ခံစားချက်တူသူတစ်ယောက်ကိုရှာနေမိခဲ့သူ...
* ဒီလူ..ဒီအလွမ်း နဲ့
ဒီအပန်းတွေ မပြေသေးသရွေ့..
တငွေ့ငွေ့ ..တလိပ်လိပ် တက်
ဟိုး.......မိုးထက်ဝဠာ ဆီကနေ
တိမ်တွေ ငိုနေကြပြန်ပြီကွယ်...။
*****YATU THIT *****
(23 /8 /2012 ) 8:50 pm ..thursday
ထုဆစ်ခံထားရတဲ့..ဘ၀က..ခါးသီးစရာ..
မာယာမပါတဲ့ အလွမ်းတွေထိုးသိပ်လို့
ခပ်တိတ်တိတ်ကြေကွဲရင်း..
ငို ပွဲနွှဲနေတဲ့ ငိုချင်းသည် တစ်ယောက်အတွက်
ရက်စက်ခြင်းတွေပဲပေးလာခဲ့
အမှတ်တမဲ့ တိုင်းကိုတောင်အမှတ်တရဖြစ်လွန်းသူက
ရင်ပူနေရတာ မဆန်းတော့ပါဘူးကွယ်...။
* နှလုံးသားဗလာနဲ့..ရင်ခွင်
အမုန်းတရားပါတဲ့..ရင်ခွင်
မတွေ့မြင်ရပါလို..တောင်းဆုဆိုခဲ့မိ..
အဆိပ်မရှိတဲ့..နှလုံးသွေးနဲ့..တိုင်တည်ကြည့်ခဲ့တယ်...။
* ဆုတောင်းတိုင်းမပြည့်တတ်တဲ့ လောကသဘောက
တို့တွေရဲ့နောက်ကျောမှာ..လွယ်ပိုးပြီးသား
တရားမမြင်တတ်သေးတဲ့ အသိစိတ်ကိုပဲ အားမလိုအားမရဖြစ်မိပါရဲ့..။
* ပြိုလဲချင်တဲ့..အလွမ်း
ငိုပွဲဝင်တဲ့..အလွမ်းနဲ့
စမ်းတ၀ါးဝါးလောကအလယ်မှာ..လည်ပတ်ရင်း
အတိတ်တွေကို..အသက်ပြန်သွင်းနေတတ်သူ...
* ပြုစားထားသမျှ..အတိတ်
ကုစားမရတဲ့..စိတ်ကို
ကြိတ်မှိတ်ဖြေသိမ့်ဆဲ
အသဲပိုလေးတစ်ခုလောက် လိုချင်နေမိသူ...
* လွမ်းစိတ်ဖြေတဲ့..နှလုံး
နွမ်းရိပ်ဝေတဲ့..အပြုံး အတွက်
အိပ်မက်ကဗျာ တစ်ပိုဒ် ရွတ်မိသွား
ခံစားချက်တူသူတစ်ယောက်ကိုရှာနေမိခဲ့သူ...
* ဒီလူ..ဒီအလွမ်း နဲ့
ဒီအပန်းတွေ မပြေသေးသရွေ့..
တငွေ့ငွေ့ ..တလိပ်လိပ် တက်
ဟိုး.......မိုးထက်ဝဠာ ဆီကနေ
တိမ်တွေ ငိုနေကြပြန်ပြီကွယ်...။
*****YATU THIT *****
(23 /8 /2012 ) 8:50 pm ..thursday
Tuesday, August 21, 2012
Subscribe to:
Posts (Atom)