Wednesday, December 13, 2017

ငါ့ အရာရာ

ငါ့ အရာရာ
_____________


ငါ့စိတ်ကူးမိသမျှ ပျံသန်းရာ
ကဗျာတွေကိုတောင်
ပိုင်စိုးပိုင်နင်းလုပ်နိုင်သူလေးငဲ့

ငါ့ရဲ့ ဥတုသုံးပါးလုံးကို ယူပါ
ငါ့ရဲ့ လက်ကို လာဆုပ်ကိုင်ပါ
ငါ့ အရှိတရားတွေကို အုပ်ချုပ်ပါ

တစ်လောကလုံး အကျွတ်တရားရသွားလည်း
မင်းနဲ့ အတူတူရှိနေရမယ်ဆို
အဲဒီ နိဗ္ဗာန်ကို ငါ ငြင်းဆန်ရဲပါတယ်

ငါ့အရိုင်းစိတ်အားလုံး
ဖြည်းဖြည်းချင်း နူးညံ့ပါစေတော့
မင်းချော့မှ ငါအငိုတိတ်ပါရစေ ။

ရတုသစ်
13122014
3:27AM

Sunday, November 19, 2017

သမားရိုးကျအချစ်

သမားရိုးကျအချစ်
_____________

ရှုံးမယ်မှန်း သိသိနဲ့
အရူးအမူးတိုက်ခဲ့မိတဲ့ စစ်ပွဲတစ်ပွဲပါပဲ။

အသည်းကို အလျော်အစားလုပ်ထားရတော့
ဘဝနဲ့ချီပြီး ပြန်ပြောပြရတဲ့အခါ
ဟာသတစ်ပုဒ်လို ဖြစ်သွားတတ်ပြန်ရော။

ဒီ ဇာတ်လမ်းကျောရိုးက
သံသရာရှည်ချင်သလောက် ရှည်တယ် ။


ရတုသစ်
19112014
10:15PM

အချစ်

အချစ်
_________

ရင်မှာလွန့်တက်
ပွင့်ငုံဆက်၍
တစ်သက်တစ်ခါ
မွှေးဖူးတာမို့
မာယာပါရင် မနမ်းရ ။ ။

                 ရတုသစ်
               04082014
               00:11 AM.   

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks